မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ကလပ် နဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ပြောခဲ့တဲ့ ကဗျာဆန်ဆန် စကားလုံးတွေ အပေါ် ယုံကြည်မိပြီလို့ ထုတ်ဖော် ပြောပြ သွားခဲ့လိုက် ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒို ဆိုတာ အသက် 36 နှစ် ရောက်ရှိနေပြီ ဖြစ်ပေမဲ့ ခြေစွမ်း နဲ့ ဂိုးသွင်း စွမ်းရည်တွေကတော့ သိသိသာသာ ကျဆင်းသွားမှု မရှိသေးပဲ ဂိုးတွေ ဆက်လက်် သွင်းယူနေဆဲ ၊ စံချိန်သစ်တွေ ရေးထိုးနေဆဲပဲ ဖြစ်နေခဲ့တာ အားလုံး မျက်မြင်ပါပဲ ။

သူဟာ မနေ့ နံနက်ကပဲ လူဇင်ဘတ် အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ ပေါ်တူဂီ လက်ရွေးစင် အသင််း အတွက် 3 ဂိုးအထိ သွင်းယူခဲ့ပါသေးတယ် ။ ဒါက သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ 10 ကြိမ်မြောက် ဟတ်ထရစ် သွင်းယူခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒါ့အပြင် အခုတော့ သူဟာ ပေါ်တူဂီ လက်ရွေးစင် အသင််းအတွက် စုစုပေါင်း 115 ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ပြီး နိုင်ငံ့အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမား စံချိန်ကိုလည်း ဆက်လက် တိုးများစေနိုင်ခဲ့ ပါတယ် ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့ နွေတုန်းက ဂျူဗင်တပ် အသင်းမှ အံ့ဖွယ် ထွက်ခွာသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ ပေါ်တူဂီ လက််ရွေးစင်ဟာ ဒီအသင်းအတွက်လည်း 6 ပွဲ ပွဲထွက် ကစားပြီးချိန် 5 ဂိုး သွင်းယူပေးထားခဲ့ပါသေးတယ် ။

အခုတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် 3 ဂိုး သွင်းယူခဲ့တာကို တွေ့မြင်ခဲ့တဲ့နောက် အသင်းဖော်ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က ရော်နယ်ဒို သူ့ကိုပြောခဲ့ဖူးတဲ့ ကဗျာဆန်ဆန် စကားလုံးတွေကို ယုံကြည်မိပြီ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

” ရော်နယ်ဒိုဟာ အမြဲတမ်း တူညီတဲ့ကစားသမား တစ်ဦးပါပဲ ။ စံချိန် ချိုးဖျက်မှုတွေ ပြုလုပ်ဖို့ အတွက် အမြဲတမ်း ဆာလောင်နေတတ်တဲ့ ကစားသမားမျိုးပေါ့ဗျာ ။ တခါတုန််းကတော့ သူက အရမ်းကို စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ စကား တစ်ခွန်း ပြောခဲ့ဖူးပါသေးတယ် ”

” သူက ‘ စံချိန် မှတ်တမ်းတွေကို လိုက်နေတာ သူမဟုတ်ဘူး ၊ စံချိန် မှတ်တမ်းတွေကို သူ့ကို ပြန်လိုက်နေကြတာ ‘ လို့ ပြောခဲ့ဖူးပါတယ် ။ အခုတော့ အဲ့တာက မှန်ကန်နေပြီလို့တောင် ကျွန်တော် စတင် တွေးတောနေမိ ပါပြီ ”

” ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဂိုးသွင်းတဲ့ စွမ်းရည်တွေက တကယ့်ကို အထင်ကြီးဖွယ် ဖြစ်နေခဲ့သလို မှန်ကန်တဲ့ နေရာတစ်ခုမှာ ရှိနေတတ်တဲ့ သူ့ရဲ့ လှုပ်ရှားမှု ၊ နေရာယူမှုတွေကလည်း တကယ့်ကို ကောင်းမွန်လွန်းနေလို့ ပါပဲ ”

” ခင်ဗျာ ဘာလိုချင်လဲ ပြောလိုက် ၊ အလွယ် သွင်းတဲ့ ဂိုးတွေလား ၊ ခက်ခက်ခဲခဲ သွင်းတဲ့ ဂိုးတွေလား ။ တကယ််တမ်းမှာတော့ လွယ်ကူတဲ့ သွင်းဂိုးမျိုးဆိုတာ မရှိပါဘူး ။ အနည်းဆုံး ခင်ဗျား နေရာယူမှန်ကန်ဖို့ ၊ ဂိုးသွင်းယူနိုင်တဲ့ခံစားချက် ရှိနေဖို့ လိုအပ်လှပါတယ် ”

” သူက အမြဲလို နေရာယူမှန်လေ့ရှိပြီး ဂိုးသွင်းနိုင်ခဲ့တာချည်းပါပဲ ။ တကယ်က နေရာယူ မှန်နေရင်တောင် ဂိုးသွင််းနိုင်ဖို့ ခက်ခဲပါသေးတယ် ။ လွဲသွားတဲ့ သူတွေမှ အများကြီး ပါပဲ ။ ဒါပေမဲ့ သူကတော့ လွဲခဲပါတယ် ” လို့ ဘရူနို က ချီးကျူး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar

Leave a Comment

Your email address will not be published. Required fields are marked *