ယောကျာ်းတွေကိုဝေးဝေးရှောင်ခြင်းက အသက်ရှည်ဖို့လျှို့ဝှက်ချက်ဖြစ်တယ်လို့ဆိုတဲ့ အသက် ( ၁၀၉ ) နှစ်အရွယ် အဖွား

သူတို့ကဖြစ်သင့်တာထက်ပိုပြီးအန္တရာယ်ဖြစ်ရှိပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊သင့်တော်တဲ့အစားအသောက်စားတာနဲ့သန့်ရှင်းစွာနေထိုင်ခြင်းတွေကအသက်ရှည်မယ့်ဘဝကိုရစေတယ်လို့ပြောကြပါတယ်။ဒါပေမယ့်အသက်၁၀၉နှစ်အရွယ်ရှိပြီဖြစ်တဲ့အမျိုးသမီးကတော့အသက်ရှည်ဖို့ကအဲဒီထက်ရိုးရှင်းပါတယ်လို့ပြောပါတယ်။သင်လုပ်ရမှာကယောကျာ်းတွေကိုရှောင်ဖို့တခုတည်းပါပဲ။

ဂျက်စီဂါလန်ကိုတော့၁၉၀၆ခုနှစ်စကော့တလန်နိုင်ငံကင်တို့မြို့ရဲ့လယ်ကွင်းလေးထဲမှာမွေးခဲ့ပါတယ်။သူမအသက်၁၃နှစ်အရွယ်မှာနို့ထုတ်သူအဖြစ်လုပ်ခဲ့ပြီးဘုရင်မအဲလီဇဘက်နဲ့အဲဒီမှာတခေါက်တွေ့ဖူးခဲ့ပါတယ်။စိတ်ဝင်စားစရာကတော့စကော့တလန်နိုင်ငံရဲ့အသက်အကြီးဆုံးဖြစ်တဲ့သူမကသူမဘဝတလျှောက်လုံးတကိုယ်တည်းသမားအနေနဲ့နေခဲ့ပြီးအသက်ရှည်တဲ့ဘဝရဲ့လျှို့ဝှက်ချက်ကယောကျာ်းတွေကိုရှောင်တာလို့ပြောခဲ့တာပါပဲ။

ဒီအံ့ဖွယ်အမျိုးသမီးကတော့ယောကျာ်းတွေကသင့်ကိုစောစောသေအောင်ပဲလုပ်တတ်ကြတယ်လို့အခိုင်အမာပြောပါတယ်။ ဂါလန်ကတော့အလွန်ပျော်တတ်တဲ့အမျိုးသမီးပါ။ကရိုဘီဟောက်စ်လို့ခေါ်တဲ့လူအိုရုံကိုသူမရောက်ခဲ့တဲ့အချိန်မှာလဲအလုပ်သမားတွေကချီးကျူးကြပါတယ်။ဂျက်စီကအရမ်းချစ်စရာကောင်းတဲ့အမျိုးသမီးပါပဲ။သူမကအဲဒီမှာသူငယ်ချင်းကောင်းတွေလဲရပါတယ်။ဆာရက်ဂျိန်းနဲ့ကတော့အမြဲတစ်တွဲတွဲပါပဲ။သူမကဂီတနဲ့လေ့ကျင့်ခန်းအတန်းတွေကိုကြိုက်ပြီးအမြဲလမ်းလျှောက်နေတတ်ပါတယ်။

ဂါလန်မှာဟာသဉာဏ်ရှိမယ်ဆိုတာတော့ပြောစရာမလိုပါဘူး။သူမဘာကြောင့်ဒီလောက်အသက်ရှညဲဆိုပြီးမေးတဲ့အခါမှာတော့အံ့သြစရာအဖြေကိုပေးခဲ့ပါတယ်။ ကျွန်မရဲ့အသက်ရှည်တဲ့လျို့ဝှက်ချက်ကတော့ယောကျာ်းတွေနဲ့ဝေးဝေးနေတာပါပဲ။သူတို့ကဖြစ်သင့်တာထက်ပိုပြီးအန္တရာယ်များပါတယ်လို့ပြန်ဖြေပါတယ်။ဂါလနိရဲ့ဟာသဉာဏ်ကသူမကိုတကယ့်အသက်ထက်ပိုငယ်တယ်လို့ထင်ရစေပါတယ်။

ဂါလန်ကယောကျာ်းတွေကသင့်ကျန်းမာရေးအတွက်ဆိုးတယ်လို့ပြောဖို့မလိုပါဘူး။သင့်အတွက်စိတ်ဖိစီးမှုဖြစ်မယ့်အရာတွေဝေးအောင်နေဖို့ပြောတာပါ။သူမပြောခဲ့တဲ့အသက်ရှည်တဲ့လှိိျု့ဝှက်ချက်ကယောကျာ်းတွေကိုရှောင်တာတခုတည်းတော့မဟုတ်ပါဘူး။သင့်တော်တဲ့အစားအသောက်နဲ့ပုံမှန်လေ့ကျင့်ခန်းတွေလဲလိုပါတယ်။
ဂျက်စီဂါလန်ရဲ့ဘဝနဲ့ဟာသဉာဏ်ကိုအားလုံးလွမ်းနေကြမှာပါ။သူမကအသက်၁၀၉နှစ်၂၀၁၅ခုနှစ်မှာဆုံးပါးခဲ့ပါတယ်။

Writer -Min Thu ( XYZ NEWS )

Popular Post