သွားကြွေလွှာတွေပျက်စီးပြီး အခေါင်းပေါက်ဖြစ်နေတာကို သက်သာစေဖို့ အကောင်းဆုံး နည်းလမ်း ( ၈ ) ခု

ရလဒ်တွေကတော့အချိန်တိုအတွင်း​ေ​အာင်မြင်တယ်လို့ပြနေပါတယ်။သွားတွေကခန္ဓာကိုယ်ထဲကအရေးကြီးတဲ့အစိတ်အပိုင်းတခုဆိုတာတော့ဘယ်သူမှငြင်းလို့မရပါဘူး။ကံမကောင်းတာကသွားတွေကိုဂရုစိုက်ဖို့မေ့နေတတ်ခြင်းပါပဲ။အဲဒါကြောင့်လဲအခေါင်းပေါက်ကဲ့သို့သွားပြသနာ​တွေကြုံကြရပါတယ်။အခုတော့သွားမှာအခေါင်းပေါက်ဖြစ်ခြင်းနဲ့ပျက်စီးတာတွေကာကွယ်ဖို့နည်းလမ်းကောင်းတွေရှိနေပါတယ်။
သွားကျန်းမာရေးပြန်ရဖို့အတွက်ရိုးရှင်းပြီးအကျိုးရှိတဲ့နည်းလမ်းတွေကိုစာရင်းလုပ်ထားပါတယ်။ဖတ်ပြီးသေချာမှတ်သွားပါဦး။

၁။သင့်ရဲ့စားသောက်တဲ့ပုံစံကိုပြောင်းပါ

ပန်းတိုင်သက်သက်သတ်မှတ်စရာမလိုဘဲသင့်ရဲ့နေ့စဉ်စားသောက်မှုပုံစံကိုပြောင်းလိုက်ရုံနဲ့သွားတွေပျက်စီးမှုှုကိုကာကွယ်နိုင်မှာအမှန်ပါပဲ။ဥပမာအားဖြင့် သင့်သွားပျက်စီးမှုကိုအဓိကဖြစ်စေတဲ့သကြားကိုဝေးဝေးရှောင်ပါ။ကယ်လ်ဆီယမ်ပါတာတွေပိုစားပါ။ပြီးတော့နို့ထွက်ပစ္စည်းတွေဖြစ်တဲ့နို့၊ဒိန်ချဉ်နဲ့ဒိန်ခဲတွေစားပါ။

၂။သကြားမပါတဲ့ပီကေကိုစားပါ

တခါတလေမှာပီကေစားချင်တဲ့အချိန်ရှိတတ်ပါတယ်။ကံမကောင်းစွာနဲ့ပီကေစားတာကသွားအတွက်ဘာမှမကောင်းပါဘူး။ဒါကြောင့်မဖြစ်မနေစားမယ်ဆိုရင်သကြားမပါတာစားပါ။သကြားမပါဘဲဇိုင်လစ်တောလို့ခေါ်တဲ့ပစ္စည်းပါတာကိုစားပါ။ဇိုင်လစ်တောကသဘာဝအတိုင်းချိုစေတဲ့အရာပါ။

၃။သွားတိုက်တံကိုပုံမှန်လဲပါ

သွားတိုက်တံဆိုတာကသင်သွားတွေနဲ့ထိတွေ့ရတဲ့အရေးပါတဲ့အရာတခုပါ။အဲဒါကြောင့်အချိန်နဲ့လိုက်ပြီးလဲပေးဖို့လိုပါတယ်။၂လသို့မဟုတ်၃လကြာတိုင်းတခါလဲပေးပါ။သုံးပြီးတိုင်းလဲသေသေချာချာဆေးပါ။

၄။အခြေခံသွားတိုက်ပုံကိုသုံးပါ

အခုလုပ်ရမှာကတော့အချိန်နည်းနည်းပေးရပါမယ်။နေ့စဉ်လုပ်တဲ့အရာထဲမှာသွားတိုက်နည်းနောက်တခုထည့်ရမှာပါ။သွားတိုက်တံကိုသုံးတဲ့အပြင်ပါးစပ်ဆေးတဲ့အချိန်မှာကြိုးနဲ့သွားကိုရှင်းပေးရမှာပါ။

၅။သွားဆရာဝန်ဆီပုံမှန်သွားပါ

သင့်သွားတွေပျက်စီးသွားမှသွားဆရာဝန်ဆီမသွားပါနဲ့။အဲလိုမဖြစ်ခင်သွားပါ။သွားရတဲ့အကြောင်းရင်းကသွားပျက်စီးလို့မဟုတ်ဘဲသွားတွေကိုသန့်ရှင်းဖို့ပါ။သင်ကြိုးစားပေမယ့်ရောက်အောင်မသန့်ရှင်းနိုင်တဲ့နေရာတွေသွားမှာရှိပါတယ်။သွားဆရာဝန်မှာကပစ္စည်းစုံလင်ပြီးပိုသန့်ရှင်းပေးနိုင်ပါတယ်။

၆။ဗီတာမင်နဲ့ဖြည့်စွက်စာကိုအစားထဲထည့်စားပါ

သင့်တံတွေးကသွားပျက်စီးခြင်းတွေကာကွယ်ဖို့ဖြစ်စေချင်ရင်ဗီတာမင်နဲ့ဖြည့်စွက်စာတွေစားပါ။အဲဒါတွေကကျန်းမာတဲ့သွားဖြစ်ဖို့အဓိကကျပါတယ်။
အသီးနဲ့ဟင်းရွက်တွေစားခြင်းဖြင့်အမျှင်ဓာတ်တွေပိုရပါတယ်။ပင်လယ်စာနဲ့အစေ့အဆံတွေလဲများများစားပါ။အဲလိုလုပ်တာကသွားကျန်းမာရေးအတွက်အဓိကကျပါတယ်။

၇။အုန်းဆီနဲ့ဆွဲခြင်းကိုလုပ်ပါ

အဆီကသွားနဲ့ပါးစပ်ထဲကဘက်တီးရီးယားတွေကိုရိုးရှင်းစွာထွက်လာနိုင်လို့သဘာဝနည်းလို့ပြောလို့ရပါတယ်။အဓိကအားဖြင့်တော့အခေါင်းပေါက်ဖြစ်တာအတွက်ပိုကောင်းပါတယ်။ဒါကြောင့်အုန်းဆီနဲ့ဆွဲခြင်​းကိိုုလုပ်ကြည့်ပါ။

၈။ကိုယ်တိုင်လုပ်သွားတိုက်ဆေးသုံးပါ

ကိုယ်တိုင်လုပ်တဲ့သွားတိုက်ဆေးကအရမ်းကောင်းကျိုးများပြီးလိုတဲ့ပစ္စည်းလဲနည်းပါတယ်။မုန့်ဖုတ်ဆိုဒါ၊အုန်းဆီ၊ကယ်လ်ဆီယမ်အမှုန့်၊ဆားတွေပဲလိုတာပါ။လိုချင်တဲ့ပမာဏလောက်ရအောင်အားလုံးကိုရောပြီးအနှစ်ဖြစ်တဲ့အထိသေချာမွှေပါ။ပြီးရင်တော့ကိုယ်တိုင်လုပ်ထားတဲ့သတ္တုဓာတ်ပြည့်နေတဲ့သွားတိုက်ဆေးရပါပြီ။

Writer -Min Thu ( XYZ NEWS )

Popular Post