ကမ္ဘာ့အခြားတစ်ဖက်ကို ရောက်အောင် ကမ္ဘာကိုဖောက်ပြီးခုန်ချမယ်ဆိုရင် အချိန် ဘယ်လောက်ကြာမလဲ..

ကမ္ဘာ့တစ်ခြားတစ်ဖက်ကို ဖောက်ထွက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ကို သင်တွေးဖူးလား ။ The Core ဇာတ်ကားထဲကလို မြေတူးကားတွေနဲ့ဝင်သွားတာမျိုးမဟုတ်ပဲ ကမ္ဘာတစ်ဖက်တစ်ချက်ကို ဖြတ်ဖောက်ထားတဲ့ တွင်းကြီးထဲကို ခုန်ချသွားသလိုမျိုး စဉ်းစားမှာဖြစ်ပါတယ် ။

ဒီစမ်းသပ်ချက်ဟာအချိန်ဖြုန်းနေတာပဲလို့ယူဆလို့ရပေမယ့် လုပ်ငန်းခွင်ရူပဗေဒအပိုင်းရဲ့ ကမ္ဘာရဲ့အလယ်ဗဟိုကိုဖြတ်ပြီး ပြွန်ဖောက်မယ့်စမ်းသပ်ချက်အတွက်တော့ ဒါဟာ သင့်တင့်တဲ့ စမ်းသပ်ချက်တစ်ခုပါပဲ ။ ရာစုနှစ်တစ်ဝက်လောက် တွေးတောနေကြတဲ့ ကမ္ဘာ့တစ်ဖက်ကနေတစ်ဖက်ကို ပြုတ်ကျသွားမယ့်ကြာချိန်ကတော့ ၄၂ မိနစ် နဲ့ ၁၂ စက္ကန့်ပဲဖြစ်ပါတယ် ။

ဒါပေမယ့် ဒါဟာ ကမ္ဘာကြီးရဲ့ပုံသဏ္ဍာန်ဟာ ညီညာမှုရှိတယ်လို့တွက်ယူပြီး အဖြေထုတ်ထားတဲ့အတွက် မှားယွင်းနေပါသေးတယ် ။ Alexander Klotz ဆိုတဲ့ ကနေဒါမှာရှိတဲ့ McGill တက္ကသိုလ်မှ ရူပဒေကျောင်းသားတစ်ယောက်ဟာ ဒီဖြစ်စဉ်ဟာ ၃၈ မိနစ်နဲ့ ၁၁ စက္ကန့်ကြာမြင့်မှာဖြစ်ပြီး ။ ၄၁ မိနစ် ၁၂ စက္ကန့်ကြာမှာမဟုတ်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပါတယ်

သူဟာ Seismic အချက်အလက်တွေပေါ်မှာ အခြေခံပြီးတွက်ချက်ခဲ့တဲ့အတွက် အခုလို အဖြေကွာခြားသွားတာဖြစ်ပါတယ် ။

Seismic အချက်အလက် ဆိုတာကတော့ ကမ္ဘာ့အတွင်းပိုင်းက ထွက်လာတဲ့လှိုင်းတွေ (ဥပမာ ငလျင်လှိုင်းကမ္ဘာပေါ်သွားတဲ့ အတိုင်းအတာမျိုး ) ကအချက်အလက်မျိုးတွေကို ကောက်ယူထားတာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကမ္ဘာ့အလယ်ကိုဖြတ်ဖောက်ထားတဲ့တွင်းကြီးရှိနေရင်တောင်မှ တွင်းထဲ သင်ခုန်ချလိုက်ရင်ကမ္ဘာတစ်ဖက်ကိုရောက်မှာမဟုတ်ပဲ တွင်းထဲမှာ ပိတ်မိသွားပါလိမ့်မယ် ။

ဘာကြောင့်လဲဆိုတာကိုတော့ နောက်ထပ် ဆောင်းပါးတစ်ခုမှာ ကျွန်တော်တို့ရှင်းပြသွားမှာပါ

Writer – Min Thu [ XYZ NEWS ]

Popular Post