ကိုယ်ဝန်ကိုဓာတ်မှန်ရိုက်နေတုန်း ဗိုက်ထဲကလေးက ကျောချမ်းဖွယ်ပြုံးပြခဲ့တဲ့ အဖြစ်အပျက်

ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကိုယ်ဝန်ကိုစကန်လုပ်ရာမှမမွေးသေးတဲ့ဗိုက်ထဲကကလေးကမျက်လုံးကိုဖွင့်ပြီးကင်မရာကိုပြံြုးပခဲ့လို့အကြီးအကျယ်အံ့သြနေပါတယ်။

ငယ်သေးတဲ့အဲဒီကိုယ်ဝန်ဆောင်က ကိုယ်ဝန်ကိုဓာတ်မှန်ရိုက်နေတုန်းဗိုက်ထဲကသမီးကမကောင်းဆိုးဝါးဖြစ်မယ်လို့ထင်ရလို့ကြောက်နေပါတယ်။အဲဒီကလေးကကင်မရာကိုကြည့်ပြီးပြုံးဖြဲဖြဲလုပ်ပြလိုက်လို့ပါ။

ဗာဂျီနီးယားနိုင်ငံရစ်ချ်မြို့မှအသက်​၁၇နှစ်အရွယ်ရှိပြီဖြစ်တဲ့အီယန်နာကယ်ရင်တန်ကသူမရဲ့၂၄ပတ်​အရွယ်ရှိပြီဖြစ်တဲ့ကလေးရဲ့မျက်နှာလှလှလေးကိုကြည့်ဖို့ဓာတ်မှန်ရိုက်တဲ့အချိန်မှာမိန်းကလေးဖြစ်ကြောင်းသိရပါတယ်။

ဒါပေမယ့်နောက်တခါထပ်ကြည့်ဖို့ထပ်ရိုက်တဲ့အခါသူမကလေးကမျက်လုံးပွင့်လာပြီးကြောက်စရာအပြံုးတခုကိုပေးခဲ့တာကြောင့်မိခင်ငယ်ငယ်လေးကအလွန်ကြောက်နေပါတယ်။

ဒါပေမယ့်လဲအဲဒီမျက်နှာကပုံမှန်ဖြစ်ပြီးစိုးရိမ်စရာမရှိတာကြောင့်သူမရဲ့ခင်ပွန်းဖြစ်သူရာလိခ်နဲ့အတူပျော်ရွှင်နေပါတယ်။

မိခင်လောင်းလေးကသူမရဲ့၂၄ပတ်ရှိပြီဖြစ်တဲ့ကလေးရဲ့မျက်လုံးတွေပွင့်လာတဲ့အခါမှာတနည်းပြောရရင်မကောင်းဆိုးဝါးကလေးကသူမကိုကြည့်လိုက်တဲ့အခါမှာသိသွားခဲ့ပါတယ်။

ဗာဂျီနီးယားနိုင်ငံရစ်ချ်ရဲ့အသက်၁၇နှစ်ရှိပြီဖြစ်တဲ့အီယန်နာကဓာတ်မှန်ရိုက်ကြညွတဲ့အခါမှာထူးဆန်းနေတာကိုသတိပြုမိခဲ့ပါတယ်။
အရင်ဆုံးကလေးကိုမွေးရမယ့်မိခင်လောင်းကအဲဒီပုံကိုလူမှုကွန်ယက်တွေပေါ်မှာမျှဝေခဲ့ပြီးသူမရဲံ့မကောင်းဆိုးဝါးကလေးကိုအရမ်းချစ်တယ်လို့ပြောခဲ့ပါတယ်။

ဒီလိုဖြစ်မယ်ဆိုတာကျွန်မမသိခဲ့ပါဘူး။ကျွန်မကယောကျာ်းလေးလားမိန်းကလေးလားဆိုသိဖို့ပဲသွားခဲ့တာပါလို့ပြောပါတယ်။

ဒီမကောင်းဆိုးဝါးကလေးကိုအခုကတည်းကချစ်နေပါပြီ။

မျက်နှာကိုပြတာတော့ပုံမှန်ပါပဲ။ပြီးတော့သူနာပြုတွေကမိန်းကလေးလို့အတည်ပြုပေးကြပါတယ်။

နောက်တခေါက်ဓာတ်မှန်ရိုက်တဲ့အချိန်မှာတော့သူမကကျွန်မကိုဒီလိုမျိုးကြည့်နေပါတယ်။

ကျွန်မကဆရာဝန်အခန်းထဲမှာသူမကသရဲပဲလို့ပြောလိုက်တော့ဆရာဝန်ကအင်း၊ဒါကပုံမှန်ပါပဲလို့ပြောခဲ့ပါတယ်။သူမနည်းနည်းရှုပ်နေသလိုပါပဲ။

အီယန်နာကသူမကလေးရဲပထမဆုံးဓာတ်ပုံကိုလူမှုကွန်ယက်တွေဆီပြခဲ့ပြီးသူမမျက်လုံးဖွင့်လိုက်တဲ့ပုံတွေကိုလဲပြခဲ့ပါတယ်။ကလေးတော်တော်များများကကင်မရာနဲ့ကွယ်ကြပေမယ့်သူမကတော့ကျွန်မကိုတည့်တည့်ကြည့်ခဲ့ပါတယ်။အခန်းကလဲမှောင်နေတော့ ကျွန်မနည်းနည်းကြောက်သွားတယ်လို့ပြောပါတယ်။
အဲဒီဓာတ်ပုံတွေကိုပြခဲ့ပြီးမစ္စကာရင်တန်က ကျွန်မသမီးကလှမယ်ဆိုတာသိပါတယ်လို့ပြောခဲ့ပါတယ်။
ဘာလို့သူမကအဲဒီပုံဖြစ်နေလဲဆိုတာတော့မသိပါဘူး။တချို့လူတွေကဒီပုံကိုအတုလို့ထင်ကြပေမယ့်ကျွန်မကလေးကအဲဒါတကယ်ပါပဲလို့သူမကထပ်ပြောပါတယ်။

ကလေးအဖေလဲအဲဒီမှာရှိနေခဲ့ပါတယ်။သူ့မှာသားနှစ်ယောက်ရှိပါတယ်​။
့ဒီကလေးကမိန်းကလေးဆိုတော့ သူလဲလန့်သွားပါတယ်။
ပုံကိုကြည့်ပြီးကျွန်မတို့ရယ်မိကြပါတယ်။သူမရဲ့နှာခေါင်းသေးသေးလေးကိုကြည့်ပြီးသူမကချောမယ်ဆိုတာသိနိုင်ပါတယ်လို့လဲပြောပါတယ်။

Writer -Min Thu ( XYZ NEWS )

Popular Post