တစ်နှစ်မှာ ( ၃၃ ) ရက်သာရှိပြီး လူသားတွေ နေထိုင်လို ့ရနိုင်ဖွယ်ရှိတဲ့ ဂြိုလ်တစ်လုံးကိုတွေ့ရှိထား

-သိပ္ပံပညာရှင်တွေက အဆိုပါရှာဖွေတွေ့ရှိထားတဲ့ဂြိုလ်ပေါ်မှာ ဆိုလာစွမ်းအင်းကိုလဲ အသုံးပြုလို့ရတယ်လို့ပြောကြားထားပါတယ် -လန်ဒန်တက္ကသိုလ်ကသိပ္ပံပညာရှင်တွေက အခြားဂြိုလ်တစ်ခုမှာ ရေခိုးရေငွေ့တွေတွေ့ရှိရတယ်လို့ပြောပါတယ် -အဆိုပါဂြိုလ်ကတော့ အလင်းနှစ် ၁၁၀အကွာမှာတည်ရှိတာဖြစ်ပြီး ရေ လေထုနဲ့ မှန်ကန်တဲ့အပူချိန်လဲရှိတယ်လို့ပြောပါတယ်။ သိပ္ပံပညာရှင်တွေက ပထမဆုံးအနေနဲ့ ဆိုလာစွမ်းအင်အသုံးပြုလို့ရပြီး လူတွေနေထိုင်ဖို့သင့်တော်တဲ့ဂြိုလ်တစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလင်း၁၁၀အကွာအဝေးက “Super Earth”ဂြိုလ်မှာဆိုရင် ရေခိုးရေငွေ့တွေကိုလဲတွေ့ရှိရပြီး ခန့်မှန်းချေကမ္ဘာကြီးရဲ့အရွယ်အစားထက်ကို ၂ဆကြီးမားပါတယ်။

လန်ဒန်တက္ကသိုလ်မှာရှိတဲ့ သိပ္ပံပညာရှင်တွေက အဆိုပါK2-18lbဂြိုလ်မှာဆိုရင် လေထုလဲရှိပြီး အပူချိန်ဟာဆိုရင်လဲ သက်ရှိတွေရှင်သန်နေထိုင်နိုင်တဲ့အခြေနေရှိပါတယ်လို့ပြောပါတယ်နောက်ပြီးတော့ အဆိုပါဂြိုလ်ဟာ ကမ္ဘာထက်ကြယ်တွေ နဲ့နေဆီကိုပိုနီးပါတယ် ပြောချင်တာကတော့ နှစ်တစ်နှစ်ဟာသက်တမ်းပိုတိုသွားပါမယ် ဒီမှာနှစ်တစ်နှစ်ကိုရက်ပေါင်း ၃၆၅ရက်အချိန်ယူရပေမယ့် ဟိုမှာတော့၃၃ရက်ပဲကြာမြင့်မှာဖြစ်ပါတယ် နေထိုင်လို့ရရှိနိုင်တဲ့ဇုန်ကတော့ ရေသာထိုဂြိုလ်ပေါ်မှာရရှိမယ်ဆိုရင် ကြယ်တွေနားက ဂြိုလ်ပက်လမ်းမှာလူတွေနေလို့ရနိုင်တယ်လို့ဆိုပါတယ် အဆိုပါနေထိုင်ဖို့သင့်တော်တဲ့ဇုန်ကို “Goldilocks”ဇုန်လို့ခေါ်ဆိုပြီး ကလေးတွေရဲ့ ဒဏ္ဍာရီပုံပြင် တွေဆီကိုခေါ်သွားသလိုဖြစ်စေမှာပါ ကြယ်တွေဆီက လိုအပ်တဲ့အပူချိန်ကိုမှန်ကန်စွာရရှိနေတဲ့အတွက် ရေတွေဟာ ဂြိုလ်မျက်နှာပြင်မှာတည်ရှိနေနိုင်ပါတယ် ။

တကယ်လို့ကြယ်တွေနဲ့သာအရမ်းနီးကပ်မယ်ဆိုရင် ဂရင်းဟောက်စ် ရဲ့ ဓါတ်ငွေ့အကျိုးကျေးဇူးတွေကို Venus(သောကြာဂြိုလ်)လိုမျိုး အတွေအကြုံရှိပြီးသားဖြစ်ပါလိမ့်မယ် ဒါပေမယ့် အရမ်းဝေးကွာနေမယ်ဆိုရင်တော့ Mars(အင်္ဂါဂြိုလ်)မှာတွေ့ရသလို ရှိသမျှရေတွေအားလုံးခဲနေမှာဖြစ်ပါတယ် ယခုလိုအမြင် သဘောထားတွေကို ၁၉၅၃ခုနှစ်တည်းက တင်ပြထားပြီးကြယ်အများစုကလဲ Goildilocksဇုန်ရှိကြောင်းကိုပြသထားပါတယ်။ ၂၀၁၄ခုနှစ်မှာတော့ Kepler-186f’လိုမျိုး ရှင်သန်ရာဇုန်တွေ အဆိုပါဂြိုလ်မှာရှိတယ်လို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့နာဆာကနေ Kepler အာကာသယာဉ်လွတ်တင်တယ်လို့ကြေညာခဲ့ပါတယ် ဒါပေမယ့်လဲ ဆက်စပ်မှုရှိတဲ့သတင်းကတော့တစ်ခုမှမရှိပါဘူး ။အခြေခံဆုံးဖြတ်ရမယ့်အချက်အလက်တွေကတော့ ဘယ်လောက်ဝေးတယ်ဆို တာရယ် မျက်နှာပြင်အပူချိန်ကဘယ်လောက်ရှိတယ်ဆိုတာပါပဲ။

ဒါပေမယ့် UCLကခတ်မီဖွံ့ဖြိုးတဲ့ကိရိယာတွေနဲ့ Hubble Space Telescopeကပေးပို့တဲ့အချက်အလက်တွေကိုအဖြေရှာကြည့်လိုက်တဲ့အခါမှာတော့ ရေခိုးရေငွေ မောလီကျူး လေးတွေတွေ့ရတဲ့လက္ခဏာရှိပါတယ် K2-18lbကို နက္ခတ်ဗေဒကြည်မှန်ပြောင်းတွေနဲ့ကြည့်ဖို့အရမ်းကိုဝေးကွာလွန်းပေမယ့် ကြယ်များရဲ့အလင်းရောင်ဘယ်လောက်ရလဲဆိုတာနဲ့ လေထုဖိအားဘယ်လောက်ရှိလဲဆိုတာကိုတော့ ကြည့်နိုင် တာပဲဖြစ်ပါတယ်။ အဆိုပါဂြိုလ်ကိုလေ့လာနေတဲ့ Dr Angelo Tsiaraကတော့ နေစွမ်းအင်အသုံးပြုလို့ရပြီး မှန်ကန်တဲ့အပူချိန်တွေ လေထုဖိအားတွေနဲ့ ရေရှိတာဆိုလို့ ဒီဂြိုလ်တစ်လုံးပဲရှိတယ်လို့ဆိုပါတယ်။ လေထုထဲမှာပါရှိတဲ့ရေငွေ့အရခန့် မှန်းကြည့်တာကတော့ ကျောက်တုံးတွေအများကြီး ဒါမှမဟုတ် ရေခဲတွေလွမ်းမိုးနေတဲ့ကမ္ဘာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

နောက်ပြီး K2-18lbဟာဒုတိယကမ္ဘာတစ်ခုမဟုတ်ဘူးလို့ Dr Tsiara ကဆိုပါတယ် ဘာလို့လဲဆိုတော့ ကမ္ဘာထက်ကိုပိုကြီးတဲ့အပြင် မတူညီတဲ့လေထုဖိအားတွေပေါင်းစပ်ထားတာကြောင့်ဖြစ်ပါတယ်။ နောက်ပြီးပက်လမ်းတွေက ကြယ်တွေနဲ့ဝေးကွာတဲ့အတွက် ကမ္ဘာနဲ့လုံးဝကိုမတူပါဘူး ထိုဂြိုလ်ပေါ်မှာနေထိုင်လို့ရမရလေ့လာတဲ့အခါမှာတော့ နေထိုင်စရာအများကြီးရှိတာ​တွေ့ရပါတယ်​။ ဒါပေမယ့် အမြဲသတိရနေရမှာက ကမ္ဘာမြေကြီးသာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အိမ်ပါပဲ ဒီတော့ အခြားဂြိုလ်တစ်ခုကိုသွားလည်နေသလိုပဲဖြစ်နေမှာပါ အဆိုပါဂြိုလ်မှာ နေစွမ်းအင်အသုံးပြုလို့ရပေမယ့်လဲ သိပ္ပံပညာရှင်တော့ နေသင့်မနေသင့်ဆုံးဖြတ်လို့မရသေးပါဘူး နောက်ပြီး အဆိုပါဂြိုလ်ကိုစောင့်ကြည်ဖို့အတွက်မျှော်လင့်နေကြပါ တယ်။

အဆိုပါဂြိုလ်ရဲ့ အကျိုးပြုလုပ်ငန်းတွေကသေချာရဲ့လားသိရအောင်ဖြစ်ပါတယ် နောက်ပြီးတော့ အဲဒီဂြိုလ်မှာရေတွေဘယ်လောက်ရှိနေမှန်းလဲသေသေချာချာမသိရသေးပါဘူး ခန့်မှန်းချေကတော့ရေပါဝင်မှုက တစ်စက္ကန့်မှာအနည်း ဆုံး 0.01ကနေ အများဆုံး 50အထိဖြစ်ပါတယ် ကမ္ဘာကြီးရဲ့မျက်နှာပြင်ကတော့ ၁စက္ကန့်မှာ 70နှုန်းဖြစ်ပါတယ် လေ့လာမှုကိုဒုတိယဦးဆောင်ထားတဲ့ Dr Ingo Waldmannပြောတာကတော့ ‘အဲဒီမှာရေတွေဘယ်လောက်များများရှိတယ်ဆို တာကိုမသိပါဘူးဒါပေမယ့် တိတိကျကျပြောနိုင်တာကတော့ အဲဒီမှာလေထုရှိပြီး ရေလဲရှိတယ်ဆိုတာပါပဲ ‘ နောက်ပြီးသိပ္ပံပညာရှင်တွေက ဒီဂြိုလ်အကြောင်းကို Natrual Astronomyဂျာနယ်မှာမဖော်ပြခင်တစ်နှစ်အကျော်အလိုတည်းကလေ့လာနေကြတာဖြစ်ပြီ K2-18lbကဒီလိုဂြိုလ်မျိုးဖြစ်လိမ့်မယ်လို့မထင်ထားကြဘူးလို့ပြောပါတယ်။

အသစ်ဖြစ်လာတဲ့နည်းပညာတွေအရ ၂၀၂၁ မတ်လမှာတော့ Jam Webb Space Telescopeကို အဆိုပါဂြိုလ်ကိုလေ့လာဖို့လွတ်တင်ရန်ရှိနေပါတယ် အဆိုပါဂြိုလ်ရဲ့လှို့ဝှက်ချက်တွေနဲ့ နေစွမ်းအင်တွေကိုပိုမိုသိရှိအောင်ပဲဖြစ်ပါတယ် Dr Tsiarasကတော့ ကျွန်တော်နောက်မျိုးဆက်တွေအတွက် ဘယ်လောက်ပဲဝေးကွားနေပါစေ စောင့်ကြည့်ရမယ်လို့ဆိုပါတယ် ပါမောက္ခ Giovanna Tinetti ကတော့ K2-18lbကရှာဖွေတွေ့ရှိမှုတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပြီး နှစ်ရှည်စီမံကိန်းနဲ့လေ့လာရမယ်လို့ ဆိုပါတယ် Jam Webb Telescope ကတော့ အချိန်စက္နရားလို့ အဓိပ္ပါယ်ရပြီး အဖြေရှာမရတဲ့ စကြာဝဠာထဲက လှို့ဝှက်ချက်တွေကိုကူညီဖော်ထုတ်ပေးမှာဖြစ်ပါတယ် Telescope ကတော့ နဂါးငွေ့တန်းတွေစတင်ဖြစ်ပေါ်လာပုံ လွန်ခဲ့တဲ့ ၁၃.၅ ဘီလျံနှစ်အထိကိုပြန်ကြည့်နိုင်ပါဖြစ်ပါတယ်။

ကြယ်တွေ အာကာသတခွင်ရဲ့အစဖြစ်ပေါ်လာအမှုတွေနဲ့ လရဲ့ဖြစ်ပေါ်လာမှုကိုတောင်ကြည့်လို့ရမှာဖြစ်ပါတယ် နောက်ပြီးဂြိုလ်တွေရဲ့ နေစွမ်းအင်အသုံးချမှုတွေကိုလဲသိရှိနိုင်မှာဖြစ်ပါတယ် Jam Web Telescopeမှာတပ်ဆင်ထားတဲ့ကိရိယာတွေကတော့ အပူချိန် 40 Kelvin-(-387 Fahrenheit)အထိကိုခံနိုင်ရည်ရှိပါတယ် Jam Webb Telescope ကိုတည်ဆောက်တာကတော့ ဒေါ်လာ၈ဘီလျံ(စတာလင်ပေါင် ၅.၆ဘီလျံ) ကျော်ကုန်ကျမယ်လို့ ညီလာခံမှာတင်ပြသွားပါတယ် ဒါပေမယ့်လဲ အာကာသအေဂျင်စီကတော့လုပ်ငန်းအတွက် ဒေါ်လာ ရဘီလျံ(စတာလင်ပေါင် ၅ဘီလျံ)လောက်သုံးပြီးသွားပြီိပဲဖြစ်ပါတယ် ၂၀၂၀ရောက်တဲ့အခါကျရင်တော့ Jam Webb Telescopဟာ ကမ္ဘာ့အကြီးဆုံးနဲ့ စွမ်းအင်အကောင်းဆုံး Telescopeဖြစ်လာမှာဖြစ်ပြီး စကြ်ာဝဠာကြီးရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀မီလျံလောက်ကအကြောင်းအရာကိုပါသိရှိနိုင်မှာဖြစ်ပါတယ် ….

Writer -Min Thu ( XYZ News )

Popular Post