စိတ်မထိန်းနုုိင်ဘဲ စားပွဲထိုးမလေးရဲ့တင်ပါးကို အသားယူမိလုုိ ့ထောင်နန်းစံသွားရတဲ့ ဘုုိးတော်

နယူရောက်မြို့က Danny စားသောက်ဆိုင်မှာထိုင်နေတဲ့ ဒီအသက် ၆၅ နှစ်အရွယ်အမျိုးသားကတော့ စားပွဲထိုးတစ်ယောက်ရဲ့တင်ပါးကိုသွားရိုက်ခဲ့တာကြောင့်ထောင်ထဲမှာတစ်နှစ်လောက်စုံမြန်းရတော့မှာဖြစ်ပါတယ်။

H.Locke Jr နဲ့ သူ့ဇနီးဟာ Danny စားသောက်ဆိုင်ကိုလာခဲ့ကြတာဖြစ်ပြီးတော့ သူ့ဇနီး အိမ်သာဘက် ခနထွက်သွားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ အသက် ၂၃ နှစ်အရွယ်စားပွဲထိုးမလေး Jayme Adair ဟာ Locke မှာတဲ့ စားသောက်ဖွယ်ရာတွေကိုလာရောက်ပို့ဆောင်ခဲ့တာပါ။

အခုလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကိုတော့ CCTV မှတ်တမ်းမှာဖမ်းယူထားခဲ့နိုင်ပြီး ဖြစ်ပွားပြီးတစ်နာရီအကြာမှာပဲ Locke ကိုရဲတွေလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာပဲ Locke ကို ကိုယ်ထိလက်ရောက်မှုတရားစွဲခံခဲ့ရပါတယ်။ဒီအမှုဟာ ထောင်ဒဏ် ၁ နှစ်က ၃ နှစ်အထိပေးလို့ရတဲ့အမှုတစ်ခုပါပဲ။

နယူးရောက်မြို့မှာနေထိုင်တဲ့ Ms.Adair ဟာသူမကြုံတွေ့ခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ကျွန်မ အတော်လေးလန့်သွားတယ် ။ အရင်တုန်းက တစ်ခါမှဒီလိုမဖြစ်ဖူးဘူး” “စားသုံးသူနဲ့သူ့ဇနီးသည်ဟာအတူတူရောက်လာကြတာပါ။

ကျွန်မသူ့ကိုမမှတ်မိပေမယ့်သူကတော့ ကျွန်မကို “Hello Jayme” လို့နှုတ်ဆက်ပါတယ်။ သူ့ဇနီးအိမ်သာထဲဝင်သွားတဲ့အချိန်မှာ ကျွန်မ သူတို့မှာထားတဲ့အအေးတွေသွားပို့ခဲ့ပါတယ်။

သွားပို့ပြီးပြန်လှည့်အတွက်မှာ ကျွန်မတင်ပါးကို ခပ်ဆတ်ဆတ်ရိုက်ခံလိုက်ရတာခံလိုက်ရတဲ့အတွက် ကျွန်မအရမ်းလည်းလန့်သွားပြီး အရမ်းလည်းရှက်မိသွားတယ်။ ဒါနဲ့သူ့ကိုမောင်းထုတ်ဖို့ မန်နေဂျာကိုသွားပြောပြီးတဲ့နောက်မကြာခင်မှာပဲ ရဲတွေရောက်လာပြီး သူ့ကိုဖမ်းသွားတော့တာပဲ မိန်းကလေးတွေအများကြီးဒီလိုကြံုနေရတယ်။

ကျွန်မလည်းဘာအမှားမှမလုပ်ပဲနဲ့ အခုလိုမျိုးမဖြစ်ခဲ့သင့်ဘူး” လို့သူမကရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် Ms.Adair ရဲ့ချစ်သူ Joseph Wright ကလည်း “အခုလိုကြံုရတာတကယ်စိတ်ပျက်ဖို့ကောင်းတယ်။ ကျွန်တော်သူနဲ့တွဲနေခဲ့တာ ကျောင်းတက်ကထဲကပါပဲ။

အမျိုးသားတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးဘာကြောင့်လုပ်ရသလဲ။ သူများတွေရေးထားတာမြင်ဖူးပေမယ့် အခုလို နှာဘူးမျိုးရှိနေမယ်လို့မထင်ခဲ့ဘူး။ ဒီကိစ္စဟာ ကျွန်တော့်အတွက်သေးငယ်တဲ့ကိစ္စမဟုတ်တဲ့အတွက် ဒီလူအပြစ်ဒဏ်ကောင်းကောင်းခံရဖို့ကျွန်တော်မျှော်လင့်တာပဲ” လို့ သူကပြောပါတယ်။

ဒီလူဟာ Danny စားသောက်ဆိုင်ကိုလာရောက်နေကြဖောက်သည်တစ်ဦးဖြစ်ကြောင်း ရဲမှူး Jeffrey Lanigan အပြောအရသိရပါတယ်။ “စားပွဲထိုးမလေး အအေးတွေလာပို့ပြီးနောက်လှည့်ထွက်သွားတဲ့အချိန်မှာ တင်ပါးကို လက်နဲ့ရိုက်လိုက်တာ ကျွန်တော်တို့ CCTV မှတ်တမ်းတွေမှာတွေ့ရှိထားပြီဖြစ်ပြီး အခုဆိုရင် သူ့ကိုအချုပ်ထဲထည့်ထားပြီးပါပြီ။

Oneida နိုင်ငံရဲ့ရှေ့နေ Scott McNamara ကလည်း “အလုပ်လုပ်နေကြတဲ့အမျိုးသမီးတွေဟာ ဒီလိုမျိုး ရိုင်းစိုင်းတဲ့အပြုအမူကို အရမ်းစိတ်ပျက်ကြတယ်။ ဘာကြောင့်များ အမျိုးသမီးတစ်ယောက်ရဲ့တင်ပါးကို သွားရိုက်ဖို့စဉ်းစားနေကြတာလဲ” လို့ WKTV က အင်တာဗျူးမှာပြောထားပါတယ်။

Danny စားသောက်ဆိုင်ကတော့မှတ်ချက်တစ်စုံတစ်ရာပေးနိုင်ဖို့ကြိုးစားနေပါတယ်။

XYZ NEWS

Popular Post