ထူးဆန်းစွာ ပျောက်ဆုံးခဲ့တဲ့ MH 370 .လေယာဉ်နဲ့ပတ်သတ်တဲ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်

လတ်တလောထွက်ပေါ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေရဲ့အဖြေကတော့ MH 370 လေယာဉ်ဟာ ပြန်ပေးစွဲခံရတာသေချာပါတယ်တဲ့။ မလေးရှားအဆိုအရရဲ့တရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၄ မတ်လ ၈ရက်နေ့ကပျောက်ဆုံးခဲ့တဲ့ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာထဲထိုးဆင်းမသွားခဲ့ခင် လေယာဉ်ရဲ့အလိုအလျောက်ထိန်းချုပ်မှုစနစ်ကိုအသုံးမပြုခဲ့ပဲ မောင်းနှင်ခဲ့တယ်လို့ အတိအကျဆိုပါတယ်။

ကနဦးထုတ်ပြန်ချက်တွေအရ လေယာဉ်မှူးကြီး Captain Zaharie Ahmad Shah ရဲ့ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းဆိုသည်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ငြင်းဆိုပီး အတိအကျမစွပ်စွဲနိုင်သေးပေမယ့် လေယာဉ်မပျက်ကျခင်မှာ လေယာဉ်ဟာ မကျွမ်းကျင်သူတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေခဲ့တယ်လို့တော့ အတိအကျဆိုပါတယ်။

လေယာဉ်ဟာ သူ့လမ်းကြောင်းကနေ မိုင်ပေါင်းများစွာသွေဖယ်သွားရခြင်းအကြောင်းက ရှင်းပါတယ်။ လေယာဉ်အမြင့်တစ်နေရာရောက်ရှိချိန်မှာအသုံးပြုတဲ့ အလိုအလျောက်မောင်းနှင်စနစ်မှာပြသနာရှိခဲ့လို့ပါ။ သို့မဟုတ် မကျွမ်းကျင်သူက အသုံးပြုခဲ့လို့ပါ။ စုံစမ်းရေးအဖွဲ့က ဒါကို အကြိမ်ပေါင်းများစွာစမ်းသပ်ခပ်ပီးပါပီ။ သေချာတာကတော့ အလိုအလျောက်မောင်းနှင်စနစ်ကို အသုံးမပြုခဲ့ပါဘူး။

၂၀၁၇ ခုနှစ်က သြစတြီးယားစုံစမ်းရေးအဖွဲ့ရဲ့အဆိုအရ Captain Zaharie ဟာ MH370 မပျက်ကျခင်အချိန်အထိ ထိုလေယာဉ်ရဲ့ထိန်းချုပ်မောင်းနှင်ခန်းအတုမှာ ခြောက်ပတ်ကြာ လေ့ကျင့်မှုလုပ်ခဲ့တဲ့သူပါလို့ပြောဆိုပါတယ်။ မလေးရှားအစိုးရကတော့ မောင်းနှင်ခန်းတုဟာ ဂိမ်းကိုအခြခံထားခြင်းဖြစ်ကာ ယခုလိုမျိုးဖြစ်စဉ်အဆန်းတွေမပါ၀င်ဘူးလို့ ပြန်လည်ချေပပါပါတယ်။

“ လေယာဉ်ကို အဝေးကနေထိ်န်းချုပ်ခဲ့ရတဲ့ အနေအထားလည်းမရှိပါဘူး။ ဒါ့အပြင် ပေါက်ကွဲစေတတ်တဲ့ LITHIUM BATTERY အမျိုးအစားလည်း ကုန်ထားသိုရာအခန်းထဲမှာမပါ၀င်ခဲ့ပါဘူး။” လို့လည်းဆိုပါတယ်။

ရေးသားသူ – စပွန့် ( XYZ NEWS )

Popular Post