ပြိုင်ဘက်စစ်တပ်တွေ သတိကြီးကြီးထားရမယ် ဗြိတိန် လေယာဉ်တင်သင်္ဘောကြီး HMS Queen Elizabeth

ရေတပ်ဦးစီးချုပ်က ဗြိတိန်ဟာ ရရှားရေငုတ်သင်္ဘောတွေရဲ့ စောင့်ကြည့်ချင်းကို ခံနေရတယ်လို့ ဖွင့်ဟခဲ့ပီးနောက်ပိုင်းမှာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ကို  ရေချခဲ့ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးဟာ Portsmouth harbour မှာ လာရောက်စုဝေးခဲ့ကြီးပြီး HMS Queen Elizabeth ကို လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန်တိုက်ခို်က်ရေးလေယာဉ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် HMS Queen Elizabeth ပေါ်မှာဆင်းသက်ကြမှာလည်းဖြစ်ပါတယ်။

ထို ၃ဘီလီယံတန် လေယာဉ်တင်သင်္ဘောကြီးဟာ သင်္ဘောသား ၁၅၀၀ ကိုတင်ဆောင်နိုင်ပီး နောက်သုံးလအတွင်း နယူးယောက်ကို ချစ်ကြည်ရေးသွားရောက်မှာပါ။ ဗြိတိန် ရေတပ်တိုက်ခိုက်ရေးရေယာဉ်အုပ်မှူး Andrew Betton က “ ကျွန်တော်တို့ နိုင်ငံတကာနဲ့ ပင်လယ်ပြင်ရဲ့စည်းကမ်းတွေကိုတိကျစွာ လိုက်နာသွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

“North Atlantic Ocean မှာ ရရှားရေငုတ်သင်္ဘောတွေဟာ စစ်အေးကာလအစောပိုင်းကထက် ခြေရှုပ်နေပီး အရေအတွက််လည်းတော်တော်များပါတယ်။ သို့ပေမယ့် HMS Queen Elizabeth ကတော့ သူမရဲ့နယူးယောက်သွားရာလမ်းကြောင်းပေါ်က အတားအဆီးမှန်သမျှကို အကောင်းဆုံးကာကွယ်သွားနိုင်မှာပါ။ ယခုစစ်ဆင်ရေးက ရရှားကို အာဏာပြချင်လို့မဟုတ်ပါဘူး။ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ နယူးယောက်ကို သွားရုံသက်သက်ပါ” လို့လည်းပြောပါတယ်။

ခရီးစဉ်တစ်လျောက်မှာ အမေရိကန် F-35B တိုက်လေယာဉ်နှစ်စီးဟာ သင်္ဘောပေါ်မှာဆင်းသက်မှာဖြစ်ကာ ၁၁ပတ်ကြာမြင့်မယ့် ထိုခရီးစဉ်အတွင်း အကြိမ် ၅၀၀ ခန့် သင်္ဘောပေါ်မှာ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လေယာဉ်တင်သင်္ဘောကပ္ပတိန် ချုပ် Captain Jerry Kyd က “ ယခုနှစ်အနည်းငယ်အတွင်းမှာ ရရှားရဲ့့ရေတပ်အင်အားတိုးမြှင့်မှုက သိသိသာသာ တိုးတက်လာပီး ဒါဟာ ကျွန်တော်တို့ လည်းနောက်ကောက်ကျမနေသင့်တော့ကြောင်းထောက်ပြနေသလိုပါပဲ။ ကျွန်တော်တို့ Roll တစ်ခုကို ထိန်းထားဖို့လိုပါတယ်” လို့ပြောခဲ့ပါတယ်။

“ယခုအမေရိကားခရီးစဉ်ဟာ ကြုံတောင့်ကြံုခဲဖြစ်ကာ နောက်နောင်မှာလည်း HMS Queen Elizabeth ဟာ စစ်ဆင်ရေးတွေများစွာလုပ်ဆောင်သွားအုံးမှာမှာပါ။ ကျွန်တော်တို့ပြည်သူတွေက လည်းရင်ခုန်စွာစောင့်မျှော်နေခဲ့ကြတာပါ။ HMS Queen Elizabeth ဟာ ဗြိတိန်ရဲ့ အင်အားကို ပြသခြင်းဖြစ်ကာ အင်ဂျင်နီယာတွေရဲ့ အစွမ်းအစကိုလည်းတွေ့မြင်ရမှာပါ။ ဒါ့အပြင် ကမ္ဘာတစ်လွှားခရီးနှင်ဖို့လည်း အစီအစဉ်ရှိပါတယ်” လို့ ဗြိတိန် ကာကွယ်ရေးဦးစီးကပြောပါတယ်။

“ အမေရိကားခရီးစဉ်ဟာ HMS Queen Elizabeth ရဲ့ နိုင်ငံတကာခရီးစဉ်ဖြစ်ရုံသာမက နှစ်နိုင်ငံချစ်ကြည်ရေးကို ထင်ဟပ်စေမှာပါ။ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျောက်မှာ ခရီးနှင်ခြင်းဟာ ဗြိတိန်အနေနဲ့ မဟာမိတ်နိုင်ငံတွေဖက်က ထာဝစဉ်ရပ်တည်နေမယ်ဆိုတာ ပြသနေတာပါ” လို့လည်းဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒ့ါအပြင် သင်္ဘောပေါ်ဆင်းသက်မယ့် ပထမဆုံးတိုက်လေယာဉ်တွေကို အမေရိကန်နဲ့ပူးပေါင်းစစ်ဆင်ရေးမှာ ပါ၀င်မယ့် ဗြိတိန် ပို်င်းလော့သုံးဦးက မောင်းနှင်မှာဖြစ်ကာ အမေရိကန် ပိုင်းလော့တစ်ယောက်လည်းပါ၀င်မှာဖြစ်ပါတယ်။

HMS Queen Elizabeth ဟာ အမေရိကန်ကို မသွားခင်မှာ ဗြိတိန်ရေပိုင်နက်အတွင်း စမ်းသပ်မောင်းနှင်မှုတွေလုပ်ဆောင်အုံးမှာပါ။ ဒါ့အပြင် အခြားသင်္ဘောတွေဖြစ်တဲ့ Type-23 frigate HMS Monmouth, 820 Naval Air Squadron မှ MK2 Helicopters, 845 Naval Air Squadron မှ Mk 4 Merlins နဲ့့အခြားသော တော်ဝင်ရေတပ်စစ်သင်္ဘော တွေနဲ့ပါ ပူးပေါင်းလေ့ကျင့်မှုတွေပြုလုပ်သွားအုံးမှာပါ။ ဒါ့အပြင် စစ်ဆင်ရေးမှာပါ၀င်မယ့် F-35B တွေဟာ ပီးခဲ့တဲ့ ဇွန်လကမှ အမေရိကန်ကနေရောက်ရှိလာခြင်းဖြစ်ကာ Norfolk မှာရှိတဲ့ RAF Marham လေတပ်စခန်းမှာတာဝန်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်။

ယခုလေ့ကျင့်မယ့် F-35B တွေကို နောက်နှစ်ကုန်လောက်မှာ HMS Queen Elizabeth ပေါ်မှာ တာဝန်ထမ်းဆောင်စေမှာဖြစ်ပီး ယခုတော့ HMS Queen Elizabeth နဲ့ အကြိမ် ၁၀၀၀ နီးပါး လေ့ကျင့်ထားတဲ့ ရဟတ်ယာဉ်တွေကို တာဝန်ထမ်းဆောင်စေနေပီဖြစ်ပါတယ်။

ရေးသားသူ – စပွန့် ( XYZ NEWS )

Popular Post