မုန်တိုင်းအရှိန်ကြောင့် ထူးဆန်းစွာ ငါးမိုးတွေရွာသွန်းခဲ့တဲ့ မြို့

အခုဆိုရင်တော့ Malta မြို့မှာနေထိုင်တဲ့သူတွေဟာ မုန်တိုင်းရဲ့ အင်အားကြီးမားတဲ့လှိုင်းလုံးတွေနဲ့လေပွေကြီးတွေကြောင့် ပင်လယ်စာအခမဲ့စားသုံးနေရပြီဖြစ်ပါတယ် ။မုန်တိုင်းဟာ အင်အားကြီးမားတဲ့လေပွေကြီးတွေကိုဖြစ်စေပြီး ပင်လယ်ထဲမှ ငါးတွေကိုစုပ်ယူလိုက်တဲ့အတွက် အခုလိုငါးမိုးရွာရတာပဲဖြစ်ပါတယ်။မုန်တိုင်းကြောင့် မြေထဲပင်လယ်ကျွန်းပေါ် နဲ့ ကမ်းခြေတစ်လျောက်မှာ အပျက်အဆီးများခဲ့တယ်လို့လည်သိထားရပါတယ် ။

ဒီမုန်တိုင်းဟာ အလွန်အင်အားကြီးတဲ့အတွက် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးရနိုင်တဲ့အကြောင်းအစိုးရကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ Malta မြောက်ပိုင်း St.Paul’s ကမ်းရိုးတန်းဘက်မှာဆိုရင် ပင်လယ်ရေတွေနဲ့ ငါးတွေ ကုန်းမြေပြင်ပေါ် အမြောက်အများကျရောက်နေတာကိုတွေ့နိုင်ပါတယ် ။ဒေသခံတွေကတော့ အသက်အန္တရာယ်စိုးရိမ်ရမယ့်အစား ခြင်းတစ်လုံးယူပြီး ငါးတွေကိုလိုက်ကောက်နေကြပါတယ် ။

“ငါးကန်တွေထဲကတစ်ကန် ပျက်ဆီးသွားတာဖြစ်မယ် ။ ဒါကြောင့်မို့ထောင်ချီသောင်းချီတဲ့ငါးတွေ အခုလိုကုန်းပေါ်ရောက်နေကြတာ ။ဒီကလူတွေကတော့ လမ်းလည်ခေါင်မှာ ငါးတွေကိုလိုက်ကောက်နေကြတာပါပဲ ။လောလောဆယ်တော့ အပြင်မထွက်ပဲ Land Rover လေးထဲမှာပဲငြိမ့်နေသင့်သေးတယ်” လို့ ဒေသခံတစ်ယောက်က နောက်နောက်ပြောင်ပြောင်နဲ့ဖြေကြားသွားခဲ့ပါတယ် ။

မုန်တိုင်းအခြေအနေက အလွန်ပြင်းထန်နေတဲ့အတွက် လမ်းမအတော်များများပိတ်ထားပြီး ခရီးသည်တင်ယာဉ်တွေလည်း ပြေးဆွဲခြင်းရပ်တန့်ထားပါတယ် ။ မုန်တိုုင်းကြားမှာ သွားလာမယ်ဆိုရင် အသက်အန္တရာယ်များလွန်းတဲ့အတွက်အိမ်ထဲမှာနေထိုင်ဖို့ အစိုးရကိုယ်တိုင်က အကြံပေးချက်ထုတ်ပြန်ထားပါတယ် ။ ယခုချိန်ထိ Malta မှ အကူအညီတောင်းခံတဲ့ဖုန်းအကြိမ်ရေ ၃၀၀ ကျော်လက်ခံရရှိပြီးဖြစ်ပေမယ့်လည်း ပြင်းပြင်းထန်ထန်ထိခိုက်တဲ့အခြေအနေမျိုးတော့မရှိသေးဘူးလို့သိရပါတယ် ။

တစ်နာရီ ၁၀၁ ကီလိုမီတာနှုန်းနဲ့တိုက်နေတဲ့ မုန်တိုင်းကြောင့် ကျွန်းပေါ်ကနေရာအချို့မှာ လျပ်စစ်ဓါတ်ပြတ်တောက်မှုဖြစ်ပေါ်နေပါတယ် ။ ဒီတော့….ပင်လယ်ငါးကင် ကြိုက်တဲ့သူတွေရှိလား ။ Malta မှာ တစ်ဝကြီးသွားစားကြရအောင် ။

Writer_Min Thu ( XYZ NEWS )

Popular Post