အထူးအဆန်းတွေကိုမှစားချင်သူများကတော့ အရာသာအသစ်တွေကိုမြည်းစမ်းကြည့်ချင်ကြမှာပဲ ။ ပုံမှန်စွဲမက်စရာအစားအစာတွေလည်း အများကြီးရှိပါတယ် ။ ဒါပေမယ့် သင်ရော အထူးအဆန်းတွေကို မြည်းစမ်းကြည့်ချင်လား ။ ဒါဆိုရင်တော့ အခု ကျွန်တော်တို့ပြောပြမယ့် အန္တရာယ်များပြီးသေစေနိုင်တဲ့အစားအသောက်များကို ကြည့်လိုက်ရအောင် ။

ဒီအစားအစာတွေဟာ အသားအသောက်လို့ခေါ်ဖို့တောင် မသင့်တော်ပါဘူး ။ ဒါပေမယ့်လည်းထူးခြားဆန်းပြားတဲ့အရသာကြောင့် လူတော်တော်များများဟာ စားသောက်ဖို့ရွေးချယ်နေတုန်းပါပဲ ။ လူအနည်းငယ်ကတော့ ဒါတွေကလွဲပြီးစားစရာမရှိတဲ့အတွက်စားသုံးရတာပါ ။ အစားအသောက် ရ မျိုးကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင် ။

၁. အသည်းကင်ဆာသုပ်

နာမည်ကြားရုံနဲ့တင်သင်အော်ဂလီဆန်သွားမယ်ဆိုပေမယ့် ထိုင်းနိုင်ငံမှာ အရှေ့မြောက်ပိုင်းမှာတော့ မြိန်ရှည်ယှက်ရည်စားကြတဲ့အရာတစ်ခုပါပဲ ။ ဒီအစားအစာမှာ ပါဝင်တဲ့အရာတွေကတော့ ငါးအသားစိမ်း သံပရာရည်နဲ့ ဂရုတ်သီးစပ်စပ် ရယ် ပရွက်ဆိတ်အနီတွေရယ်ပဲဖြစ်ပါတယ် ။ ဘာလို့အသည်းကင်ဆာသုပ်လို့ခေါ်ရသလဲဆိုတော့ ဒီအစားအစာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ အသည်းကင်ဆာ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းရှိလို့ပါပဲ ။ အဓိကတရားခံကတော့ ငါးအသားပေါ်မှာ ရှိနေတဲ့ ကပ်ပါးကောင်တွေကြောင့်ပါပဲ ။ စားသုံးသူတွေကတော့ ထူးခြားတဲ့အရာသာကိုမြည်းစမ်းကြည့်ချင်တာကြောင့် ကပ်ပါးကောင်တွေကိုပါစားသုံးလေ့ရှိပါတယ် ။(ရွံစရာကောင်းချက်)

၂ .Fagu

ဂျပန် ကိုရီးယားနဲ့ စင်ကာပူမှာနာမည်ကြီးတဲ့ ဒီလူသတ်သမားဟင်းလျာဟာလည်း တကယ်တော့ စျေးအရမ်းကြီးပါတယ် ။ ငါးပူတင်းအသားစိမ်းကို လွှာပြီးတော့ ဆာရှိမိအဖြစ်စီမံထားတဲ့ဟင်းလျာပါ ။ ငါးအသားကတော ့အန္တရယ်မရှိပေမယ့်

စားသုံးသူတွေအရမ်းကြိုက်တဲ့ ငါးပူတင်းအသည်းကတော့ Neurotoxin Tetrodotoxin ဆိုတဲ့အဆိပ်တွေပါဝင်ပါတယ် ။

၃. စောင်းလျားသီး

လူတွေ သာမန်စားသုံးနေကြတဲ့ စောင်းလျားသီးဟာလည်း အန္တရယ်များတဲ့အစားအသောက်တစ်ခုပါပဲ ။ စောင်းလျားသီးထဲမှာ Nerotoxin ဆိုတဲ့အဆိပ်ဓါတ်ပါဝင်ပါတယ် ။ သင်ကျန်းမာရေးကောင်းနေတဲ့အချိန်မှာတော ့ခန္ဓာကိုယ်က ဒီအဆိပ်ကိုချေဖျက်နိုင်ပါတယ် ။ ဒါပေမယ့်လည်း သင့်မှာကျောက်ကပ်ပြဿနာရှိနေရင်တော့ စောင်းလျားသီးဖျော်ရည်တစ်ခွက်သောက်ခဲ့မယ်ဆိုရင် အော့အန်တာ ခြေလက်ထုံကျင်တာ ကယောင်ခြောက်ခြားဖြစ်တာနဲ့ ကြွက်သားတွေ ယောင်ယမ်းတာမျိုးခံစားရနိုင်ပါတယ် ။

၄. Ackee

ကာရေဗီယန်နဲ့ အနောက်အာဖရိကမှာ ပေါများတဲ့ Ackee အသီးဟာကို ဆားသိပ်ပြီးဖြစ်စေ ဝိုင်ပြုလုပ်ပြီးဖြစ်စေ စားသုံးကြပါတယ် ။ ကြည့်ရတာ အဆိပ်အတောက်ဖြစ်နိုင်တဲ့ပုံမပေါ်ပေမယ့် အသီးထဲမှာ Hypoglycin A နဲ့ B ကဲ့သို့သော အဆိပ်တွေ ပါဝင်နေပါတယ် ။ အဆိပ်ရှိတဲ့အပိုင်းကိုစားမိရင်တော့ ၂ နာရီကနေ ၆ နာရီအထိအော့အန်တတ်ပါတယ် ။ ကံမကောင်းတဲ့အခြေအနေတစ်ခုမှာဆိုရင်တော့ ကယောင်ကတမ်းတွေဖြစ်ပြီး ကိုမာဝင်ကာ သေဆုံးသွားနိုင်ပါတယ် ။

၅. Pagpag

Pagpag ဆိုတာကတော့ ဖိလစ်ပိုင်အခေါ်ပါ ။ တကယ်တော့အမှိုက်ပုံးထဲက အစားအသောက်တွေကို ပြန်လည်သုံးစွဲထားတဲ့ ဟင်းလျာတစ်ခုပါ ။ ဒါကို ဟင်းလို့တောင်တွေးဖို့ခက်ပေမယ့် မနီလာလိုမျိုး တချို့ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ စားစရာဒီဟင်းပဲရှိပါတယ် ။ Pagpag ရဲ့ဆိုလိုရင်းကတော့ အမှိုက်များကိုခါချခြင်းတဲ့… ။

ဆင်းရဲတဲ့နိုင်ငံတွေက စားသောက်ဆိုင်တစ်ချို့ဟာ စားသောက်ကုန်တွေကို အမှိုက်ပုံးတွေ အမြန်စာရောင်းချတဲ့နေရာမှ လွှင့်ပစ်ပစ္စည်းတွေကိုအသုံးပြုပါတယ် ။ ဒီအစားအသောက်တွေကိုစားသုံးတဲ့အခါမှာ သင်ထင်ထားတဲ့အတိုင်းပဲ ဝမ်းရောဂါ တိုက်ဖိုက်နဲ့ အသည်းရောင်အသားဝါရောဂါတွေဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့်လည်း တချို့ငတ်ပြတ်နေတဲ့ လူတန်းစားတစ်ခုအတွက်တော့ ဒီရောဂါတွေဟာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ပါဘူး ။

၆ .Absinthe

ဥရောပမှာ ၁၉ ရာစုလောက်က စပြီး လမ်းဘေးအနုပညာရှင်တွေကြားမှာ နာမည်ကျော်ခဲ့တဲ့ ဒီ Absinthe ဟာ ပုံမှန်မဟုတ်တဲ့အရာတွေကို စိတ်ထဲမှာမြင်ယောင်လာစေနိုင်သလို ရူးသွပ်မှု ဂယောင်ခြောက်ခြားဖြစ်မှု နဲ့ တခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းဖြစ်ပေါ်စေနိုင်ပါတယ် ။

သိပ္ပံနည်းကျစစ်ဆေးမှုအရတော့ ဒီ အစိမ်းရောင် ယမကာဟာ လူအပေါ်မှာ အဲ့ဒီလောက်အကျိုးသက်ရောက်မရှိဘူးလို့ပြောပါတယ် ။မြင်ချင်ရာမြင်တာဟာ အရက်ရဲ့ သက်ရောက်မှုကြောင့်လို့ အဖြေထုတ်ထားပါတယ် ။ဒါပေမယ့်လည်း တခြားလေ့လာမှုတွေအရ Absinthe ယမကာဟာ အာရုံကြောဆဲလ်တွေအပေါ်မှာ ပြင်းထန်တဲ့သက်ရောက်မှုရှိတယ်လို့ သိရှိထားရပါတယ် ။

၇ .ပီလောပီနံ

ပီလောပီနံဟာ ကမ္ဘာ့လူဦးရေ ၅၀၀ မီလျံလောက်ရဲ့ အဓိကအစားအစာဖြစ်ပါတယ် ။ ဒီတစ်ပင်လုံးစားသောက်နိုင်တဲ့အပင်ကို အမေရိက အာရှနဲ့ အာဖရိကတွေမှာတွေ့နိုင်ပါတယ် ။ ကိတ်မုန့်ဖုတ်တဲ့နေရာမှာလည်း ထည့်သွင်းအသုံးပြုကြပါသေးတယ် ။ သို့သော်လည်း သူ့မှာလည်း ဆိုးကျိုးရှိပါတယ် ။

ဘာကြောင့်လဲဆိုတော့ ပီလောပီနံရဲ့ အမြစ်နဲ့ အရွက်တွေဟာ သေစေနိုင်လောက်တဲ့ ဆိုင်ရာနိုက်အဆိပ်ကို ပါဝင်နေတဲ့အတွက်ပါပဲ ။ အန္တရယ်ကင်းစွာစားသောက်နိုင်ဖို့အတွက် သေချာဆေးကြောသန့်စင်မှုပြုလုပ်ရပါမယ် ။ မဟုတ်ပဲ အန္တရယ်ရှိတဲ့ပီလောပီနံကိုစားမိရင်တော့ သင်ဆေးရုံရောက်သွားမှာ အမှန်ပါပဲ ။

Writer – Min Thu ( XYZ News )