ဘာသာရေးအခမ်းအနား ဆင်နဲ့လှည့်လည်စဉ် ဆင်ထပြေးသဖြင့် သီရိလင်္ကာမှာလူ ၁၇ ဦး ဒဏ်ရာရ

တိရစ္ဆာန်တွေရဲ့စိတ်ဟာ အစိုးမရဘူးနော်။ ဘယ်လောက်ပဲ ယဉ်အောင်လုပ်ထားပါစေ သူတို့စိတ်ဖောက်တဲ့အခါ ရန်ပြုတတ်ကြပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ယမန်နေ့က ဖြစ်ပျက်သွားခဲ့တဲ့ မတော်တဆမှုဟာ အတော် စိတ်မကောင်းဖြစ်စရာ ကောင်းလှပါတယ်။

ဘာသာရေး အခမ်းအနားတစ်ခု ဆင်နဲ့လှည့်လည်နေစဉ်မှာ ဆင်နှစ်ကောင်ဟာ ရုတ်တရက် ထပြေးခဲ့တာမို့ လူထိခိုက်မှုတွေရှိခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံ ကော့တီမြို့က ဘာသာရေး အခမ်းအနားတစ်ခုမှာ အဆိုပါ မတော်တဆမှုဖြစ်ခဲ့တာပါ။

စုစုပေါင်းလူ ၁၇ ဦး ဒဏ်ရာရရှိသွားပြီး အချို့က ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ပွဲတော်ထဲမှာ ရောက်နေတဲ့လူတစ်ဦး ရိုက်ထားတဲ့ဗီဒီယိုထဲမှာတော့ ပွဲခင်းလယ်မှာ ဆင်ဟာ ရုတ်တရက် ထပြေးတာဖြစ်ပြီး လူအများထွက်ပြေးကြကာ ဆင်ကလည်း ဟိုနင်းမိ ဒီနင်းမိ ဖြစ်နေပါတယ်။

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)

Popular Post