အခုဆိုရင် မိခင်များအိပ်စက်အနားယူနေတုန်း ဖခင်များကရင်သွေးငယ်လေးကိုနို့ချိုတိုက်နေပါပြီ။ -ဂျပန်စက်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Dentsuကနေ ဖခင်တွေက ရင်သွေးငယ်တွေကို နို့ချိုတိုက်ကျွေးလို့ရအောင် ဖခင်တွေရဲ့ကူညီဖေးမပေးနိုင်မှုအတွက် တီထွင်ထားတာဖြစ်ပါတယ်။ -အဆိုပါဝတ်ဆင်ရတဲ့စက်ကိရိယာဟာ မိန်းမတွေရဲ့ရင်သားပုံစံနှင့် အသွင်တူပြီး ကိုယ်ပိုင်နို့သီးခေါင်းနဲ့ နို့ရည်ကန်ငယ်ပါဝင်ပါတယ်။ -ကလေးငယ်တွေအိပ်ပျော်ခြင်းနဲ့ နို့တိုက်ကျွေးခြင်းလမ်းစဉ်တွေကို အထူးအက်ပလီကေးရှင်းတစ်ခုကနေ စောင့်ကြည်နိုင်မှာဖြစ်ပါတယ်။

မိဘတွေနဲ့ ပညာရှင်တွေကတော့ မိခင်နို့ရည်သည်သာလျှင် ကလေးငယ်တွေအတွက် အကောင်းဆုံးဖြစ်တယ်လို့သဘောတူလက်ခံထားကြပါတယ်။ဒါပေမယ့်လဲ နို့တိုက်ကျွေးရတာဟာ မိခင်အများစုအတွက်တော့ အလွန်အမင်းပင်ပန်း စေနိုင်ပါတယ်။ဒီလိုအတွက်ကြောင့်မိခင်တွေအနေနဲ့ လုံးဝသက်တောင့်သက်တာမရှိလှပါဘူး နောက်ညဘက်သန်းခေါင်ယံတွေမှာတောင် ကလေးတွေကဗိုက်ဆာလို့နို့တောင်းတဲ့အခါတွေမှာလဲ မိခင်ဖြစ်ခါစကအမျိုးသမီးတွေဟာ ကလေး တွေကိုနို့ထတိုက်ကြရပါတယ်။

သောကရောက်မနေကြပါတော့ မိခင်အပေါင်းတို့ရေ ဘာကြောင့်လဲဆိုတော့အခုဆိုရင် သင့်ရဲ့အမျိုးသားက နို့ချိုတိုက်ကျွေးရမယ့်တာဝန်ကိုကူညီနိုင်တော့မှာ ဖြစ်ပါတယ်။ဂျပန်အခြေစိုက် စက်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Dentsuဟာဆိုရင် အခုဖခင်တွေရဲ့ကူညီဖေးမပေးနိုင်မှုတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ဒါကတော့ ရင်ဘက်မှာစက်ကိရိယာတစ်ခုကိုတပ်ဆင်ပြီး သူတို့ရဲ့ကလေးတွေကို နို့ချိုတိုက်ကျွေးနိုင်မှာဖြစ်ပါတယ်။အဆိုပါကိရိယာဟာ အမျိုး သမီးတွေရဲ့ ရင်သားပုံစံနဲ့တူပြီး ကိုယ်ပိုင်နို့သီးခေါင်းနဲ့ နို့ရည်ကန်ပါဝင်ပါတယ်။

ထိုကန်ထဲကို မိခင်နို့ရည်ဒါမှမဟုတ် နို့မှုန့်ဖျော်ရည်ကိုဖြည့်ပြီးအသုံးပြုရမှာပါ။ထို့အပြင် မိဘတွေအနေနဲ့ ကလေးတွေရဲ့ နို့သောက်ခြင်းအလေ့အထတွေကို အထူးအက်ပလီကေးရှင်းကိုသုံးပြီး စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။အဆိုပါခေတ်ရှေးပြေးကိရိယာကို Austin Texasမှာကျင်းပတဲ့ SXSWပွဲအတောအတွင်းမှာ ဖုံးကွယ်ထားခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ချက်တွေမှာ ကုမ္ပဏီကရှင်းပြထားတာကတော့ သူတို့ဒီကိရိယာကိုပြုလုပ်ရခြင်းက ဖခင်တွေအတွက် သူတို့ကလေးငယ်လေးရဲ့အာဟာရပြုတဲ့ လုပ်ငန်းစဉ်မှာပိုမိုပါဝင်နိုင်အောင်ဖြစ်ပါတယ်။

ဒီတော့အမေတွေရဲ့ စိတ်ဖိစီးမှုတွေဟာလဲ လျော့ကျသွားအောင်လုပ်နိုင်ပါတယ်လို့ ပြောထားပါတယ်။ ကုမ္ပဏီကပြောကြားတာကတော့”နို့ချိုတိုက်ကျွေးခြင်းကိရိယာက မိဘတွေရဲ့ အိပ်စက်ခြင်းကိုထိရောက်စွာ အကူအညီပေးနိုင်မှာပါ ကောင်းကျိုးတစ်ခုကတော့ အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ အမျိုးသမီးတွေဆီကိုရည်ရွယ်ပါတယ်” “နို့ချိုတိုက်ကျွေးခြင်းကိရိယာကအဓိကထားတာကတော့ မိခင်တွေရဲ့တာဝန်တွေ လျော့နည်းသွားအောင် နောက် ဖခင်အတွက်မနက်စာပြင်ပေးရမယ့်အချိန်အထိ အိပ်ရမယ့်အချိန်တွေတိုးလာအောင်ပဲဖြစ်ပါတယ်” ဒီစက်ကိရိယာအတွက်တော့ အွန်လိုင်းကနေလူအများက အကောင်းအဆိုးရောထွေးနေတဲ့မှတ်ချက်တွေပေးထားကြပါတယ်။ ဥပမာအားဖြင့် မှတ်ချက်ပေးသူတစ်ယောက်ပြောထားတာကတော့”နို့ဗူးနဲ့ ဒီကိရိယာဘယ်လောက်တောင်ကွာခြားမလဲ မသိဘူး ဒီတော့ကလေးတွေက ရင်သားအတုကြီးကိုထိရမှာလား ကလေးတွေက အတုကြီးကိုအတုမှန်းမသိပဲနေရမှာ ပေါ့” အမေတစ်ယောက်ရဲ့မှတ်ချက်ကတော့ “ကျမအတွက်အရမ်းပြည့်စုံသွားတော့မှာဘဲ ကျမကလေးဆိုရင်နို့ဗူးနဲ့နို့တိုက်ရင် မသာက်ဘူး”လို့​ပြောခဲ့ပါတယ်​။

Writer -Min Thu ( XYZ News )