မိုးရာသီမှာဖြစ်တတ်တဲ့ နှာပိတ်တာကို ( ၁၅ ) မိနစ်အတွင်း ပျောက်ကင်းအောင် ပြုလုပ်နည်း

နှာခေါင်းပိတ်တာကို ခံစားရတဲ့လူတိုင်းဒီခံစားချက်ကိုပျောက်ချင်ကြမှာပဲ။ဘယ်လိုမျိုးမြန်မြန်ဆန်ဆန်ပျောက်သွားအောင်လုပ်မလဲဆိုတဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။

 

 

၆-သင့်မျက်ခုံးနှစ်ခုကြားကနေရာကိုနှိပ်ပေးပါ
ဖြည်းဖြည်းလေးနဲ့ ယုံကြည်ချက်ရှိရှိ တစ်မိနစ်လောက်ကြာအောင်နှိပ်ပါ။ဒီနှိပ်နယ်မှုက သင့်ရဲ့နှာရည်အပေါ်ဒီလိုသက်ရောက်မှုရှိနေပါတယ်။
-သင့်နှာရည်တွေက နှာခေါင်းမှာခြောက်သွေ့တာကိုတားဆီးခြင်း
-ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိခြင်း
-အရှေ့ကြွက်သားတွေကို ဖိအားဖယ်ရှားပေးနိုင်ပါတယ်။

၅-သင့်နှာရိုးကိုဖိနှိပ်ပေးပါ
သင့်နှာခေါင်းတစ်ဖက်တစ်ချက်ကို သင့်လက်ညှိုး၊ လက်ခလယ်နဲ့ ၁-၂မိနစ်လော်ကြာအောင်ဖြည်းဖြည်းချင်းတွန်းပေးပါ။ဒီလိုလုပ်ပေးလိုက်ရင်သင့်နှာခေါင်းဝင်ထွက်ပေါက်ကိုပွင့်ဖို့ကူညီပေးမှာဖြစ်ပြီး သင့်နှာခေါင်းကလွယ်လွယ်လေးနဲ့ပွင့်သွားမှာဖြစ်ပါတယ်။

၄-သင့်နှာခေါင်းနဲ့နှုတ်ခမ်းကြားနေရာကိုနှိပ်နယ်ပေးပါ
သင့်အပေါ်နှုတ်ခမ်းနဲ့နှာခေါင်းကြားနေရာကို ၂-၃မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ဒီနည်းလမ်းက သင့်နှာခေါင်းကိုပွင့်ဖို့ကူညီပေးသွားမှာဖြစ်ပါတယ်။
၃-လေထုအစိုစက်ကိုသုံးပါ။
လေထုအစိုဓာတ်က ၄၀ရာခိုင်နှုန်းထက်နည်းမယ်ဆိုရင် သင့်နှာခေါင်းထဲမှာ နှာရည်တွေခြောက်ပြီးတော့ အသက်ရှုဖို့အခက်အခဲဖြစ်မှာဖြစ်ပါတယ်။တကယ်လို့နှာရည်ကလည်းများပြီး လေထုအစိုဓာတ်ကလညး်နည်းနေတယ်ဆိုရင်တော့ ပြင်းထန်တဲ့ ဘက်တီးရီးယားပြန့်ပွားမှုတွေဖြစ်နိုင်ပါတယ်။သင့်တင့်တဲ့ အစိုဓာတ်ကတော့ ၄၀နဲ့ ၆၀ရာခိုင်နှုန်းပဲဖြစ်ပါတယ်။

၂-သင့်နှာတံကိုနွေးထွေးအောင်ထားပါ
အဝတ်နွေးနွေးကိုယူပါ။မိုက်ခရိုဝေ့ဗ်ထဲမှာထည့်ပြီးနွေးအောင်လုပ်လို့ရသလို ရေနွေးထဲမှာစိမ်ပြီးတော့ နွေးအောင်လုပ်လို့ရပါတယ်။သိပ်ပြီးတော့မပူပဲနဲ့ သက်တောင့်သက်တောင့်ရှိတဲ့အပူချိန်ပဲဖြစ်ပါစေ။နှာခေါင်းထဲမှာပိတ်နေတာတွေကနှာရည်တွေဖြစ်သွားမှာဖြစ်ပါတယ်။နွေးအောင်လုပ်ပြီးတဲ့နောက်မှာတော့ သင့်နှာခေါင်းညှစ်တာပဲဖြစ်ဖြစ် နှာရည်ဆေးထည့်တာပဲဖြစ်ဖြစ်လုပ်ပါ။

၁-တကယ်လို့ ဓာတ်မတည့်တာကြောင့် နှာရည်ယိုတာဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပါ။
သင့်နှလုံးခုန်နှုန်းက လေ့ကျင့်ခန်းလုပ်ပြီးတော့ မြန်လာပြီဆိုရင်တော့ သင့်နှာခေါင်းထဲကနှာရည်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။လေ့ကျင့်ခန်း ၁၅မိနစ်လုပ်ပြီးပြီဆိုရင်တော့သင်ရဲ့ဓာတ်မတည့်တာတွေကိုရှင်းပစ်နိုင်မှာဖြစ်ပါတယ်။
ဘယ်နည်းလမ်းတွေကိုလုပ်ပြီးပြီလဲ သင့်မှာကိုယ်ပိုင်နည်းလမ်းတွေရောရှိလားဆိုတာ ပြောပြပါဦး။

Writer -Min Thu ( XYZ News )