သင်အနေနဲ့ လုံလောက်တဲ့ အိပ််စက်မှု မရှိရင် သင့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာလောက်အထိ သက်ရောက်ဖြစ်ပေါ်လဲဆိုတာကို အမေရိကန် ကယ်လီဖိုးနီယားတက္ကသိုလ်က အာရုံကြောနှင့်် စိတ်ပညာ ပါမောက္ခက မက်ဒရူးဝေါကာက တင်ပြထားပါတယ်။

အိပ်ရေးမဝရင် သင့််ရဲ့ ဦးနှောက်ဟာ မှတ်ဉာဏ်သစ်တွေကို မှတ်သားနိုင်စွမ်း မရှိတော့ပါ။ အိပ်စက်ခြင်း ချို့တဲ့သူဟာ ဦးနှောက်ရဲ့ မှတ််ဉာဏ်သိုလှောင်ရာက မှတ်သားစရာ အသစ်တွေကို ပိတ်ထားလိုက်တဲ့အတွက် သင့်အနေနဲ့ အချက်အလက် အတွေ့အကြုံသစ်တွေကို မှတ်သားနိုင်စွမ်း ရှိတော့မှာ မဟုတ်ပါ။

ဒါအပြင် beta-amyloid လို့ ခေါ်တဲ့ အဆိပ်ဖြစ် ပရိုတိန််းဓာတ််တွေလည်း ဦးနှောက်ထဲမှာ များပြားဖွံ့ဖြိုးစေပါတယ်။ ဒီ ဓာတ်ဟာ အယ််ဇိုင်းမားရောဂါနဲ့ ဆက်နွယ်တဲ့ ဓာတ်ဖြစ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ််ပျော်ချိန်မှာ ဦးနှောက်ရဲ့ အညစ်အကြေးသန့်စနစ်က အမြင့်ဆုံး အလုပ်လုပ်ပြီး ဒီ အဆိပ်ဖြစ် ပရိုတိန်းတွေကို စတင်ဖယ်ရှားတာ ဖြစ်ပါတယ်။

ဒါကြောင့် ညစဉ် အိပ်စက်ချိန်နည်းပါးတာဟာ အယ်ဇိုင််းမားနဲ့ ဆက်နွယ်တဲ့ ပရိုတိန်းတွေ ပိုပြီးဖွံ့ဖြိုးတည်ဆောက်တာကြောင့် ဘဝနောက်ပိုင်းမှာ ဒီရောဂါဖြစ််နိုင်တဲ့ဘေး အလွန်ကို မြင့်မားတာပဲ ဖြစ်ပါတယ်။

အိပ်ရေးမဝတာကြောင့် ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေကတော့ တော်တော်လေးကို များပါတယ်။ ပထမအချက်အနေနဲ့ ပြောရရင် မျိုးပွားစနစ်ကို သက်ရောက်ပြီး အသက်အရွယ် ပိုအိုမင်းစေတာပါ။ ညဖက် ငါးနာရီ၊ ခြောက််နာရီပဲ အိပ််လေ့ရှိတဲ့ အမျိုးသားတွေဟာ ကိုယ်ထက် ဆယ်နှစ်နှစ်လောက်ကြီးတဲ့ သူတွေမှာ ရှိတဲ့ ဝှေးစေ့ဟော််မုန်းအဆင့်မျိုး ရောက်ပါတယ််။ ဒါကြောင့် အိပ််ရေးမဝသူတွေဟာ သုတ်အားနဲ့ ခန္ဓာသွင်ပြင်ပိုင်းမှာ ဆယ်နှစ််လောက် ပိုအိုစာစေတာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ်ကို အိ်ပ််ရေးမဝတာက ကောင်းကောင်းသက်ရောက်တယ််ဆိုတာ သိပြီး ဖြစ်မှာပါ။ တညကို လေးနာရီနဲ့ ငါးနာရီပဲ အိပ်ရင် ကင်ဆာတိုက်ဖျက်ရေး ကိုယ်ခံအားစနစ်ဆဲလ်တွေ ထုတ်လုပ်နှုန်း ရ၀ ရာခိုင်နှုန်း လျော့ကျပါတယ်။ ဒါကြောင့်် အိပ််ရေးမဝတာဟာ အမျိုးမျိုးသော ကင််ဆာတွေကို လက်ယပ်ခေါ်တာပဲ ဖြစ်ပါတယ်။

အိပ််ရေးမဝတာက အာရုံကြောသွေးလည်ပတ်မှု စနစ်ကိုလည်း သက်ရောက်ပါတယ်။ ညပိုင််း နှစ််နှစ်ခြိုက််ခြိုက် အိပ်နေပြီဆိုရင် သွေးပေါင်ချိန်ဟာ အံ့အားသင့်စဖွယ် သက်ရောက်တာကို တွေ့ရပါတယ်။ နှလုံးခုန်နှုန််း ကျလာပြီး သွေးပေါင််လည်း ကျလာပါတယ်။

အိပ်ချိန်တာ မပြည့်ဝဘူးဆိုရင် အာရုံသွေးလည်ပတ်စနစ်ကို မမြှင့်တင်ပေးနိုင်တာကြောင့် သွေပေါင်တက်လာတော့မှာပဲ ဖြစ်ပါတယ်။

Rf; Business Insider
Writer_မောင်သံဆင့်(XYZ News)