သင့်ရှပ်အကျီ င်္အဖြူတွေမှာရှိနေတဲ့ အဝါရောင်ချွေးကွက်တွေကို အလွယ်တကူ ဖယ်ရှားနည်း

ဝါရောင်အစွန်းအထင်းချွေးကွက်တွေကိုဖယ်ရှားရတာထင်ထားတာထက်ပိုလွယ်ပါတယ်နွေရာသီရောက်ပီဆိုရင်အဖြူရောင်ရှပ်အကျႌတွေ၊ဘလောက်စ်တွေ၊ဂါဝန်တွေကိုထုတ်ဝတ်လေ့ရှိပါတယ်။အဖြူရောင်အကျႌတွေကိုကြိုက်ပေမဲ့ချိုင်းနဲ့လည်ပင်းတစ်ဝိုက်မှာအဝါရောင်ချွေးကွက်တွေအလွယ်တကူကျန် လို့စိတ်ညစ်ရပါတယ်။အဝါရောင်ချွေးကွက်တွေကြောင့်အဖြူအကျႌဝတ်ဖို့ချီတုံချတုံဖြစ်ရပါတယ်။

 

 

ချွေးနံ့ပျောက်ဆေးနဲ့ဆား

လူတိုင်းချွေးထွက်ကြပါတယ်အထူးသဖြင့်အပြင်မှာပူရင်ပိုဆိုးပါတယ်ချွေးနံ့ပျောက်ဆေးကိုတစ်ချိန်လုံးသုံးတာတောင်မရပါဘူးရာသီဥတုကလည်းပူတယ်အဖြူအကျႌလည်းဝတ်ရမယ်ဆိုရင်ချွေးထဲကဆားဓာတ်နဲ့ချွေးနံ့ပျောက်ဆေးတို့ဓာတ်ပြုပြီးအဝါရောင်ချွေးကွက်တွေဖြစ်စေပါတယ်အဝါရောင်ချွေးကွက်တွေကိုဖယ်ရှားနိုင်မယ့်နည်းလမ်းတွေရှိပါတယ်။

လိုအပ်တာကတော့ –

250ml အဖြူရောင်ရှာလကာရည်
500ml ရေနွေး
120gမုန့်ဖုတ်ဆိုဒါ
စားပွဲတင်ဆား၁ဇွန်း
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စားပွဲတင်ဇွန်း၁ဇွန်း

ပြုလုပ်ပုံ

၁။ဇလုံ၁ခုထဲတွင်ရှာလကာရည်နဲ့ရေနွေးကိုရောပါ။ချွေးကွက်စွန်းနေသောအဝတ်ကိုဇလုံထဲထည့်ပြီးမိနစ်၂၀လောက်စိမ်ပါ။

၂။မုန့်ဖုတ်ဆိုဒါ၊ဆားနဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တို့ကိုဖန်ခွက်၁ခွက်ထဲတွင်ရောပါ။ရှာလကာရည်စိမ်ထားတဲ့အဝတ်ကိုဇလုံမှထုတ်ပြီးရေညှစ်ပါ။ပြီးလျှင်၎င်းကိုမျက်နှာသုတ်ပဝါပေါ်တွင်ဖြန့်ပါရောစပ်ထားတဲ့အရောကိုအဝါရောင်ချွေးကွက်ပေါ်တွင်ပွတ်တိုက်ပါ။မိနစ်၂၀လောက်ထားပါ။ဟိုက်ဒရိုပါအောက်ဆိုဒ်ကအဝတ်တွေကိုပြန်ဖြူစေပြီးမုန့်ဖုတ်ဆိုဒါနဲ့ဆားကအဝါရောင်အကွက်တွေကိုဖယ်ရှားနိုင်ပါတယ်။

ဒီနည်းလမ်းဟာအဝါရောင်ချွေးကွက်တွေပျောက်ဖို့ဈေးကြီးပစ္စည်းတွေဝယ်သုံးစရာမလိုဘဲပါ၀င်ပစ္စည်းတွေကိုလည်းပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်ပါတယ်။

Writer – Min Thu ( XYZ News )