GOAT ကြီး ကို လန်ဒန် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ချဲဆီး

 

ချဲဆီး ဟာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုးကြီး ရိုနာဒို ကို ခေါ်ယူဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကလဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်း အိုးထရက်ဖို့ တာဝန်ရှိသူတွေကို အသိပေးထားပါတယ်။

သို့သော် ယူနိုက်တက် ဘက်ကတော့ သူတို့ ကစားသမားကြီးကို ရောင်းချမှာ မဟုတ်ကြောင်း ပြောဆိုနေဆဲ ဖြစ်သလို ၊ စာချုပ်သက်တမ်းက 2023 ခုနှစ် အထိ ရှိနေဆဲ အချက်ကို ဆွဲကိုင်ထားဆဲ ဖြစ်ပါတယ်။

အသက် 37 နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီသားကြီး ကိုယ်တိုင်က ယူနိုက်တက် နဲ့ လမ်းခွဲဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးဟန် တူပါတယ်။ ဒါကြောင့်လဲ ရာသီ အကြို ပြင်ဆင်မှုတွေကို လာရောက် ပူးပေါင်းခြင်း မရှိသည့်တိုင်အောင် ၊ ကလပ် ဖက်က မိသားစု အကြောင်းပြကြောင့်လို့ အသံလွှင့်ထားပါတယ်။

 

ပြီးခဲ့တဲ့ လပိုင်း အတွင်း ကတည်းက ချဲဆီး ပိုင်ရှင်သစ် ဘိုလီ နဲ့ ရိုနာဒို ရဲ့ အေးဂျင့် မန်ဒက် တို့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ ရိုနာဒို ကို ခေါ်ယူနိုင်တဲ့ ခေါင်းစဉ်မျိုးကိုလဲ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူး ပါတယ်။

အဲဒီ အကြောင်းအရာဟာ နှစ်ဖက် တာဝန်ရှိသူတွေ အကြားမှာ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ပူးတွဲ ပိုင်ရှင် ဘိုလီ နဲ့ ဒါရိုတ်တာ Behdad Eghbali တို့ဟာ ဘောလုံး လောကရဲ့ ပြယုဂ် ကစားသမားကြီး တစ်ဦးကို ခေါ်ယူမယ့် အိုက်ဒီယာမျိုး ကို အကောင်ထည်ဖို့ ပြင်ဆင်ထားဟန် တူပါတယ်။

 

လက်ရှိ အနေအထားထက် ကျော်လွန်ပြီး အပြောင်းအရွှေ့ ကိစ္စက ပိုမို ရုပ်လုံးပေါ်လာမယ် ဆိုရင်တော့ ချဲဆီး အနေနဲ့ စဉ်းစားစရာ အချက်တွေ များလာနိုင်ပါသေးတယ်။ ဘဏ္ဍာရေး ပိုင်းဆိုင်ရာက အဓိက အချက် မဟုတ်ပေမယ့် ၊ နည်းပြ တူချယ် ရဲ့ သဘောထားကလဲ ထည့်တွက် စဉ်းစားရမယ့် ကြောင်းအရာမျိုးပါ။

ဂျာမန်သားကြီး ကရိုနာဒို ကို သဘောကျသူ ဖြစ်သည့်တိုင်အောင် ၊ အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ တေ့တေ့တင်တင် လုပ်ဆောင်မှုတွေ ရှိလာခဲ့မယ် ဆိုရင် သူ နဲ့ ရိုနာဒို တို့ အကြား ချဲဆီး ရဲ့ ကစားကွက်မှာ ဘယ်လို အံဝင်နိုင်တယ် ၊ ဘယ်လို ကစားဟန်မျိုး နဲ့ ပိုပြီး အသားကျနိုင်တယ် ဆိုတဲ့ ကိစ္စတွေကိုပါ ဆွေးနွေးဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်ပါသေးတယ်။

တစ်ချိန်တည်းမှာ ယူနိုက်တက် ကရော အနီးကပ် ပြိုင်ဘက် ဖြစ်နေတဲ့ အသင်းတစ်သင်းဆီ အဓိက တိုက်စစ်မှုး တစ်ဦးကို လက်လွှတ်ပေးပါ့မလား ဆိုတာကလဲ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စတမ်းဖို့ဒ်ဘရစ်ချ် ဘက်ကတော့ ဖြစ်နိုင်ချေ ရှိတဲ့ အခင်းအကျင်းတွေ အားလုံးကို ပယ်ချခြင်း မရှိပဲ ၊ အခြေအနေတွေ အားလုံးကို လေ့လာ သုံးသပ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

လက်ရှိမှာ ယူနိုက်တက် ဟာ အလွတ်ပြောင်းရွှေ့ကြေး နဲ့ အဲရစ်ဆင် ကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ကစားသမား နဲ့ တန်ဟတ် တို့အကြား တိုက်ရိုတ် ပြောဆိုမှုတွေ ရှိနေကာ 3 နှစ် စာချုပ် ချုပ်ဆိုကြမှာပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ကတော့ ယူနိုက်တက်ဟာ အဲရစ်ဆင် နဲ့ မလာစီယာ တို့ကို ခေါ်ယူနိုင်ကြောင်း ဒီတစ်ပတ်ထဲမှာ ကြေငြာဖွယ် ရှိနေတယ်လို့ ဖော်ပြသွားခဲ့ ပါတယ်။

 

SPORTS MYANMAR