“F*** you” သူမရောက်ခင်တုန်းက အဆင့်လေးရရေးကိုပဲ ဦစားပေး လုပ်ဆောင်ခဲ့တဲ့ အာဆင်နယ် အသင်းအပေါ် ဒေါသတကြီး ဝေဖန်လိုက်တဲ့ အီဒူး

အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ သူ အသင်းကို မရောက်ခင်တုန်းက အဆင့်လေး ရတာကို ဖလားအောင်မြင်မှု လို့ ထင်နေကြခဲ့ကြတဲ့သူတွေ အများအပြား ရှိနေခဲ့ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နှစ်နှစ်ဆက် အဆင့် ၈ နေရာသာ ရခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာတော့ အဆင့် ၅ နေရာ ရရှိခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၁၆-၁၇ ခုနှစ် နောက်ပိုင်းကတည်းက ချန်ပီယံလိဂ် ဝင်ခွင့် မရတော့တာ ဖြစ်ပြီး ခြောက်နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ အာဆင်နယ် အသင်းရဲ့နည်းစနစ် ဒါရိုက်တာ ဖြစ်လာတဲ့ အီဒူး ကတော့ အာဆင်နယ် အသင်း အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးထက် ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တွေ ထားရှိသင့်တယ်လို့ The Sun ကို ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ရဲ့ နောက်ပိုင်းနှစ်တွေမှာ အဆင့်လေး ရရေးကို ဦးစားပေး လုပ်ဆောင်တဲ့ အသင်း အဖြစ် နာမည်ကျော်ကြား ခဲ့ပါတယ် ။ အဲ့ဒီလို ရည်မှန်းချက်မျိုးကို လုံးဝ မနှစ်မြို့ကြောင်း အီဒူး က ခုလို ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် လို အသင်းက အဆင့်လေး ရရေးအတွက် ဦးစားပေး တည်ဆောက်ရမယ့် အသင်း မဟုတ်ပါဘူး ။ အာဆင်နယ် လို အသင်းကြီး တစ်သင်း အနေနဲ့ အဲ့ဒါကို လုံးဝ လက်ခံလို့ မရပါဘူး ၊ လွန်ခဲ့တဲ့ သုံးနှစ် ကျွန်တော် အာဆင်နယ် အသင်းကို ပြန်ရောက်လာချိန်မှာ အဲ့ဒီလိုတွေကြားရတော့ နာကျင် ခံစား ခဲ့ရပါတယ် ။ ”

” ဘာတွေ ဖြစ်ကုန်တာလဲ? အားလုံးက အဆင့်လေး ရတာကိုပဲ ကျေနပ် လက်ခံ နေကြတယ် ၊ ခင်ဗျားတို့ အားလုံး ဒီလို အနေအထားမျိုးကြီးကို အဆင်ပြေနေကြတာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ် ။ အဆင်ပြေနေတယ်ဆိုရင်တော့ ‘F*** you’ ပဲလို့ ပြောလိုက်ပါတယ် ။ ”

” ဘာကြောင့်လဲဆိုတော့ အာဆင်နယ် လို အသင်းမှာ အဲ့ဒီလို စိတ်ဓတ်ခံယူချက်ကြီးမှ ရှိမနေသင့်တာဗျာ၊အဲ့ဒီ အချိန်ကစပြီး ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်သွားဖို့ လိုအပ်နေပြီဆိုတာ သိလိုက်ရပါတယ် ။ ”

” ဒါကြောင့် အသင်းမှာ ဒီပွဲကိုတော့ လုံးဝ အရှုံး မခံနိုင်ဘူး ဘာမဆိုရင်ဆိုင် ကျော်ဖြတ်မယ်ဆိုတဲ့ ခံယူချက် ရှိတဲ့ ကစားသမားတွေကို လိုအပ်ပါတယ် ။ ဒီနွေရာသီမှာလည်း ကျွန်တော်တို့ အဲ့ဒီလို ခံယူချက် ရှိတဲ့ ကစားသမားတွေကို ခေါ်ယူ အားဖြည့် ထားနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM