အေတီကိုနဲ့ ရော်နယ်ဒို သတင်းထွက်နေတဲ့အပေါ် တုန့်ပြန်လိုက်တဲ့ အသင်း ခေါင်းဆောင် #ကိုကီ

ဒီတစ်ပါတ် အတွင်းမှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ အက်သလက်တီကို မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့လိုနေတယ် ၊ အေးဂျင့် မန်ဒက်စ် ကလည်း လိုက်လံ ဆွေးနွေးနေတယ်ဆိုတဲ့ သတင််းတွေပါပဲ ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အဆင့် 6 သာ ရရှိခဲ့တဲ့ အတွက် ဒီရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲသာ ကစားရဖို့ ရှိနေပါတယ် ။ ဒါ့အပြင် နွေမှာ ကစားသမားသစ် ခေါ်ယူမှု အပိုင်းမှာလည်း လက်နှေးခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မှတ်တမ်း အသစ်တွေ ဆိုက်ထူလိုတဲ့ ၊ ဆုဖလား အောင်မြင်မှုတွေ ရရှိလိုတဲ့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာလိုနေပြီလို့ သတင်းတွေကျယ်လောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုထိတော့ ထူးခြားမှု မရှိခဲ့သေးပါဘူး ။

ဒီကြားထဲမှာတော့ ရော်နယ်ဒို ကို ခေါ်ယူဖို့ ချဲလ်ဆီး ၊ ဘိုင််ယန်မြူးနစ် အသင်းတွေက သတင်းတွေ ကျယ်လောင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ နှစ်သင်းလုံးရဲ့ တာဝန်ရှိသူတွေက အဆိုပါ သတင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ယတိပြတ် ငြင်းခဲ့ကြပါတယ် ။

အခုတော့ သူ့ကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ် အသင်းက စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ များမကြာမီမှာပဲ အက်သလက်တီကို အသင်းရဲ့ ဥက္ကဌ ဖြစ်သူ စီရီဇို က ငြင်းဆန်စကား ဆိုခဲ့ပါသေးတယ် ။

အခုတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အသင််းခေါင်းဆောင် ဖြစ်သူ ကိုကီ က သူတို့ အသင်းရဲ့ အဝတ််လဲခန်းထဲမှာ ရော်နယ်ဒို အကြောင်းကို မပြောဖြစ်​ခဲ့သေးကြောင်း ၊ အသင်းမှာ အနယ်နယ်အရပ်ရပ်မှ တိုက််စစ်မှူးကောင်းတွေ ရှိနေကြောင်း ပြောဆို တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အသင်းရဲ့ အဝတ်လဲခန်းထဲမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အကြောင်းကို ပြောဆိုတာမျိုး မရှိခဲ့ရပါဘူး ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေက ခမ်းနားတဲ့ ကစားသမားတွေချည်းပဲလေ ။ ကျွန်တော်တို့ အသင်းမှာ အာဂျင်တီးနား ၊ ဘရာဇီး ၊ ပေါ်တူဂီ ၊ ပြင်သစ် နဲ့ စပိန် နိုင််ငံသား တိုက်စစ်မှူးတွေ ရှိနေကြပါတယ် ”

” သူတို့တွေက ခမ်းနားတဲ့ အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ခမ်းနားတဲ့ တိုက်စစ်မှူးတွေချည်းပါပဲ ။ သူတို့တွေ အားလုံးကို ကျွန်တော် ယုံကြည်ပါတယ် ” လို့ ကိုကီ က ရော်နယ်ဒို အကြောင်း အမေးခံရချိန်မှာ အခုလို ပြန်လည်် တုန့်ပြန်ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar