အာဆင်နယ် အသင်း အဝတ်လဲခန်း တစ်ခုလုံးကို တိတ်ဆက် ငြိမ်သွားစေခဲ့တဲ့ နည်းပြ အာတေတာ ရဲ့မိန့်ခွန်း ရုပ်သံဖိုင် ထွက်ပေါ်လာ

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ် ရာသီအစမှာ ဘရန့်ဖိုဒ့်၊ချဲလ်ဆီး၊မန်စီးတီး အသင်းတွေကို ဆက်တိုက် ရှုံးနိမ့်ပြီး သွင်းဂိုး မရှိ ပေးဂိုး ၉ ဂိုး နဲ့ အမှတ်ပေး ဇယား အောက်ဆုံး အထိ ရောက်နေခဲ့တာ ဖြစ်ပါတယ် ။

ပွဲစဉ် (၄) ရောက်မှ နောဝှစ်စီးတီး အသင်းကို အနိုင်ကစားပြီး ပထမဆုံး သွင်းဂိုး ပထမဆုံး နိုင်ပွဲ ရရှိ ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မနှစ်က Amazon နဲ့ All or Nothing Documentary ရိုက်ကူးဖို့ သဘောတူညီ ရိုက်ခဲ့တာကြောင့် မနှစ်က အသင်းရဲ့ ဖြတ်သန်းပုံတွေကို ပရိသတ်တွေ မကြာခင် ကြည့်ရှု ခွင့်ရတော့မှာ ဖြစ်ပါတယ် ။

Amazon Prime Video ဟာ မနေ့က ညပိုင်းမှာ ပြီးခဲ့တဲ့နှစ် ရာသီအစ သုံးပွဲ ဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရပြီးနောက်ပိုင်း အဝတ်လဲခန်း အတွင်း နည်း​ပြ အာတေတာ အသင်းသားတွေကို ကျေးဇူး တင်ကြောင်း မိန့်ခွန်း ပြောနေတဲ့ ရုပ်သံဖိုင် ၂ မိနစ် ၄၇ စက္ကန့်စာကို အမြည်းပြသ ခဲ့ပါတယ် ။

အဆိုပါ ရုပ်သံဖိုင်မှာ နည်းပြ အာတေတာ ဟာ ” မန်စီးတီးနဲ့ ပွဲပြီးတော့ ငါကြောက်နေခဲ့တယ်၊စိတ်မလုံမခြုံ ဖြစ်နေခဲ့တယ်၊မီဒီယာတွေကလည်း ငါ့ကိုသတ်နေပြီလို့ ခံစားခဲ့ရတယ်၊ဒါပေမယ့် ရုတ်တရက် အဲ့ဒီ ခံစားချက်တွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပြီး ကောင်းမွန်တဲ့ လက္ခဏာတွေကို ခံစားမိလာခဲ့တယ်။”

“ကိုယ့်ကိုယ်ကို ငါ့မှာ သိပ်ကို အံံ့ဩဖို့ကောင်းတဲ့ မိသားစုရယ် ဇနီးရယ် ကလေး သုံးယောက်ရယ် ကလပ် အသင်းရယ် ရှိနေတာပဲလေ ဆိုပြီးတော့ပေါ့၊အဲ့ဒီ အခိုက်အတန့် ကနေ အစပြုပြီး negative တွေ အားလုံးကို positive အဖြစ် ပြောင်းလဲ လိုက်တာပါပဲ ၊ ဒါတွေ အားလုံးက မင်းတို့ကြောင့်ပဲ ငါ့ကောင်တို့ရေ။”

“ဒီတစ်ပတ်မှာ ငါ ဘာကြောင့် နည်းပြ ဖြစ်ချင်တာလဲ ဒီအသိုင်းအဝိုင်းမှာ ဘာကြောင့် ရှိနေချင်တာလဲ ဒီလူတွေနဲ့ ဘာကြောင့် အလုပ်တွဲလုပ်ချင်တာလား ဆိုတဲ့ ရည်ရွယ်ချက်ကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်၊ဒါကြောင့် ငါ့ဘက်ကနေ မင်းတို့ကို ပြောချင်တာက ကျေးဇူး အများကြီး တင်တယ်ဆိုတာပါပဲ။”

” ခက်ခဲ့တဲ့ အခိုက်အတန့်မှာ မင်းတို့က ငါ့ရဲ့ဘောလုံး career တစ်လျှောက် အကောင်းဆုံး ရက်သတ္တပတ် ကို ဖန်တီး ပေးခဲ့တာပါ။ကိုယ့်ကိုယ်ကို ယုံကြည်မှု ထားပါ ၊ ငါလည်း ထားထားတယ် ၊ မင်းတို့က သိပ်ကောင်းတဲ့ ကစားသမားတွေပါ ၊နည်းပြ တစ်ဦးအနေနဲ့ နောက်ဆုံးလုပ်ဆောင်ရမယ့် အရာက ဝေဖန်ပြစ်တင်မှု မှန်သမျှကို တာဝန်ယူဖို့ပါပဲ၊ငါ အဲ့တာတွေ အားလုံးကို တာဝန်ခံသွားမှာ ဖြစ်တယ်။” လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

All or Nothing Documentary မှာ အပိုင်း ၈ ပိုင်း ပါဝင်ပြီး ဩဂုတ်လ ၄ ရက်နေ့ကစပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း သုံးပတ် ဆက်တိုက် ပြသသွားမှာပါ ။

All or Nothing Episode 1,2,3 ကို ခရစ္စတယ်ပဲလေစ် အသင်းနဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်မှီ တစ်ရက်အလို မှာ ထုတ်လွှင့် ပြသ သွားပါမယ်။

Episode 4,5,6 ကို ဩဂုတ်လ ၁၁ ရက်နေ့ နဲ့ Episode 7,8 ကိုတော့ ဩဂုတ်လ ၁၈ ရက်နေ့မှာ ပြသ သွားမှာပါ ။ Episode အားလုံးကို Amazon Prime Video မှာပဲ သီးသန့် ကြည့်ရှု့ နိုင်မှာပါ ။ Member အသစ်တွေ အနေနဲ့ 30 days trial နဲ့ sign-up လုပ် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး subscription fees ကတော့ တစ်လ ၁၂.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ် ။

SM