အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ် အသင်းဟာ ဂွမ်ဒူဇီ နဲ့ အိုမာရီ ဟက်ချင်ဆန် တို့ကို မာဆေးလ် နဲ့ ချဲလ်ဆီး အသင်းထံ ရောင်းချရာမှာ sell-on clauses တွေ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ် ။ ဒါကြောင့် ဂွမ်ဒူဇီ နဲ့ ဟက်ချင်ဆန် တို့သာ နောက်ထပ် အသင်းတစ်သင်းကို ပြောင်းပါက sell-on clause အတိုင်း အကျိုး ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။

၂။ အာဆင်နယ် အသင်းရဲ့ကစားသမားသစ် ဖေဘီယို ဗီအဲရာဟာ အပေါ့စား လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပြီး မကြာခင် အချိန်မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းနိုင်တော့မှာပါ။တိုမီယာစု ဟာလည်း အာဆင်နယ် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ နီးစပ် နေပြီ ဖြစ်ပါတယ်။ တီယာနေး ရဲ့ အခြေအနေကတော့ အခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၃။ အာဆင်နယ် အသင်းဟာ ဆီဗီးလား အသင်းနဲ့ အမ်းမရိတ် ဖလားပွဲမတိုင်မှီ ဒီကြားရက်ထဲမှာ ဘရန့်ဖိုဒ့် အသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ် ။

၄။ အာဆင်နယ် အသင်းကနေ ဘာမင်ဂမ် ကို အငှားသွားရောက် ကစားနေတဲ့ အာရွန် ထရပ်စ်တီ ဟာ ကျောနံပါတ် ၅ ဝတ်ဆင် ကစားခွင့် ရရှိထားပြီး သူ့ရဲ့ရာသီကြို ခြေစွမ်း နဲ့ ပတ်သက်ပြီး ချီးကျူးမှုတွေလည်း ရရှိ ထားပါတယ် ။

၅။ အာဆင်နယ် အသင်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ ဂက်ပို ကို ပီအက်စ်ဗွီ အသင်းက အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေတယ်လို့ ရိုမာနို က ဆိုပါတယ် ။ ဂက်ပို ရဲ့တန်ကြေးဟာ ယူရို သန်း ၄၀ နဲ့ ၄၅ သန်း ဝန်းကျင် ရှိပါတယ် ။

၆။ Four Four Two ရဲ့အာဆင်နယ် သတင်းထောက် Freddie Paxton က မာကွင်ဟိုစ့် ဟာ ဒီရာသီမှာ အငှားထွက် ကစားဖို့ မရှိဘဲ အသင်းကြီးနဲ့ အတူ ရှိသွားမှာ ဖြစ်ကြောင်း The Fresh Arsenal Show မှာ ပြောကြား သွားခဲ့ပါတယ် ။

၇။ ဒါ့အပြင် Freddie Paxton က အာဆင်နယ် အသင်းရဲ့ နောက်ထပ် ပစ်မှတ်ဟာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်ကြောင်း ၊ တိုင်လီမန်းစ် နဲ့ ပါကေတာ တို့နှစ်ဦးမှာ တိုင်လီမန်းစ် ကို ခေါ်ယူ နိုင်ချေ ပိုမို များပြားကြောင်း ပြောကြား လိုက်ပါတယ် ။

၈။ အာဆင်နယ် အသင်း ဂိုးသမား လေနို ဟာ တန်းတက် ဖူလ်ဟမ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း နဲ့ ပြောင်းရွှေ့ဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း မနေ့က Telegraph ရဲ့ သတင်းထောက် Sam Dean က ရေးသား ဖော်ပြ ခဲ့ပါတယ် ။

၉။ အာဆင်နယ် အသင်းဟာ ရက်သတ္တပတ် တစ်ပတ် ကြာမြင့်ခဲ့တဲ့ အမေရိကန် ခြေစမ်းပွဲ ခရီးစဉ်ကနေ ပေါင် ၇သန်း -၈ သန်း ဝန်းကျင် အထိ ရရှိခဲ့တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ အမေရိကန် မှာ အဲဗာတန်၊အော်လန်ဒို၊ချဲလ်ဆီးတို့နဲ့ ကစားခဲ့တာ ဖြစ်ပါတယ်။

SM