အဘမ်းခံရမယ့် စပါးလူသစ် ၊ နေမာကိုဆက်ထားမယ့် နည်းပြသစ် ၊ လစ်ဗာငှက်တို့ရဲ့ ကျောနံပါတ်တွေနဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

 

တော့တင်ဟမ် ဟော့စပါး အသင်းကို အဲဗာတန် ကနေ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူး ရစ်ချလီဆင် ဟာ မနှစ်က ရာသီတုန်းက ကွင်းထဲ ကျလာတဲ့ မီးရှုးကို ကောက်ယူကာ ပွဲကြည့်စင်ပေါ်ကို ပြန်ပစ်တင် ခဲ့မှု အတွက် FA က တပွဲပယ် အပြစ်ဒဏ် ကို ချမှတ် သွားဖို့ ဆုံးဖြတ် လိုက်တာကြောင့် ဆောက်သမ်တန် နဲ့ ရင်ဆိုင် ကစားမယ့် ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ် ကို ပါဝင် ကစား နိုင်တော့မှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ အသင်းရဲ့ ၂၁ နှစ် အရွယ် ကစားသမားလေး မာရီယို ဂီလာ ကို လာဇီယို အသင်းဆီ ရောင်းချ သွားဖို့ နီးစပ် နေပြီး ရီးရဲ ဟာ စပိန်သားလေးရဲ့ ပုံရိပ် အသုံးပြုခ ရဲ့ ၅၀% ကို ဆက်လက် ရရှိ နေဦးမယ်လို့ သိရပါတယ် ။

 

စူပါ အေးဂျင့် မန်ဒက်စ် ဟာ ဘာစီလိုနာ ကို ရောက်ရှိ နေစဉ် အတွင်း ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ နဲ့ ရိုနယ်ဒို ရဲ့ အကြောင်းတွေကို ပြောဆိုခဲ့ သလို သူ့ရဲ့ အခြား ကစားသမားတွေ ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား ၊ ရူဘင် နီဗက်စ် တို့ ရဲ့ အကြောင်းတွေ ကိုလည်း လာပေါ်တာ နဲ့ ပြောဆို ဆွေးနွေး ခဲ့တယ်လို့ သိရှိရ ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် ကတော့ မိန့်ဇ် အသင်း ကစားသမား နီယာကိတ် ကို ပေါင် ၁၀ သန်း + အပိုဆုကြေး တို့နဲ့ ခေါ်ယူ နိုင်ဖို့ အတွက် ဆေးစစ်မှု ပြုလုပ် ပြီးစီး သွားခဲ့ပြီလို့ သိရပါတယ် ။

ဆောက်သမ်တန် မှာ ကစားခဲ့ဖူးတဲ့ ဂျပန် နောက်ခံလူ ယိုရှီဒါ ကတော့ ရှော်ကေး အသင်းဆီကို အလွတ် နဲ့ ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ပြီးမြောက် သွားခဲ့ပြီလို့ သိရပါတယ် ။

လီဗာပူး အသင်းဟာ ၂၀၂၂ – ၂၀၂၃ ဘောလုံး ရာသီ အတွက် ကျောနံပါတ် တွေကို ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

ဘင်ဖီကာ ကနေ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူး ဒါဝင်နူညက်ဇ် ဟာ အေစီမီလန် ကို ပြောင်းရွှေ့ သွားတဲ့ အိုရီဂီ ရဲ့ နံပါတ် ၂၇ ကို ဝတ်ဆင် သွားမှာ ဖြစ်ပြီး ဖူလ်ဟမ် ကနေ ပြောင်းလာတဲ့ ဖာဘီယို ကာဗယ်ဟို ကတော့ ၂၈ ကို ဝတ်ဆင် သွားမှာ ဖြစ်ပါတယ် ။

မနှစ်က အသင်းမှာ နံပါတ် ၂၈ ဝတ်ကစား ခဲ့တဲ့ ဘန်ဒေးဗီးစ် ကတော့ နံပါတ် ၂၄ ကို ပြောင်းလဲ ဝတ်ဆင်မှာ ဖြစ်ပြီး အဘာဒင်း ကနေ ရောက်လာခဲ့တဲ့ ကယ်လ်ဗင် ရမ်ဆေး ကတော့ ကျောနံပါတ် ၂၂ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရှိရ ပါတယ် ။

ဖူလ်ဟမ် အသင်း ဟာ ရှက်တာ ဒိုးနက် အသင်းမှာ ကစားနေတဲ့ မာနော် ဆော်လမွန် ကို အငှားနဲ့ မကြာခင်မှာ ခေါ်ယူ နိုင်တော့မယ်လို့ သိရပါတယ် ။

PSG နည်းပြသစ် ဖြစ်လာခဲ့တဲ့ ခရစ်စတိုဖီ ဂယ်လ်တီယာ က သူဟာ နေမာ ကို အသင်းမှာ ဆက်လက် ရှိနေဖို့ ဆန္ဒ ရှိတယ်လို့ ပြောဆို သွားခဲ့ပြီး ဘရာဇီးသားဟာ ကမ္ဘာ့ အဆင့် ကစားသမား တယောက် ဖြစ်တယ်လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဂယ်လ်တီယာ က သူဟာ လာမယ့် ရာသီသစ် မှာ နောက်တန်း ၃ ယောက် ကစားကွက် ကိုလည်း အသုံးပြု သွာမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် ဟာ လူငယ်လေး ရယ်လ်ဒိဇ့် ရဲ့ အလားအလာ နဲ့ အရည်အသွေးတွေကို သဘောကျတာကြောင့် အသင်းမှာ ဆက်ထားလိုပေမယ့် တူရကီသားလေး တောင်းဆိုတဲ့ လုပ်ခ ပမာဏ ကိုတော့ လိုက်လျောဖို့ ဆန္ဒ မရှိတာကြောင့် လက်လွှတ် ခဲ့ရတာ ဖြစ်တယ်လို့ အသင်း ဒါရိုက်တာ ဆာလီဟာမစ်ဇစ် က ထုတ်ဖော ပြောဆို သွားခဲ့ ပါတယ် ။

 

ရယ်လိဒ့်ဇ် ဟာ မကြာခင် ရက်အနည်းငယ် အတွင်းမှာ ယူဗင်တပ် အသင်းဆီ ပြောင်းရွှေ့မယ်လို့ ကြားသိရ ပါတယ် ။

ယူဗင်တပ် ဟာ ပေါလ် ပေါ့ဘာ နဲ့ ဒီမာရီယာ တို့ကို လာမယ့် စနေနေ့မှာ အသင်းနဲ့ စတင် ပူးပေါင်းဖို့ မျှော်လင့် ထားတယ်လို့လည်း သိရပါတယ် ။

ဖီအိုရင်တီးနား ဒါရိုက်တာ ပရာဒဲ က ဘာစီလိုနာ လူငယ်လေး ရီကွီပစ်ဂျ် ဟာ သူတို့ နဲ့ နီးစပ်မှု လုံး၀ မရှိခဲ့ ဖူးကြောင်း ၊ လူကာ ဂျိုဗစ် အတွက် ရီးရဲမက်ဒရစ် နဲ့ ညှိနှိုင်းမှု အဆင်ပြေနေပေမယ့် အပြီးတော့ မသတ်နိုင်သေးကြောင်းတွေ ကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

ဘန်လေ ကို ဇန်နဝါရီကမှ ပြောင်းရွှေ့ လာပြီး ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ ၂ ဂိုးသာ သွင်းယူ နိုင်ခဲ့တဲ့ နယ်သာလန် တိုက်စစ်မှူး ဝက်ဟော့စ် ကတော့ အသင်းသစ် ရှာဖွေဖို့ ပြင်ဆင် နေပြီလို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ က ရောင်းထုတ်လို ပေမယ့် ဒိန်းမတ် တိုက်စစ်မှူး မာတင် ဘရိသ်ဝိတ် ကတော့ နူးကမ့် မှာ ဆက်နေသွားဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ် ။

ကတ်တလန် အခြေစိုက် သတင်းစာ SPORT ရဲ့ ဖော်ပြချက် အရ ဘိုင်ယန်မြုးနစ် ဟာ ဘာစီလိုနာ တို့ ခေါ်ယူဖို့ ကြန့်ကြာ နေတဲ့ ဆီဗီးလား ခံစစ်မှူး ဂျူးလ် ကွန်ဒေး ကို စိတ်ဝင်စားမှု ရှိလာခဲ့ပြီလို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ လူငယ်လေး နီကို ဂွန်ဇာလက် ဟာလည်း ပွဲကစားခွင့် ပိုမို ရရှိ စေဖို့ အတွက် ဘာစီလိုနာ ကနေ အငှား ထွက်ခွာဖို့ စိတ်ပြင်းပြ နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရိန်းဂျားစ် ကွင်းလယ်လူ ဂျိုး အေရီဘို ဟာ ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန် ကို ရောက်ဖို့ နီးစပ် နေပြီး ဖူလ်ဟမ် ၊ နော်တင်ဟမ် ဖောရက်စ် တို့ကလည်း အေရီဘို ရဲ့ အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR