အက်စတွန် ဗီလာနဲ့ သရေပွဲမှာ ယူနိုက်တက်တို့ လုပ်ခဲ့တဲ့ အမှားတွေကို ထုတ်ပြောလိုက်တဲ့ ဒါးလော့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အာရှမြေက နောက်ဆုံး ရာသီကြို ခြေစမ်းပွဲ အဖြစ် သြစတြေးလျမြေမှာ အက်စတွန် ဗီလာ အသင်း နဲ့ ရင်ဆိုင်ခဲ့ရပြီး 2 – 2 ဆိုတဲ့ ရလဒ် နဲ့ သရေ ပွဲ တစ်ပွဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ် ။

ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်တော့ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပထမဆုံးအကြိမ် နိုင်ပွဲ ပျောက်ဆုံးတဲ့ ပွဲစဥ်မျိုး ဖြစ်သွားခဲ့ရပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ ပထမပိုင်းမှာပဲ ဆန်ချို ၊ ကပ်ရှ် (OG) တို့ကြောင့် နှစ်ဂိုးရခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်း မှာတော့ လီယွန် ဘိုင်လီ နဲ့ ကလမ် ချန်ဘားစ် တို့ကြောင့် 2 ဂိုး ပြန်ပြီးပေးခဲ့လိုက်ရပါတယ် ။ ဒီပွဲမှာ ယူနိုက်တက် တို့ဟာ ပထမပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီးမှ ဒုတိယပိုင်း ကစားအားကျဆင်းခဲ့မှုကြောင့် သရေ ရလဒ် နဲ့ ကျေနပ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် အသင်းအတွက်် ခြေစွမ်းကောင်းတွေ ပြသနေခဲ့တဲ့ ဒီယိုဂို ဒါးလော့ က ဘာကြောင့် သရေ ရလဒ် ထွက်ပေါ်ခဲ့ရတာလဲလို့ အမေးခံလိုက်ရချိန်မှာ ဒုတိယပိုင်း ကစားပုံမှ ဘောလုံးကွင်းရဲ့ အားနည်းချက်ကို ထောက်ပြ ဖြေဆိုသွားခဲ့လိုက်ပါတယ် ။

” ခက်ခဲတဲ့ ပွဲစဥ်ပါပဲ ။ ဒါကို ခင်ဗျားတို့ မြင်တွေ့ခဲ့ရလိမ့်မယ်လို့ ထင်မိပါတယ် ။ ဒီ ဘောလုံးကွင်း ကလည်း ဘောလုံံး ကစားဖို့ လုံလောက်စွာ ကောင်းမွန်တဲ့ ကွင်းမျိုး မဖြစ်ခဲ့ရပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ပထမပိိုင်းကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ”

” ကျွန်တော်တို့ဟာ နည်းပြ ကစားစေလိုတဲ့ ပုံစံနဲ့ ကစားခဲ့ကြပြီး လှပတဲ့ သွင်းဂိုးနှစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းကတော့ ကစားရ ပိုပြီး ခက်ခဲဲခဲ့ပါတယ် ။ ကျွန်တော်တို့က ဒုတိယပိုင်းမှာ ဒီထက်ပိုပြီး လှုပ်လှုပ်ရှားရှား ကစားနိုင်ခဲ့သင့်ပါတယ် ”

” ကျွန်တော်တို့ဟာ ကောင်တာ တိုက်စစ်ဆင် ကစားဟန် ကနေ ဂိုးတွေ ပြန်လည် ပေးခဲ့လိုက်ရ ပါတယ် ။ တကယ်တော့ ဒါမျိုး မဖြစ်သင့်ပါဘူး ။ ကွင်းကလည်း ပိုပြီး ဆိုးသွားခဲ့တာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါသေးတယ် ”

” ဒါ့ကြောင့် ပွဲစဥ်ဟာ ကစားရ အနည်းငယ် ရုပ်ဆိုးသွားခဲ့ရပါတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာတော့….. ကျွန်တော်တို့ ဒီ ခရီးစဥ်မှာ ထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေအပေါ် ကျေနပ်သင့်တယ်လို့ ထင်မိပါတယ် ” လို့ ဒါးလော့ က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar