လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူရလိုက်တဲ့ အကြောင်းအရင်း နှစ်ခုကို ထုတ်ပြောလိုက်တဲ့ ဂျွန် မားတော့ဗ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနွေရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် အေဂျက်ဇ် အသင်းဆီရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူလိုက်တဲ့နောက် အားကစား ဒါရိုက်တာ ဖြစ်သူ ဂျွန် မားတော့ဗ် က သူဟာ အသင်းဆီ အရည်အသွေးတွေနဲ့ အတွေ့အကြုံတွေ ယူဆောင်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ ညနေမှာပဲ အေဂျက်ဇ် အသင်းရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ပေါင် 46.8 သန်း (55.3 သန်း အထိ တိုးနိုင်ခွင့်ရှိ) ၊ ငါးနှစ် + တစ်နှစ် စာချုပ် သက်တမ်း ထပ်မံ တိုးခွင့်နဲ့ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အသက် 24 နှစ် ရှိနေခဲ့ပြီ ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် ဟာ ဘယ်ခြေသန် ဗဟို နောက်ခံလူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဲရစ် တန်ဟတ် လက်အောက်မှာ 36 ပွဲအထိ ကစားပေးခဲ့သူပဲ ဖြစ်ပါတယ် ။ မာတီနက်ဇ် ဟာ မနေ့ကပဲ ကာရင်တန် လေ့ကျင့်ရေးကွင်းထဲမှာ အသင််းနဲ့ လေ့ကျင့်မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး အေတီကို နဲ့ ကစားရမယ့် ပွဲစဥ်မှာ ပါဝင်လာဖွယ် ရှိနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေထဲမှာ တိုင်ရယ် မာလာစီယာ ၊ ခရစ္စတီယံ အဲရစ်ဆင် တို့ကို ခေါ်ယူခဲ့တဲ့နောက် တတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် အားကစား ဒါရိုက်တာ ဖြစ်သူ ဂျွန်မားတော့ဗ် က အာဂျင်တိုင်းသားဟာ အသင်းဆီကို အရည််အသွေးတွေနဲ့ အတွေ့အကြုံတွေ ယူဆောင်ပေးလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” လီဆန်ဒရို (မာတီနက်ဇ်) ဟာ ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်တဲ့ ကစားသမားမျိုး ဖြစ်ပြီး အဲရစ် တန်ဟတ် ရဲ့ အသင်းထဲကို နောက်ထပ်အရည်အသွေးတွေနဲ့ အတွေ့အကြုံတွေ ယူဆောင်ပေးလာပါလိမ့်မယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကြည်နူးဝမ်းမြောက်မိပါတယ် ”

” ကျွန်တော်တို့ဟာ သူထပ်မံ တိုးတက်ကောင်းမွန်လာမှာကို ရှေးရှုနေကြပြီး ကျွန်တော်တို့ ရည်မှန်းနေကြတဲ့ အောင််မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ရှေးရှုနေကြပါတယ် ” လို့ ဂျွန် မားတော့ဗ် က ပြောကြား သွားခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar