ရော်နယ်ဒို ထွက်ခွင့်တောင်းတာနဲ့ ပတ်သက်လို့ တွစ်တာပေါ်မှာ အခြေအတင်ဖြစ်ခဲ့ကြတဲ့ ကာရေဂါ နဲ့ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းမှ ထွက်ခွာခွင့်ပေးဖို့အတွက်် တောင်းဆိုထားတယ်ဆိုတဲ့ သတင်းထွက်ခဲ့တဲ့နောက် ယူနိုက်တက် ဂန္တဝင် နဗီးလ် နဲ့ လီဗာပူး ဂန္တဝင် ကာရေဂါတို့ တွစ်တာ အထက်မှာ အခြေအတင် ဖြစ်ခဲ့ကြပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ပြောင်းလာခဲ့တာ ဖြစ်ပြီး စိတ်ပျက်ဖွယ် ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့ အပြင် ချန်ပီယံလိဂ် ကစားခွင့်လည်း ဆုံးရှုံးသွားခဲ့ရပါတယ် ။

အဲ့ဒီနောက် နွေစျေးကွက်ထဲမှာ ယူနိုက်တက်တို့ လှုပ််ရှားမှု နှေးကွေးနေခဲ့တာကလည်း ပြောစရာ ဖြစ်ခဲ့ရပြီးနောက် ကစားသမား ဖြစ်သူဟာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပါက ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်း တစ်ရပ် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ လီဗာပူး ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က သူ ထင်ထားတာတွေ တကယ် ဖြစ်ခဲ့ပြီလို့ ပြောရင်း ယူနိုက်တက်ဆီကို မလာခင် မန်စီးတီး အသင််းရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမဲ့ ပယ်ချခဲ့တဲ့ အချက်ကိုပါ ထည့်သွင်း ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ် ။

” ရော်နယ်ဒို ဟာ ကျွန်တော် တွေးထားတဲ့ အတိုင်း ကွက်တိိ လုပ်သွားခဲ့တာပါ ။ သူဟာ ဂိုးတွေ သွင်းမယ် ၊ ဒါပေမဲ့ အသင်းရဲ့ ကစားကွက်ကို ပိုဆိုးစေခဲ့သူပါပဲ ။ အခုလို အသင််းမှ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုတာကြီးက ယူနိုက်တက်ကို ချစ်လို့ စီးတီးကို ပယ်ချခဲ့တာ ဆိုတဲ့ idea ကို သေဆုံးစေခြင်းပါပဲ 😂 ”

” ပြီးတော့ ဘာလို့ အခုမှ ပြောတာလဲ ? အဲရစ် တန်ဟတ် က မင်း ငါ့ရဲ့ ပလန်ထဲ မပါဘူး ( ဒါမှမဟုတ် ) ကစားခွင့်တွေ ကန့်သတ်ခံရမယ်လို့ ပြောခဲ့လို့များလား ?? တကယ်တော့ ပြီးခဲ့တဲ့ ရာသီ ကုန်ဆုံးခဲ့ချိန်က အခုလို တောင်းဆိုမှု ပြုလုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ခဲ့တာပါ ရော်နယ်ဒို ရေ ” လို့ ကာရေဂါ က ပြောခဲ့လိုက်တာကို နဗီးလ် က …

” ငါသိပြီ ၊ မင်းဟာမင်း ဟုတ်လှပြီ ထင်နေတာပဲ ။ ဒါပေမဲဲ့ သူဟာ ယူနိုက်တက်ဆီ လာဖို့ စီးတီးကို ပယ်ချနိုင်စွမ်းရှိသူ တစ်ဦးပါ။ သူဟာ ယူနိုက်တက်ကို ပိုချစ်ပေမဲ့ နွေမှာ ထွက်ချင်ထွက်လို့ ရတာပဲ ။ သူအရင်ကလဲ အသင်းကနေ ထွက်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အသင်းကို ချစ်နေဆဲ ဆိုတာကို အားလုံး သိကြပြီးသားပါ ။ စနေည နဲ့ မင်းရဲ့ ခနတာ အောင်မြင်မှုကို ပျော်ရွှင်ခံစားလိုက်ပါ 👍 ” လို့ နဗီးလ် က ပြန်လည် တုန့်ပြန်လိုက်ချိန် ကာရေဂါ က…

” စီးတီးက သူ့ကို မလိုချင်ခဲ့ပါဘူးကွ 🤡 ဒါပေမဲ့ မင်းက Elvis မန်ချက်စတာ ရောက်လာပြီဆိုသလိုမျိုး ဒီစကားချည််း တွင်တွင် ပြောနေတုန်းနော် ။ Elvis က ထွက်သွားပြီဟ 😂😂😂 ” လို့ ကာရေဂါ က ပြန်လည် ဟာသလုပ်ခဲ့ချိန်မှာ နဗီးလ် က ” စကားဝိုင်း နည်းတယ်ကွာ 🙏” လို့ ပြန်ပြောပြီး အဆုံးသတ်လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar