ရော်နယ်ဒိုကို ဆုံးရှုံးရနိုင်ခြေရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ရွိုင်ကိန်း

အခုရက်ပိုင်း အတွင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်ခုကို ရရှိပါက မန်ချက်စတာ ကနေ ထွက်ခွာခွင့်ပေးဖို့ အသင်းကို တောင်းဆိုထားကြောင်း သတင်းတွေ ကျယ်လောင်ခဲ့ပါတယ် ။

အခုလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ယူနိုက်တက်တို့ဟာ နွေစျေးကွက်ထဲ လှုပ်ရှားမှု အရမ်းကို နှေးကွေးနေခဲ့ခြင်း ၊ အကောင်းဆုံး ကစားသမားတွေ ၊ အသင််းတွေ ပါဝင်ကြတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားခွင့် မရရှိခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာတော့ ရော်နယ်ဒို ထွက်ခွာတာက အသင်းအတွက် ကောင်းလိမ့်မယ်လို့ ပြောဆိုနေခဲ့သူတွေ ရှိခဲ့ကြသလို အချို့ကတော့ ဂိုးသွင်း စွမ်းရည်တွေကို ပြသနေဆဲ ကစားသမား တစ်ဦးအား အဆုံးရှုံးမခံဖို့ တိုက်တွန်းတာလည်း ရှိနေခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းက ရော်နယ်ဒို ဟာ ဂိုးတွေသွင်းယူနိုင်ဆဲ ကစားသမားမျိုး ဖြစ်ကြောင်း ရော်နယ်ဒိုထက် တကယ့် ပြသနာက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေတာ ဖြစ်ကြောင်း ၊ ဆက်လက် ထိန်းသိမ်းထားသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ့ကို ခေါ်ခဲ့တာက ပရိသတ်တွေနဲ့ ရှယ်ယာ စျေးကွက် ပြသနာတွေကို ရေတို ဖြေရှင်းဖို့ပါ ။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဂိုးတွေ ဆက်တိုက် သွင်းယူနေဆဲပါပဲ ။ တကယ်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရော်နယ်ဒို ထက် ပိုပြီး ကြီးမားတဲ့ ပြသနာတွေ ရှိနေခဲ့တာပါ ”

” သူ သွင်းယူပြခဲ့တဲ့ ဂိုးအရည်အတွက်နဲ့ စွမ်းဆောင်ရည်တွေက အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ ထိုက်တန်တယ်လို့ ကျွန်တော် တွေးပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သူ့ကို ဝန်းရံ ကစားစေဖို့ အနားမှာလူကောင််းတွေ ထားပေးဖို့ လိုပါတယ် ”

” ခင်ဗျားရဲ့ အသင်းက ဂိုးသွင်းအများဆုံး ကစားသမား ၊ ခင်ဗျားတို့ မှီခိုနေရတဲ့ ကစားသမားက အသက် 37 နှစ် ရှိနေပြီဆိုတာက မကောင်းပါဘူး ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ စွမ်းဆောင််ရည်အရ ကျွန်တော်ကတော့ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားမှာပါ ”

” ခင်ဗျား ဘယ်လို ကစားကွက်မျိုး ခင်းကျင်းလိုသလဲ ၊ အပါတ်စဥ် အပါတ်တိုင်း ဘယ်လို ကစားကွက် ခင်းကျင်းမလဲဆိုတာနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးဖို့ လိုအပ်ပါတယ် ။ အဲ့ဒီအစား ဒီလောက်ထိ ဂိုးတွေ သွင်းပေးနိုင်ခဲ့တဲ့ ကစားသမားကို ဘာလုပ်ထုတ်မလဲ ? Logic မရှိပါဘူး ” လို့ ရွိုင်ကိန်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar