ယူနိုက်တက် ကစားသမားသစ် ဖြစ်လာတဲ့ လီဆန်ဒရို မာတီနက်ဇ် ရဲ့ ​ပြောစကားများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ ညနေမှာပဲ ဒီနွေရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် နယ််သာလန် ကလပ် အေဂျက်ဇ် အသင်းရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ပေါင် 55.3 သန်း ၊ 5 နှစ် + 1 နှစ် စာချုပ် နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ် ။

အခုတော့ အသက် 24 နှစ် အရွယ် ဗဟို နောက်ခံလူ ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် ဟာ တိုင်ရယ် မာလာစီယာ ၊ ခရစ္စတီယံ အဲရစ်ဆင် တို့ရဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာခဲ့ပါပြီ ။

အခုတော့ ယူနိုက်တက် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ မာတီနက်ဇ် က အခုလို ကြီးကျယ် ခမ်းနားတဲ့ အသင်းဆီ ရောက်လာနိုင်တာက ဂုဏ်ယူစရာ ဖြစ်ကြောင်း ၊ ဒီလိုမျိုး ရက်စွဲကို ပိုင်ဆိုင်နိုင်ဖို့ အတွက် သူဟာ အလုပ်တွေ ကြိိုးစားခဲ့တာ ဖြစ်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ဒီလို ခမ်းနားတဲ့ ဘောလုံး အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိိတာက ကျွန်တော့်အတွက်တော့ တကယ့်ကိုဂုဏ်ယူစရာပါပဲ ။ ကျွန်တော်ဟာ ဒီလို အခိုက်အတန့်မျိုးကို ပိုင်ဆိုင်နိုင််ဖို့ အတွက် အလုပ်တွေ ကြိုးစားခဲ့ရတာပါ ။ ကျွန်တော် အခုတော့ ဒီကို ရောက်လာခဲ့ပါပြီ ။ ဒီထက် ပိုကောင်းနိုင်ဖို့ မိမိကိုယ်ကို တွန်းအားပေးရန်ပဲ ကျန်ပါတော့တယ် ”

” ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ အောင်မြင်တဲ့ ကလပ်် အသင်းတွေရဲ့ အစိတ်အပိုင်း ဖြစ်ခွင့် ရရှိခဲ့တဲ့ အတွက် ကံကောင်းတယ်လို့ ခံစားမိပါတယ် ။ အဲ့တာကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း ဆက်လုပ်နိုင်ဖို့ ကျွန််တော် အလိုရှိနေပါတယ် ”

” အဲ့ဒီလို အခိုက်အတန့်မျိုးကို ပိုင်ဆိုင်နိုင်ဖို့ အလုပ်တွေ အများကြီး လုပ်ဆောင်ရမှာတော့ အသေအချာပါပဲ ။ ဒီ မန်နေဂျာ နဲ့ နည်းပြတွေ ၊ ကျွန်တော်ရဲ့ အသင်းဖော် အသစ််တွေဟာ ဒါကို လုပ်ပြနိုင်စွမ်း ရှိတယ်လို့ ကျွန်တော်ဟာ သေချာပေါက် ပြောရဲပါတယ် ”

” အေဂျက်ဇ် အသင်းနဲ့ ပရိသတ်တွေ ကျွန်တော့်ကို အမြဲ ထောက်ခံ အားပေးခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။ ကျွန်တော် ဒီမှာ မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ရတယ်လေ ။ အခုတော့ ခြားနားတဲ့ ပတ််ဝန်းကျင် တစ်ခုမှာ အစမ်းသပ်ခံသင့်ပြီလို့ ကျွန်တော် ခံစားနေခဲ့ရပါတယ် ”

” အခုတော့ အဲ့တာတွေကို လုပ်ဆောင်ဖို့ ပြည့်စုံလွန်းတဲ့ ကလပ် အသင်း တစ်ခုဆီ ကျွန်တော် ရောက်လာခဲ့ပါပြီ ” လို့ မာတီနက်ဇ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ မာတီနက်ဇ် ဟာ မနေ့က ယူနိုက်တက် အသင်းနဲ့ လေ့ကျင့်ရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး အေတီကို နဲ့ ခြေစမ်းပွဲမှာ ပါဝင်ခွင့်ရလိမ့်မယ်လို့ ထင်ကြေးပေးခံနေခဲ့ရပါတယ် ။

#Sports_Myanmar