မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဥ်မှ အခက်အခဲ ၊ အားနည်းချက်တွေကို ဝန်ခံသွားတဲ့ ဗီလာ နည်းပြ ဂျရတ်

အက်စတွန် ဗီလာ အသင်းရဲ့ နည်းပြ ဖြစ်သူ စတီဗင် ဂျရတ် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့ရတဲ့ ရာသီကြို ခြေစမ်းပွဲရဲ့ ပထမပိုင်းမှ ညံ့တဲ့ စွမ်းဆောင်ရည်ကို ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လည် တုန့်ပြန်နိုင်ခဲ့ကြတဲ့ အသင််းသားတွေကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

ဒီပွဲမှာတော့ အဲရစ် တန်ဟတ် ဦးဆောင်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်း 45 မိနစ်အတွင််းမှာ ကစားပုံ အရမ်းကို ကောင်းခဲ့ပြီး ဂျေဒန် ဆန်ချို ၊ ရပ်ရှ်ဖို့ (ကပ်ရှ် OG ) တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲစဥ်ကို ဦးဆောင်နိုင်ခဲ့ကြပါသေးတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ မိုးတွေ ရွာသွန်းမှုကြောင့် ကွင်းပြင်ဟာ ပိုမို ဆိုးရွားသွားခဲ့ရပါတယ် ။ အဲ့ဒီနောက် ဂျရတ် ဟာ အသင်း တစ်သင်းလုံးကို အပြောင်းအလဲ လုပ််ဆောင်ခဲ့ပြီး ပိုမို မာမာထန်ထန် ကစားတတ်တဲ့ အသင််းသားတွေနဲ့ ယှဥ်ပြိုင် ကစားစေခဲ့ပါတယ် ။

အဲ့ဒီနောက် 4 မိနစ် အကြာမှာ အက်စတွန် ဗီလာ အသင်းရဲ့ လူစားဝင် ကစားသမား ဖြစ်သူ လီယွန် ဘိုင်လီ က ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် 90 မိနစ်မှာ ကလမ် ချန်ဘားစ် က နောက်တစ်ဂိုး သွင်းယူပေးခဲ့ရင်း အက်စတွန် ဗီလာ အသင််းအတွက် သရေ ရလဒ် ရရှိစေခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ အက်စတွန် ဗီလာ အသင်းရဲ့ နည်းပြ ဖြစ်သူ စတီဗင် ဂျရတ် က ဒီနေ့ ပွဲစဥ်ကို ကစားရ တကယ်ပဲ ခက်ခဲခဲ့ကြောင်း ၊ ကွင်းရဲ့ အနေအထားတွေက နှစ်သင်းလုံးကို ကစားရခက်ခဲစေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ဒီည ပွဲစဥ်ကို ကစားဖို့ တကယ်ပဲ ခက်ခဲခဲ့ရ ပါတယ် ။ ကွင်းရဲ့ အနေအထားက နှစ်ဖက် ကစားသမားတွေအတွက်် ကစားရခက်ခဲတဲ့ အနေအထားမျိုး ဖြစ်နေခဲ့ရတယ်လေ ။ ပထမပိုင်းအတွင်းက ကျွန်တော်တို့ အသင်းရဲ့ ခံစစ််ပိုင်း ကစားပုံအပေါ် ကျေနပ်မိပါတယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ တစ်ကြိမ်နှစ်ကြိမ်လောက် အမှားလုပ်ခဲ့မိရာကနေ ဂိုးတွေ ပေးခဲ့လိုက်ရပါတယ် ။ ပထမပိုင််း အတွင်းမှာတော့ ကျွန်တော်တို့တွေရဲ့ ဘောလုံးကိုင်ပြီး ကစားပုံက ထင်သလောက် မကောင်းမွန်ခဲ့ပါဘူး ။ အခွင့်အရေးတွေလည်း မဖန်တီးနိုင်ခဲ့ဘူးလေ ”

” ဒါပေမဲ့ ဒုတိယပိုင်းကတော့ လုံးဝကို ခြားနားသွားခဲ့ရပါတယ် ။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ကွင်းထဲကနေ ရလဒ် တစ်ခု ရယူနိုင်ဖို့ လုံလောက်စွာ ကောင်းမွန်ခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ နောက်ထပ် 2 ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်တယ်လို့ ထင်မိပါတယ် ”

” ကျွန်တော်တို့ အသင်းမှာ တစ်ဦးကောင်း တိုက်စစ်ဆင် ကစားနိုင်စွမ်းရှိသူတွေ ရှိနေခဲ့တယ်လေ ။ သူတို့တွေဟာ ကွင်းထဲမှာ အရှိန်အဟုန် တစ်ခုနဲ့ ပြင်းပြစွာ ကစားပေးနိုင်ခဲ့ကြပါတယ် ။ သူတို့တွေဟာ ပွဲထွက် ကစားသမား 11 ဦး စာရင်းထဲ ပါဝင်လိုနေပြီလား ကျွန်တော် သိချင်မိပါတယ် ”

” ကျွန်တော် ကျေနပ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပထမပိိုင်း စွမ်းဆောင်ရည်အပေါ် ကျွန်တော် စိတ်ပျက်ခဲ့ရတယ်လေ ။ ဒါပေမဲ့ ကစားသမားတွေဟာ ဒုတိယပိုင်းမှာ ကွင်းထဲဝင်ပြီးနောက် လုံးဝခြားနားတဲ့ အသင်းတစ်သင်း အဖြစ် ကစားပေးနိုင်ခဲ့ကြပါတယ် ” လို့ ဂျရတ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar