မန်ချက်စတာကို လာရောက်ဖို့ တန်ဟတ် ဘယ်လိုစည်းရုံးခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ အဲရစ်ဆင်

ဒိန်းမတ် လက်ရွေးစင် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယံ အဲရစ်ဆင် က အဲရစ် တန်ဟတ်ဟာ သူ့အပေါ် လွှမ်းမိုးမှုတွေ ရှိခဲ့ကြောင်း ၊ သူ့ရဲ့ ကစားဟန်က နယ်သာလန်သား လက်အောက်မှာ အံဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ တိုက််စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်ကစားသမား ဖြစ်သူ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ကာ ဒီနွေရဲ့ ဒုတိယမြောက်ခေါ်ယူမှု ဖြစ်စေနိုင်ခဲ့ပါတယ် ။

အဲရစ်ဆင်ဟာ ယူရို 2020 ပြိုင်ပွဲတုန်းက နှလုံး ရောဂါ ရရှိခဲ့ပေမဲ့ ကုသမှုခံယူပြီးနောက် ဘရန့်ဖို့ဒ် အသင်းအတွက်် ကစားပေးခဲ့ရာမှာ ​ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့အတွက်် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ရနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ အချိန်တုန်းက သူဟာ ရွေးချယ်ခွင့်တွေ ပိုင်ဆိုင်ခဲ့ပေမဲ့ မန်ချက်စတာဆီကိုပဲ ရောက်လာခဲ့ပါတယ် ။ အခုတော့ သူဟာ အင်္ဂလန်ကို ပြန်လာဖို့ မတွေးဖြစ်ခဲ့ကြောင်း ၊ တန်ဟတ်ဟာ သူ့အပေါ် လွှမ်းမိုးမှုရှိကြောင်းထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ယူရိုမှာ ကျန်းမာရေး ကိစ္စ မဖြစ်ခင်တုန်းက ကျွန်တော်ဟာ ကစားသမားဘဝ အကြောင်းကို တွေးရင်း အင်္ဂလန်မြေကို ပြန်မလာတော့ဘူးလို့ plan ခဲ့ပါသေးတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ သွားရောက် ကစားဖို့ အရင်တုန်းကတော့ ကျွန်တော် တွေးခဲ့ဖူးပါတယ် ”

” အဲ့ဒီနောက် ကျွန်တော် စပါးဆီ ရောက်သွားခဲ့ရပါတယ် ။ အဲ့ဒီနောက် အီတလီကို ရောက်ခဲ့ပြန်ပါတယ် ။ အခုချိန် ဒီနေရာကို ရောက်လာမယ်လို့ ကျွန်တော် လုံးဝကို မမျှော်လင့်ခဲ့ဖူးပါဘူး ။ ဒီရောက်လာရတဲ့အတွက် ကျွန်တော့်ရဲ့ ခံစားချက်တွေ ​ကောင်းမွန်ခဲ့ရပါတယ် ။ ကျွန်တော် ဒီမှာ ပျော်နေပါတယ် ” လို့ အဲရစ်ဆင် က ဖြေခဲ့ပြီး မန်နေဂျာ က သူ့ကို ဒီလာဖို့ လွှမ်းမိုးမှု ရှိခဲ့သလားလို့ အမေးခံလိုက်ရချိန်မှာတော့…

” အရမ်းပါပဲ ၊ ကျွန်တော် ​ဘောလုံး ကစားချင်လို့ ဒီကို ရောက်လာခဲ့တာပါ ။ ဒီအသင်းရဲ့ အရှိန်အဝါ၊ လိုဂိုကြောင့် ဒီကို ပြောင်းလာခဲ့တာ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ ဘောလုံး ကစားဖို့ ဒီကို ရောက်လာခဲ့သူပါ ။ ဒီကို ရောက်ပြီး နည်းပြနဲ့ စကားပြောရတာ၊ သူ့ရဲ့ ဘောလုံးဒဿနကို ကြားသိရတာ ကောင်းလွန်းခဲ့ပါတယ် ”

” အဲ့တာကပဲ ကျွန်တော့်ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ လာရောက် ကစားဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ ကျွန်တော်က ဘောလုံး ကစားချင်သူပါ ။ ဒါ့ကြောင့် နည်းပြဆီက သူ့ရဲ့ ဘောလုံးဒဿနတွေ သိလိုက်ရချိန်မှာ ဒီမှာ ကျွန်တော် အံဝင်အောင် ကစားနိုင်စွမ်းရှိတယ်လို့ တန်းသိခဲ့ပါတယ် ”

” နောက်ပြီး မန်ချက်စတာယူနိုက်တက်ဆိုတာ အကြီးကျယ််ဆုံး မဟုတ်ရင်တောင် ကြီးကျယ်လွန်းတဲ့ ကလပ်တစ်ခုပါ ။ ဒီအသင်းရဲ့ နာမည်ကို အသံထွက်လိုက်ရုံနဲ့ ဒါဘာလဲ ၊ ဘယ်ကလဲဆိုတာ လူတိုင်း သိကြပါတယ် ။ ယူနိုက်တက်ဟာ ခမ်းနားလွန်းတဲ့ သမိုင်းကြောင်း ပိုင်ဆိုင်ထားခဲ့ပြီး ဒီလို အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရတာ ကောင်းမွန််တဲ့ ခံစားချက်ကို ဖြစ်စေပါတယ် ”

” ကျွန်တော့်ရဲ့ ကစားပုံဟာ သူ့ရဲ့ idea နဲ့ အံဝင်နိုင်ပါစေလို့ မျှော်လင့်နေပါတယ် ။ ကျွန်တော့်ရဲ့ ကစားပုံကလည်း အသင်းနဲ့ ကောင်းကောင်းချိတ်ဆက်နိုင်စေဖို့ မျှော်လင့်မိပါတယ် ။ ဒီအသင်းရဲ့ ကစားပုံက ကျွန်တော်နဲ့ ကိုက်ညီမယ်လို့ တွေးမိပါတယ် ” လို့ အဲရစ်ဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar