မက်ဆီဟာ ရော်နယ်ဒိုထက် ဘာကြောင့် ပိုကောင်းလွန်းရတာလဲဆိုတာ ရှင်းပြလိုက်တဲ့ ဇာဗီ

လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဆိုတာ မျက်မှောက်ခေတ် ဘောလုံး အားကစား လောကမှာ 15 နှစ်လောက်အထိ အကောင်းဆုံး ခြေစွမ်း‌ေတွကို ပြသရင်းနဲ့ စံချိန်တွေ တစ်ခုပြီးတစ်ခု ရိုက်ချိုးခဲ့ကြသူတွေပဲ ဖြစ်ကြပါတယ် ။

ဒါ့ကြောင့်လည်း သူတို့ နှစ်ဦးဟာ လက်ရှိ ဘောလုံး မျိိုးဆက်တွေထဲ အကောင်းဆုံး ကစားသမား 2 ဦး အဖြစ် သတ််မှတ်ခံနေခဲ့ရသလို ဘောလုံး သမိုင်းကြောင်းရဲ့ အခမ်းနားဆုံး ကစားသမားတွေ အဖြစ်လည်း သတ်မှတ်ခံထားခဲ့ကြရပါတယ် ။

ဒါပေမဲ့ သူတို့ နှစ်ဦးအနက် ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ မေးခွန်းအတွက် ငြင်းခုန်မှုတွေ အခုထက်ထိ ရှိနေသေးဆဲ ဖြစ်သလို နောက်နောင်တွေမှာလည်း ဆက်ရှိနေဦးမှာ အသေအချာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ 2 ဦးလုံးဟာ fan အခိုင်အမာ ရှိနေကြလိုပဲ ဖြစ်ပါတယ် ။

အခုတော့ မက်ဆီရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့သလို လက်ရှိ ဘာစီလိုနာ အသင်းကိုပါ ကိုင်တွယ် နည်းပြနေခဲ့တဲ့ စပိန် ကွင်းလယ် ဗိုလ်ချုပ်ဟောင်း ဖြစ်သူ ဇာဗီ က ပွဲစဥ်တွေ အပေါ် လွှမ်းမိုးနိုင်မှု အပိုင်းမှာ မက်ဆီက သာလွန််လွန်းသူ ဖြစ်ကြောင်း ၊ သူပိုကောင်းတာ ထင်ရှားကြောင််း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ခရစ္စတီယာနို နဲ့ ယှဥ်လိုက်ရင် မက်ဆီ လုပ်ပြနိုင်တာတွေက ပိုများလှပါတယ် ။ မက်ဆီက အကောင်းဆုံးပါ ။ အကယ်လို့ ခရစ္စတီယာနို က သူ့ကိုယ်သူ ဘောလုံး သမိုင််းကြောင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ထင်နေရင်လဲ fine ပါသေးတယ် ”

” ဒါပေမဲ့ မက်ဆီ လေ့ကျင့်တာကို မြင်ဖူးသူတိုင်းတော့ ဘယ်လိုမှ နှိုင်းယှဥ်လို့ မရဘူးလို့ ပြောကြမှာ အသေချာပါပဲ ။ မက်ဆီ က ဘောလုံး သမိုင်းကြောင်းရဲ့ အကောင််းဆုံး ကစားသမားပါ ။ ကျွန်တော်တို့ ဒါကို အခြား ဘယ်လိုမှ မြင်ပေးလို့ မရနိုင်ပါဘူး ”

” မက်ဆီက ခြားနားချက်တွေကို လုပ်ဆောင်ပေးတတ်တဲ့ ကစားသမားမျိုးပါ ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့က သူ နေရာလွတ် ရတဲ့ အခါတိုင်းမှာ ပြိုင်ဖက် အသင်း ဟန်ချက်ပျက်စေဖို့ အတွက် သူ့ဆီပဲ ဘောလုံးတွေ ပေးဖို့ ကြိုးစားခဲ့ကြတာပါ ”

” မက်ဆီ ဆိုတာ ကမ္ဘာပေါ်မှာ ခြားနားချက် အလုပ်နိုင်ဆုံး ကစားသမား ပါပဲ ။ အဲ့တာက ထင်ရှားတာထက် ပိုလွန်းပါတယ် ” လို့ ဇာဗီ က Ballon D’ Or 7 ဆုရှင် အသင််းဖော်ဟောင်းကို အမွှမ်းတင် ချီးကျူးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar