နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခွင့် တောင်းဆို အပြီးမှာတော့ ခရစ္စတီယာနို ရိုနယ်ဒို အပေါ် စိတ်ဝင်စားတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ် လာခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ပေါ်တူဂီသားကြီး ကို ခေါ်ယူရေးမှာ ဦးဆောင်နေပြီး ဘိုင်ယန်မြုးနစ် ကလည်း လီဝန်ဒေါ့စကီး ရဲ့ နေရာကို အစားထိုးနိုင်သူ လို့ မှတ်ချက်တွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

 

နောက်ထပ် သတင်း တခုကတော့ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ရိုနယ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် နဲ့ ဆက်သွယ် ခဲ့တာပဲ ဖြစ်ပါတယ် ။

 

မိသားစု ကိစ္စလို့ အကြောင်းပြပြီး ယူနိုက်တက် ရဲ့ လေ့ကျင့်ရေးကွင်းကို မရောက်လာခဲ့တဲ့ ရိုနယ်ဒို ဟာ မနေ့က ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေး စင်တာ ကနေ ပြန်လည် ထွက်ခွာ သွားတာကို တွေ့မြင် ခဲ့ရတယ်လို့ သိရပါတယ် ။

 

ယူနိုက်တက် က အလိုရှိ နေတဲ့ အိုင်ယက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက် ကတော့ နယ်သာလန် ကလပ် နဲ့ ရာသီကြို ပြင်ဆင်မှုတွေ စတင် ပြုလုပ် ခဲ့ပါပြီ ။

ဒါပေမယ့် အာဂျင်တိုင်းသား ဟာ ကလပ် ကို သူ့ရဲ့ ပရီးမီးယားလိဂ် ကို သွား ကစားလိုတဲ့ ဆန္ဒ ကို ထုတ်ဖော် အသိပေးထားပြီး အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့ အထဲက တသင်းသင်းကို ရွေးချယ်မှာလို့ သိရပါတယ် ။

 

လိဒ်ယူနိုက်တက် ဟာ ဂျာမန် ကလပ် လိုက်ပ်ဇစ် မှာ ကစားနေတဲ့ အမေရိကန် လက်ရွေးစင် တိုင်လာ အဒမ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပါပြီ ။

လိဒ် ဟာ အဒမ် အတွက် ပေါင်သန်း ၂၀ ပေးချေ ရမှာ ဖြစ်ပြီး အပိုဆုကြေးလည်း ပါရှိမှာ ဖြစ်ပါတယ် ။

 

မာဆေး အသင်းကတော့ အီဂေါ တူဒေါ ကို ၂၀၂၄ ခုနှစ် အထိ နည်းပြသစ် အဖြစ် ခန့်အပ် နိုင်ခဲ့ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

 

ရှော်ကေး အသင်းဟာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဂျပန် လက်ရွေးစင် နောက်ခံလူ မာယာ ယိုရှီဒါ ကို ခေါ်ယူဖို့ စီစဉ် ဆောင်ရွက် နေတယ်လို့ သိရပါတယ် ။

 

ဝုဗ် အသင်းဟာ ပေါ်တူဂီ ဝါရင့် ကစားသမားကြီး မော်တင်ဟို ကို ၂၀၂၃ ခုနှစ် ဇွန်လ အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရှိရ ပါတယ် ။

 

ပရီးမီးယားလိဂ် ကို တန်းတက် လာတဲ့ နော်တင်ဟမ် ဖောရက်စ် ကလည်း မိန့်ဇ် အသင်း ကစားသမား မူဆာ နီယာကိတ် ကို ခေါ်ယူ နိုင်တော့မှာ ဖြစ်ပြီး ပေါင်း ၁၀ သန်း + အပိုဆုကြေး တို့နဲ့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ ကြားသိရ ပါတယ် ။

 

ဆီဗီးလား အသင်း ဒါရိုက်တာ မွန်ချီ ကတော့ လက်ရှိ အချိန် အထိ ဂျူးလ် ကွန်ဒေး အတွက် ဘာစီလိုနာ ဆီက ဘယ်လို ဆက်သွယ် ချိတ်ဆက်မှုမျိုးမှ မရရှိ ထားပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ရီးရဲ မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ် ရဲ့ ဖီအိုရင်တီးနား အသင်းဆီ အငှား ပြောင်းရွှေ့မှု ဟာ အပြီးသတ် နိုင်ခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ။ ဂျိုဗစ် ဟာ ဖလောရင့် ကလပ် နဲ့ ၂ နှစ် အငှား စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး နောက်ထပ် ၂ နှစ် သက်တမ်းတိုးနိုင်ခွင့်လည်း ပါရှိတယ်လို့ သိရပါတယ် ။

 

အေစီမီလန် ဟာ ဘယ်လ်ဂျီယံ အခြေစိုက် ကလပ် ဘရုဂျ် အသင်း ကစားသမား ချားလ် ဒီ ကိတ်လယ်ရီ ကို ယူရို သန်း ၂၀ + အပိုဆုကြေး တို့နဲ့ ကမ်းလှမ်းမှု ပြုလုပ် နေပြီး ကလပ် ၂ သင်း အကြား ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရှိရ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး နဲ့ ဝုဗ် နည်းပြဟောင်း နူနို ဆန်းတိုစ့် ဟာ အရှေ့အလယ်ပိုင်း ကလပ် တခုဖြစ်တဲ့ အယ်လ် အစ်တီဟတ် ရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အထိ စာချုပ် ချုပ်ဆို သွားခဲ့ ပါတယ် ။

 

စပါး ရဲ့ ဘာစီလိုနာ ခံစစ်မှူး ကလီမန့် လန်းလတ် ကို ခေါ်ယူရေးဟာ ပြီးမြောက်ဖို့ အချိန် အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ် ။

ဒါ့အပြင် စပါး ဟာ ဗီလာရီးရဲ ခံစစ်မှူး ပေါလ် တောရက်စ် ကို လည်း ပေါင် သန်း ၃၀ ဝန်းကျင် နဲ့ ခေါ်ယူ နိုင်ဖို့ အလားအလာ ကောင်းမွန် နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

ပေါ်တို အသင်းကတော့ စပို့တင်း ဘရာဂါ အသင်း ကစားသမား ဒေးဗစ် ကာမို ကို ယူရို သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရပါတယ် ။

 

ရီးရဲမက်ဒရစ် နဲ့ စာချုပ်ပြည့်ကာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အစ္စကို ကို ရိုးမား အသင်းက ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

 

ရီးရဲ ရဲ့ ဂျပန် လူငယ် ကစားသမားလေး တာကီဖူဆာ ကူဘို ကို ဗယ်လာဒိုးလစ် အသင်းက အငှား နဲ့ ခေါ်ယူဖို့ ဆက်သွယ် ချိတ်ဆက်နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရီးရဲ လူငယ် တိုက်စစ်မှူးလေး ရိုဒရီဂို ကတော့ ၂၀၂၈ ခုနှစ် အထိ သက်တမ်းတိုးဖို့ နီးစပ် နေပြီး ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ပါရှိမယ်လို့ သိရပါတယ် ။

 

ဗီလာရီးရဲ အသင်းဟာ လာမယ့် သြဂုတ် ၆ ရက်နေ့မှာ ရာသီကြို ပြင်ဆင်မှု အဖြစ် အင်တာမီလန် အသင်းနဲ့ ခြေစမ်း ကစားဖို့ စီစဉ် ထားကြောင်း အတည်ပြု ထုတ်ပြန် သွားခဲ့ ပါတယ် ။

 

ရီးရဲဆိုဆီဒက် အသင်းကတော့ ဂိုးသမားကြီး ရီမီရို ကို ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးခဲ့တယ်လို့ ကြေညာသွားခဲ့ ပါတယ် ။

 

လာလီဂါ ကလပ် ဘက်တစ် ကတော့ လာဇီယို နဲ့ လမ်းခွဲလာတဲ့ ဘရာဇီး-အီတလီ နောက်ခံလူ လူးဝစ် ဖိလစ်ပီ ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ပြီလို့ သိရှိရ ပါတယ် ။

 

ခရစ်ရှန် အဲရစ်ဆင် ကို လက်လွှတ် လိုက်ရတဲ့ ဘရန့်ဖိုဒ့် အသင်းဟာ ဟူးလ်စီးတီး အသင်းရဲ့ ကိန်း လူးဝစ် ပေါ်တာ ကို တတိယ အကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ် လိုက်သလို စကော့တလန် နောက်ခံလူ အာရွန် ဟစ်ကီ ကို ဘိုလော့ညာ ကနေ ခေါ်ယူ နိုင်ဖို့ ကိုလည်း အရှိန်မြှင့် လုပ်ဆောင် လာခဲ့တယ်လို့ သိရှိရ ပါတယ် ။

 

နယ်သာလန် ကလပ် ဖီယာနော့ဒ် တောင်ပံ ကစားသမား လူးဝစ် စီနီစတာရာ ကို ပရီးမီးယားလိဂ် က လိဒ်ယူနိုက်တက် အသင်းက စောင့်ကြည့် စိတ်ဝင်စားနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

အဲဗာတန် အသင်းဟာ နယူးကာဆယ် နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စား နေတဲ့ ချဲလ်ဆီး ရှေ့တန်းလူ အာမန်ဒို ဘရိုဂျာ ကို ခေါ်ယူဖို့ စိတ်ကူး ရှိလာခဲ့တယ်လို့ သိရပါတယ် ။

ဘရိုဂျာ ဟာ မနှစ်တုန်းက ဆောက်သမ်တန်မှာ အငှားထွက် ကစားပြီး ပုံစံကောင်း ပြသနိုင်ခဲ့သူ ဖြစ်ပါတယ် ။

 

ဝက်စ်ဟမ်း ကတော့ ယူနိုက်တက် ကနေ ထွက်လာတဲ့ ဂျက်ဆီလင်ဂတ် ကို အဲဗာတန် ထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ အလေးသာနေတယ်လို့ ကြားသိရ ပါတယ် ။

 

လီဗာပူး လူငယ် ကစားသမားလေး ဘန် ဝုဒ်ဘန်း ကတော့ ပရက်စတန် နော့ဒ်အန့် အသင်းဆီကို တရာသီ အငှား နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

 

ရိုးမား တောင်ပံ ကစားသမားလေး နီကိုလို ဇာနီယိုလို ဟာ PSG ဆီက ကမ်းလှမ်းမှု ကို ငြင်းဆို ထားခဲ့ပြီး အီတလီ မှာသာ ဆက်ကစားဖို့ စိတ်ကူးထားကြောင်း အသိပေးခဲ့ပါတယ် ။

လက်ရှိ မှာတော့ ယူဗင်တပ် ဟာ ဇာနီယိုလို ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

 

ပရီးမီးယားလိဂ် မှာ ကစားနေတဲ့ လက်ရွေးစင် အဆင့် ဘောလုံးသမား တဦး ( အသက် ၂၉ နှစ်ဟု ဖော်ပြထား ) ဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ ဖြစ်ပွား ခဲ့တဲ့ ခိုက်ရန် အမှုမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှု ပါရှိတယ်လို့ စွပ်စွဲ ခံထားရပြီး ရဲတပ်ဖွဲ့ က ခေါ်ယူ ထိန်းသိမ်း မေးမြန်း နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

စပိန် တင်းနစ် အကျော်အမော် ရာဖေး နာဒယ် ကတော့ ဝင်ဘယ်ဒမ် တင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင် ခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR