နံနက်ခင်း အားကစားသတင်းများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဒီကနေ့မှာ အသင်းဆီကို ပြန်ရောက်လာမယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။


ဒါပေမယ့် ရိုနယ်ဒို ရဲ့ အသင်းပြောင်းလိုတဲ့ ဆန္ဒကတော့ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး နည်းပြ တန်ဟတ် နဲ့ တွေ့ဆုံ ပြောဆိုမယ်လို့ သိရပါတယ် ။

အက်သလက်တီကို မင်နဲရိုး အသင်းကနေ ထွက်ခွာလာပြီး အသင်းလက်မဲ့ ဖြစ်‌နေတဲ့ ချဲလ်ဆီး နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးဟောင်းကြီး ဒီယေဂို ကော်စတာ ကို လာလီဂါ တန်းတက် အသင်းဖြစ်တဲ့ ရေယို ဗယ်လက်ကာနို က ချိတ်ဆက်မှု ပြုလုပ်ထားတယ်လို့ သိရပါတယ် ။

ကွင်းလယ်လူသစ် ပေါ့ဘာ ဟာ ဒဏ်ရာ ပြဿနာ ရှိနေခဲ့တာကြောင့် အသင်းရဲ့ ဒါးလပ်စ် ခရီးစဉ်ကို လိုက်ပါနိုင်မှာ မဟုန်ဘူးလို့ ယူဗင်တပ် အသင်းဘက်က ကြေညာသွားခဲ့ပါတယ် ။

 

ဆောက်သမ်တန် အသင်းကတော့ အခု နွေရာသီရဲ့ ၆ ယောက်မြောက် ခေါ်ယူမှု အဖြစ် ဘော်ဒေါက်စ် အသင်းမှာ ကစားနေတဲ့ ပြင်သစ် ယူ-၂၁ တိုက်စစ်မှူးလေး ဆေကို မာရာ ကို ပေါင် ၁၁ သန်းနဲ့ ခေါ်ယူ နိုင်ခဲ့တယ်လို့ သိရပါတယ် ။
မာရာ ဟာ ဆောက်သမ်တန် မှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင် ကစားသွားမှာပါ ။

ချဲလ်ဆီးဟာ ဂိုးသမား ကီပါ ကို နာပိုလီ အသင်းထံ အငှား + အပြီးသတ် ဝယ်ယူခွင့်နဲ့ စေလွှတ်လိုတယ်လို့ ကြားသိရပါတယ် ။

ရက်သတ္တပတ်ပေါင်းများစွာ အလှည့်အပြောင်းတွေနဲ့ ကြာမြင့်ခဲ့တဲ့ ဂျူးလ်ကွန်ဒေး အားပြိုင်ပွဲဟာ ပြီးဆုံးဖို့ နီးကပ် လာခဲ့ပါပြီ ။

ချဲလ်ဆီး ဟာ ကွန်ဒေး ကိစ္စကြန့်ကြာနေလွန်းမှု အပေါ် စိတ်ပျက်သွားခဲ့ပြီး ကမ်းလှမ်းမှုတွေကို ပြန်လည်ရုပ်သိမ်း သွားခဲ့တယ်လို့ စပိန်နဲ့ ဗြိတိန် သတင်းတွေက ဖော်ပြလာခဲ့ ပါတယ် ။

စပိန်ဂျာနယ်လစ် ဂျရတ် ရိုမီရို ကတော့ ကွန်ဒေး ရဲ့ ဘာစီလိုနာ အပြောင်းအရွှေ့ဟာ ပြီးမြောက်သွားတဲ့ ကိစ္စ ( Done Deal ) လို့ မှတ်ယူနိုင်ပြီလို့ ပြောဆိုခဲ့ ပါတယ် ။

ဒါ့အပြင် ဘာဆာ ဟာ ကွန်ဒေး နဲ့ လီဝန်ဒေါ့စကီး တို့ကို တပြိုင်နက် မိတ်ဆက်သွားဖို့လည်း စီစဉ်နေတယ်လို့ ရိုမီရို က ပြောဆို တင်ပြသွားခဲ့ ပါတယ် ။

ရာဖင်ညာ ၊ ကွန်ဒေး တို့ ကိစ္စတွေကြောင့် ချဲလ်ဆီး အနေနဲ့ အက်ဇ်ပီလီကွီတာ အတွက် ဘာစီလိုနာရဲ့ ယူရို ၄ သန်း ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ အလားအလာများ နိုင်တယ်လို့ သုံးသပ်ထားကြပါတယ် ။

အက်ဇ်ပီလီကွီတာ ကတော့ ဘာစီလိုနာကို ပြောင်းလိုပေမယ့် ချဲလ်ဆီး အပေါ် လေးစားမှုရှိတာကြောင့် ဖိအားပေးဖို့ အစီအစဉ်တော့ မရှိဘူးလို့ သိရပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် နဲ့ တွေ့ဆုံ ခဲ့ပြီး လုပ်ခရဲ့ ၄၀% ကို လျော့ယူပေးဖို့ ဆွေးနွေး ပြောဆို သွားခဲ့ပါတယ် ။
အကယ်၍ ဒီယွန် သာ သဘောတူပါက တနှစ်ကို ယူရို ၄ သန်း လျော့ယူရမှာ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ အာမန်ဒို ဘရိုဂျာ ကို အငှားစေလွှတ်ပေးဖို့ ချဲလ်ဆီးထံ တောင်းဆိုနေတယ် လို့ သိရပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် အသင်းဟာ လီဗာပူးရဲ့ ဘရာဇီးတိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို ကို ပေါင် ၁၉.၅ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ကို အားဖြည့်ဖို့ ရက်ဘူး ဆဲလ်ဘာ့ဂ် လူငယ်လေး ဘင်ဂျမင် ဆက်ကို ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။
ဩစတြီးယား ကလပ်ကတော့ ဆက်ကို အတွက် ပေါင် သန်း ၅၀ ကျော် ဈေးသတ်မှတ်နိုင်တယ်လို့ သိရပါတယ် ။

စပါး ကစားသမား ဘန်ဒေဗီးစ် ဟာ အသင်းနဲ့ ၃ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆို သွားခဲ့ပါတယ် ။ ဒါဟာ ဒေဗီးစ် ကို စပါးမှာ ဆယ်စုနှစ်တခု ကြာအောင် ရှိနေစေတော့ မှာပါ ။

စပါးတိုက်စစ်မှူးလေး ထရွိုင် ပါရော့ ဟာလည်း အသင်းနဲ့ ၂၀၂၅ အထိ သက်တမ်းတိုး လိုက်ပြီး ပရက်စတန် အသင်းဆီ တရာသီ အငှားနဲ့ ထွက်ခွာသွားတယ်လို့ သိရှိရပါတယ် ။

ဂန်နဲရိုး ဂတ်တူဆို ရဲ့ ဗလင်စီယာ အသင်းဟာ ယူဗင်တပ် ရဲ့ ဘရာဇီးကွင်းလယ်လူ အာသာ မယ်လို ကို ခေါယူဖို့ စိတ်ဝင်စား နေပြီး ဘရာဇီးသားရဲ့ လုပ်ခကိုတော့ လျော့ယူစေလိုတယ်လို့ ကြသိရပါတယ် ။

ယူဗင်တပ် အနေနဲ့ မယ်လို နဲ့ ရမ်ဆေး တို့ကို ရှင်းထုတ်နိုင်ခဲ့ပါက PSG က အရောင်းစာရင်း တင်ထားတဲ့ ပါရီဒက်စ် ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ် ။

PSG ကလည်း လိုက်ပ်ဇစ် နောက်ခံလူ နော်ဒီ မူကီလီ ကို အပြီးသတ်ခေါ်ယူ နိုင်ခဲ့ပြီး ကစားသမားဟာ ၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်အတွက် ပဲရစ် ကို ဒီနေ့မှာ ရောက်ရှိ ဆေးစစ်မယ်လို့ သိရှိရပါတယ် ။

ရင်းနစ် ကနေ ဘိုင်ယန် ကို ပြောင်းရွှေ့လာမယ့် ၁၇ နှစ်သားလေး Mathys Tel ဟာ မြူးနစ် ကို သူ့ရဲ့ အေးဂျင့်နဲ့ အတူ ရောက်ရှိလာခဲ့ကာ မကြာခင် ဆေးစစ်မှု ပြုလုပ်မှာ ဖြစ်ပါတယ် ။
Tel ဟာ ဘိုင်ယန် မှာ ကျောနံပါတ် ၃၉ ကို ဝတ်ဆင်မယ်လို့လည်း ကြားသိရပါတယ် ။

SPORTS MYANMAR