နေ့လယ်ခင်း တဖြတ် အားကစားသတင်းများ

အီတလီ အခြေစိုက် Tuttosport ရဲ့ ဖော်ပြချက်အရ ပေါလ်ပေါ့ဘာ ဟာ ယူဗင်တပ် နဲ့ လေ့ကျင့်ခန်းဆင်းရင်း ရခဲ့တဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပီး ရက် ၃၀ ကနေ ၂ လခန့် အထိ နားရနိုင်ချေ ရှိတယ်လို့ ဖော်ပြသွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် အသင်းနည်းပြကြီး အန်ဆယ်လော့တီ ဟာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာတဲ့ ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ကို အလွန်ထက်မြက်တဲ့ နောက်ခံလူလို့ ညွှန်းဆိုခဲ့ပြီး ဘယ်ခြမ်းမှာ ဆက်လက် အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ် ။

ပေါ်လိုဒိုင်ဘားလား ရိုးမားကို ရောက်ရှိမှုဟာ ဇာနီယိုလို ကို ခေါ်ယူလိုတဲ့ စပါး အသင်းအတွက် အခွင့်ကောင်းတခု ဖြစ်လာနိုင်ပြီး အီတလီကြယ်ပွင့်လေး အတွက် ပေါင် သန်း ၄၀ ‌တန်ကမ်းလှမ်းမှုကို စတင်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဂျူးကွန်ဒေး ကို ခေါ်ယူနိုင်ဖို့ မရှိတော့တဲ့ ချဲလ်ဆီးဟာ အင်တာ နောက်ခံလူ စခရီနီယာ ၊ PSG ခံစစ်မှူး ကင်ပမ်ဘီ တို့ကို ပြောင်းလဲ ချိန်ရွယ်လာနိုင်တယ်လို့ ဖာဘရီဇီယို ရိုမာနို က ပြောဆို သုံးသပ်သွားခဲ့ ပါတယ် ။

ဘရိုက်တန် အသင်းကတော့ ယူနိုက်တက် နောက်ခံလူ ဘရန်ဒွန် ဝီလ်ယံ အတွက် ပေါင် ၁၅ သန်း ကို ပြင်ဆင်နေပြီလို့ ကြားသိရပါတယ် ။

 

၂၀၁၉ ခုနှစ်တုန်းက လိုင်လီ အသင်းကနေ ပေါင် သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ အာဆင်နယ် တောင်ပံ ကစားသမား ပီပီ ဟာ အသင်းပြောင်းဖို့ထက် လန်ဒန်ကလပ်မှာ နေရာ ရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားဖို့ကို ပိုမို လိုလားနေတယ်လို့ သိရပါတယ် ။

လိဒ်ယူနိုက်တက် ဟာ အေစီမီလန် ရဲ့ ချားစ်ဒီ ကိတ်လယ်ရီ အတွက် ကြိုးပမ်းမှုကို စောင့်ကြည့်နေပါတယ် ။
ကစားသမားက အေစီကို ပြောင်းဖို့ စိတ်ပါနေပေမယ့် ကလပ် ဘရုဂ်ျ နဲ့ မီလန် ကလပ်တို့ အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုဟာ အဆင်မပြေ ဖြစ်နေသေးတယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လူငယ် ကွင်းလယ် ကစားသမားလေး ဂျိမ်းစ်ဂါနာ ဟာ အငှားကမ်းလှမ်းမှုတွေ အတွက် လမ်းဖွင့်ပေးထား ပေမယ့် ယူနိုက်တက်မှာ ကစားဖို့ဟာ သူ့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်ကြောင်းကိုလည်း ထုတ်ဖော် ပြောပြသွားခဲ့ ပါတယ် ။

လာလီဂါ တန်းတက်အသင်း ဖြစ်တဲ့ ဂီရိုနာ ကတော့ အမေရိက ကလပ် NYCFC ( New York City FC ) စတား ဗယ်လန်တင်း ကတ်စတယ်လန်နို့စ် ကို ခေါ်ယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ် ။

ဂရန်နာဒါ အသင်းကတော့ ဖီအိုရင်တီးနား ကနေ ထွက်ခွာလာပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးရဲ တောင်ပံ ကစားသမားဟောင်း ကယ်လီယွန် ကို ခေါ်ယူ လိုက်တယ်လို့ သိရပါတယ် ။

ဘက်တစ် အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဝီလ်ယံ ကာဗယ်ဟို ဟာ အင်္ဂလန်ကို ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ထွက်ခွာသွားတဲ့ အသင်းနဲ့ လိုက်ပါ မသွားခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သုံးသပ်မှုတွေ ရှိလာခဲ့ကြပါတယ် ။

 

အူဒီနီးစ် ကနေ အက်သလက်တီကို မက်ဒရစ် အသင်းကို ပြောင်းရွှေ့ လာတော့မယ့် နာဟူး မိုလီနာ ဟာ မက်ဒရစ် ကို ရောက်ရှိ လာခဲ့ပြီလို့ သိရပါတယ် ။

 

မိုနာကို အသင်းဟာ ဆီဗီးလား က စိတ်ဝင်စား နေတဲ့ နောက်ခံလူ ဘီနော့ ဘာဒီယာရှိုင်း အတွက် ယူရို သန်း ၅၀ ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ် ။

ဖူလ်ဟမ် အသင်းဟာ ဝက်စ်ဟမ်း နောက်ခံလူ အစ်ဆာ ဒီယော့ပ် ကို ယူရို ၁၇ သန်းခွဲနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်း ဘက်က ယူရို ၂၁ သန်း အနည်းဆုံး ရရှိမှသာ စဉ်းစားလိုတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ကြားသိရပါတယ် ။

အီတလီ ကလပ်တွေဟာ ဂျီယို လိုကယ်ဆို အတွက် ဗီလာရီးရဲ နဲ့ တော့တင်ဟမ် ဟော့စပါး တို့ အကြား ဆွေးနွေးမှုတွေကို စောင့်ကြည့်နေကြတယ် လို့လည်း သိရပါတယ် ။

 

စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းဟာ ရစ်ဗန် ယေလ်မက်ဇ် ကို တူရကီ ထိပ်သီး ဘက်ဆစ်တပ် အသင်း ကနေ ယူရို ၆ သန်း + တဆင့်ရောင်းချ အကျိုးခံစားခွင့် ၂၀% တို့နဲ့ ခေါ်ယူကာ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ် ။

 

ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ် ဟာ သူ့ရဲ့ စည်းကမ်းတင်းကြပ်မှုကို ပြသတဲ့ အနေနဲ့ အသင်းအစည်းအဝေးကို ၂ ကြိမ်တိုင် နောက်ကျခဲ့တဲ့ အသင်းသားတဦး ( အမည်မဖော်ပြ ) ကို ခြေစမ်းပွဲတွေထဲက တပွဲမှာ ချန်လှပ်ခဲ့တယ်လို့ ကြသိရပါတယ် ။

ယူဗင်တပ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက စိတ်ဝင်စား ခဲ့ဖူးတဲ့ ဘာစီလိုနာ ရှေ့တန်းလူ မမ်းဖစ် ဒီပိုင်း ကို ပြန်လည် စိတ်ဝင်စားလာ ခဲ့တယ်လို့ သိရပါတယ် ။

ဖူလ်ဟမ် အသင်းဟာ ရှက်တာဒိုးနက် တောင်ပံကစားသမား မာနော် ဆော်လမွန် ကို ၁ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ယူကရိန်း ကလပ်က နိုင်ငံခြား ဘောလုံးသမားတွေနဲ့ ပတ်သက်ပြီး ဖီဖာရဲ့ စည်းမျဉ်းသစ်ကြောင့် ဖူလ်ဟမ်သာ ဆော်လမွန် ကို ဩဂုတ် ၁ ရက်နေ့မှသာ စာရင်းသွင်းနိုင်မယ်လို့ သိရပါတယ် ။

ဒီနှစ်နွေရာသီမှာ လူခေါ်ကြမ်းနေတဲ့ ပရီးမီးယားလိဂ် တန်းတက် နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ၁၁ ယောက်မြောက် ခေါ်ယူမှု အဖြစ် စတုဂတ် အသင်းမှာ ကစားနေတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အော်ရယ် မန်ဂါလာ ကို ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရှိရပါတယ် ။

မာဆေး အသင်းရဲ့ ဥက္ကဌ ပါဘလို လွန်ဂေါ်ရီယာ ဟာ မနေ့က လန်ဒန်ကို လာရောက်ပြီး ဝီလ်ယံ ဆလီဘာ ရဲ့ အေးဂျင့်နဲ့ ညစာ အတူစားခဲ့ကြတယ်လို့ သိရပါတယ် ။
အာဆင်နယ် ဘက်ကတော့ ဆလီဘာ ကို ဆက်ထိန်းထားပြီး အသင်းမှာ ထည့်သုံးဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

အဲဗာတန် အသင်းဟာ ရီးရဲဘက်တစ် အသင်းရဲ့ ကွင်းလယ် ခံစစ်သမား ဂွီဒို ရိုဒရီဂွက် ကို စိတ်ဝင်စားနေပြီး ကစားသမားကို စတင်ချိတ်ဆက် နေပြီလို့ သိရှိရပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR