ဒီလစ် ကို ခေါ်ယူဖို့ ချဲဆီး နဲ့ အပြိုင် တရားဝင် ကြိုးစားနေပြီ ဖြစ်တဲ့ ဘိုင်ယန် မြူးနစ်

 

လက်ရှိ အပြောင်းအရွှေ့မှာ ဈေးကွက် အတွင်း ပေါ်ပေါက်လာတဲ့ ထိပ်တန်း ဘောလုံးသမား တစ်ယောက် ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာကြတာ အစဉ်အလာ တစ်ခုလိုကို ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဂျေဇု ၊ ရာဖင်ဟာ ၊ ဒမ်ဘီလီ ၊ ရစ်ချာလစ်ဆွန် ၊ မာတီနက်ဇ် ၊ အဲရစ်ဆင် တို့ဟာ အသင်းတွေ အကြား အပြိုင်အဆိုင် မဲဆွယ်ခံရတဲ့ ပစ်မှတ် ဖြစ်ခဲ့သလို ၊ လက်ရှိမှာ ယူဗင်တပ် အသင်းက နယ်သာလန် ခံစစ်မှုး ဒီလစ် ကို ခေါ်ယူဖို့ ဘိုင်ယန် မြူးနစ် နဲ့ ချဲဆီး တု့ိက အပြိုင်အဆိုင် ဖြစ်လာနေပြန်ပါတယ်။

ခံစစ် အင်အားကို ဖြည့်တင်းဖို့ ပစ်မှတ်ထားနေတဲ့ ချဲဆီး ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ဆီဗီလာ ခံစစ်မှုး ကွန်ဒီ ၊ မန်စီးတီး ခံစစ်မှုး အကီ နဲ့ ယူဗင်တပ် ခံစစ်မှုး ဒီလစ် တို့ကို ချိန်ရွယ်နေတာပါ။

ဒါကြောင့်လဲ ဒီလစ် ကို ခေါ်ယူဖို့ စောစောစီးစီး ချိတ်ဆက်ခဲ့သလို ၊ အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်တွေကိုတောင် အကြမ်းဖျင်းအားဖြင့် ဆွေးနွေးပြောဆိုထားတယ်လို့ နားလည်ရပါတယ်။

ယူဗင်တပ် ဟာ သူတို့ ခံစစ်မှုးကို လက်လွှတ် ဆုံးရှုံးဖို့ ဆန္ဒမရှိပေမယ့် ၊ ကာယကံရှင် ကစားသမား ကိုယ်တိုင်က စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ ဆန္ဒနည်းပါးလာပြီး နောက်ပိုင်း ၊ အသင်းရဲ့ ဘဏ္ဍာရေး ဆိုင်ရာ တောင့်တင်းဖို့ အတွက် ဈေးမိန်မိန် နဲ့ ရရင် ရောင်းထုတ်ဖို့ အတွက် ပြင်ဆင်လာခဲ့ပါတယ်။

ချဲဆီး ကလဲ ယူဗင်တပ် က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း 100 ဝန်းကျင် အထိ ပေးချေဖို့ ဆန္ဒမရှိပေမယ့် ၊ အပြောင်းအရွှေ့ အစိတ်အပိုင်း အဖြစ် တီမို ဗာနာ ၊ ပူလီဆစ် တို့ကို ထည့်သွင်း ကမ်းလှမ်းဖို့ ရည်ရွယ်ထားတာကြောင့် နှစ်ဖက် လက်ခံနိုင်တဲ့ ပမာဏ တစ်ခု အထိ ညှိနှိုင်း ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

သို့သော် နောက်ပိုင်းမှာတော့ ဂျာမန် အင်အားကြီး ဘိုယန် မြူးနစ် ကပါ သူတို့ရဲ့ပစ်မှတ်ကို တရားဝင် ချဉ်းကပ်လာခဲ့ပါပြီ။

သတင်းတွေကတော့ အမျိုးမျိုး ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ ဂျာမန် သတင်းထောက်တွေက ကစားသမားဟာ ဘိုင်ယန် ကိုပဲ လာချင်နေတယ်လို့ ရေးသားကြသလို ၊ အင်္ဂလန် သတင်းထောက်တွေ ကလဲ ချဲဆီး ကိုပဲ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေတယ် လို့ ဆိုပါတယ်။

Sky sports Germany ရဲ့ ဖော်ပြချက် အရ နည်းပြ နာဂယ်စ်မန် နဲ့ အားကစား ဒါရိုတ်တာ ဆလီဟာမစ်ဒစ် တို့ဟာ ဒီလစ် ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေတာကြောင့် ဆွေးနွေးမှုတွေကိုတောင် စတင်ထားပြီးပြီ သိရပါတယ်။

သို့သော်လဲ အပြောင်းအရွှေ့ တန်းဖိုးက ဈေးကြီးလွန်းနေပါတယ်။ ဘိုင်ယန် ဘက်က ပြောင်းရွှေ့ကြေး ယူရို 60 သန်း – 80 သန်း အကြား ပေးဖို့ မျှော်လင့်ထားပေမယ့် ၊ ယူဗင်တပ် ကတော့ ယူရို 80 သန်း နဲ့ စတင် ကမ်းလှမ်းလာမယ် ဆိုရင် မျက်နှာချင်းဆိုင် တွေ့လို့ရတဲ့ အကြောင်း တုန့်ပြန်ထားတယ်လို့ နားလည်ရပါတယ်။

ဒါကြောင့် အခင်းအကျင်းဟာ ယူဗင်တပ် အတွက် အရော ကစားသမား အတွက်ပါ စိတ်ကြိုက် ဖြစ်လာနိုင်တဲ့ အနေအထား တစ်ခုကို ဦးတည်နေပါတယ်။

ဒီလစ် အနေနဲ့လဲ သူ့ကို အရ ခေါ်ယူဖို့ အတွက် ဘယ်သူက မက်လုံးကောင်းကောင်း နဲ့ ဆွဲဆောင်ပေးနိုင်မလဲ ဆိုတဲ့ အချက်ပေါ် အခြေခံလာဖွယ် ရှိနေသလို ၊ ယူဗင်တပ် ကလဲ အဲဒီကနေ ရရှိလာတဲ့ ပြောင်းရွှေ့ကြေး ပမာဏ နဲ့ အသင်းကို ပြန်လည် မွမ်းမံ ဖြည့်တင်းဖို့ ရည်ရွယ်နေတာပါ။

အပြောင်းအရွှေ့ ကာလ ပြီးဆုံးဖို့က အဝေးကြီး လိုသေးတာမို့ ထူးခြားလာမယ့် တိုးတက်မှုတွေကို စောင့်ကြည့်ရမှာပါ။

ချဲဆီး ကလဲ ခံစစ်ပိုင်း အတွက် အမှန်ကန် ဖြည့်တင်းနေတာ မှန်သလို ၊ ပိုင်ရှင်သစ်တွေဟာ ဆုဖလားတွေ ကို စိန်ခေါ်ပြနိုင်တဲ့ စုဖွဲ့မှုမျိုး အထိ ရည်ရွယ်ပြီး တည်ဆောက်ပြချင်နေတာကြောင့် သူတို့ရဲ့ စီမံကိန်း ကလဲ ဆွဲဆောင်မှု အပြည့် ဖြစ်နေပါတယ်။

 

SPORTS MYANMAR