တနေ့တမျိုးပြောင်းတဲ့ ကွန်ဒေး ၊ ရိုနယ်ဒို အတွက် နောက်ဆုံးကြိုးစားမှု ၊ ဂျာမန်ထိပ်သီးနဲ့ အသံထွက်လာတဲ့ ဆွာရက် ၊ ပရီးမီးယားလိဂ်ကို လာချင်တဲ့ အီတလီ တိုက်စစ်မှူး တို့နဲ့ . . . နေ့လယ်ခင်း တဖြတ် အားကစားသတင်းများ

ယမန်နေ့ ညပိုင်း တုန်းက ချဲလ်ဆီး အသင်းကို ရောက်ဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ ဗြိတိန် သတင်းတွေ ၊ ဂျာနယ်လစ်တွေက ဖော်ပြ ခဲ့တဲ့ ဆီဗီးလား ခံစစ်မှူး ဂျူးလ် ကွန်ဒေး ဟာ ဒီကနေ့ မှာတော့ ဘာစီလိုနာ အသင်း ကို ရောက်ရှိဖို့ ၉၉% သေချာ သွားပြီလို့ သတင်း ထွက်ပေါ် လာခဲ့ပြန်ပါတယ် ။

ဘာစီလိုနာ သတင်းတွေ အတွက် အားထားရတဲ့ ဂျာနယ်လစ် ဂျရတ် ရိုမီရို ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်း ဒါရိုက်တာ အလီမာနီ နဲ့ အဖွဲ့ ဟာ ယမန်နေ့က တညလုံး ဆီဗီးလား နဲ့ ချိတ်ဆက် ခဲ့ပြီး ကွန်ဒေး ရဲ့ ကိစ္စတွေကို လုပ်ဆောင် သွားခဲ့ကာ ၉၉% အထိ ပြီးစီး ခဲ့ပြီလို့ ဖော်ပြသွားခဲ့ ပါတယ် ။

ကွန်ဒေး ရဲ့ ဘာစီလိုနာ အသင်းဆီ အပြောင်းအရွှေ့ ဟာ ဒီကနေ့ည ဒါမှမဟုတ် မနက်ဖြန်မှာ တရားဝင် ဖြစ်ပေါ် လာမယ်လို့လည်း ရိုမီရို က ဖော်ပြခဲ့ ပါတယ် ။

ဒါ့အပြင် ဘာဆာ အနေနဲ့ ချဲလ်ဆီး နောက်ခံလူ ၂ ယောက် ဖြစ်တဲ့ အက်ဇ်ပီလီကွီတာ နဲ့ အလွန်ဆို တို့ ၂ ဦး ကို ခေါ်ယူဖို့ မဖြစ်နိုင်လောက်တာကြောင့် စပါး နောက်ခံလူ ရီဂွီလွန် ဘက်ကို ပြောင်းလဲ စိတ်ဝင်စား လာနိုင်တယ်လို့လည်း ရိုမီရို က ဖော်ပြ သွားခဲ့ ပါတယ် ။

ကတ်တလန် အခြေစိုက် သတင်းစာ SPORT ကတော့ ကွန်ဒေး ဟာ ဘာစီလိုနာ ကို သူ့ရဲ့ ပထမဦးစားပေး အဖြစ် သတ်မှတ်ထားပေမယ့် အခုချိန်ထိ ဘာစီလိုနာ ဘက်က တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း ၊ အကယ်၍ အချိန်မီ မကမ်းလှမ်း နိုင်ခဲ့ပါက ချဲလ်ဆီး ထံ ကွန်ဒေး ပြောင်းရွှေ့မှု ကို တားဆီးဖို့ ခက်ခဲနိုင်ကြောင်း ၊ လက်ရှိ အနေအထားမှာတော့ ဘာစီလိုနာ ဟာ အဓိက သော့ကို ဆုပ်ကိုင်ထားသူ ဖြစ်နေပြီ ဖြစ်ကြောင်း ဖော်ပြ သွားခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အေးဂျင့် ဂျော့ မန်ဒက်စ် ဟာ ပေါ်တူဂီသားကြီး ရဲ့ ဆန္ဒအတွက် နောက်ဆုံး ကြိုးစားမှု အဖြစ် အက်သလက်တီကို မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင် နေတယ်လို့ သတင်း ထွက်ပေါ် နေပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဘက်က မဖြစ်နိုင်ဘူး ( ရိုနယ်ဒို ကို ခေါ်ဖို့ ) လို့ ဆိုထားပေမယ့် မန်ဒက်စ် ကတော့ ကြိုးစားနေဆဲလို့ သိရပါတယ် ။

အကယ်၍ အေတီကို မက်ဒရစ် နဲ့ မှ အဆင်မပြေခဲ့ဘူး ဆိုရင်တော့ ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် ကိုသာ ပြန်လာရတော့မှာပါ ။

မော်ရင်ဟို ရဲ့ ရိုးမား က အငှားနဲ့ ခေါ်ယူလိုတဲ့ ဝိုင်နယ်ဒမ် ကို PSG က အပြီးသတ် ရောင်းချ လိုတာကြောင့်် စီးရီးအေ ကလပ် အတွက် အကြပ်ရိုက်စရာ ဖြစ်နေတယ်လို့ သိရပါတယ် ။

ဘွန်ဒစ်လီဂါ ထိပ်သီး ကလပ် ဒေါ့မွန် ဟာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ကို လာမယ့် အပတ်ထဲမှာ ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ် ။

ဒေါ့မွန် ကို အိုင်ယက်စ် ကနေ ရောက်ရှိ လာတဲ့ တိုက်စစ်မှူးသစ် ဆီဘတ်စတီယန် ဟေလာ ဟာ ကပ္ပါယ်အိတ် အကျိတ် ကို ကုသဖို့ ရှိနေပြီး အချိန်အတိုင်းအတာ တခုထိ အနားယူရမှာ ဖြစ်တာကြောင့်် တိုက်စစ်မှူးသစ် ရှာဖွေ နေချိန်မှာ အခုလို ဆွာရက် နဲ့ သတင်းထွက်လာ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဆွာရက် ဟာ ရေးဗား ပလိတ် အသင်း ကိုပါလေဘာတာဒိုးစ် ( တောင်အမေရိက ချန်ပီယံလိဂ် ) ကနေ ထွက်ခွာခဲ့ရ အပြီးမှာ အာဂျင်တိုင်း ကလပ် နဲ့ အဆက်အသွယ် မရှိတော့သလို ဒီစီ ယူနိုက်တက် နည်းပြ ဝိန်းရွန်းနီ ကလည်း ဆွာရက် ရောက်ရှိ နိုင်ချေကို ငြင်းဆိုထား ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဖရန်ကီ ဒီယွန် ကို မရနိုင်တော့ ပါက လာဇီယို အသင်းမှာ ကစားနေတဲ့ ဆားဘီးယား ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ် ကို ပြောင်းလဲ ပစ်မှတ်ထားဖွယ် ရှိတယ်လို့ အီတလီ သတင်းတွေက ဖော်ပြ လာခဲ့ ပါတယ် ။

အာဆင်နယ် ကတော့ ပေါ်တူဂီ နောက်တန်း ကစားသမား နူနို တာဗာရက်စ် ကို အတ္တလန်တာ အသင်းဆီ အငှား စေလွှတ်ဖို့ နီးစပ် နေပြီလို့ ကြားသိရ ပါတယ် ။

တိုရီနို နဲ့ စာချုပ်ထပ် မတိုးတော့ဘဲ လမ်းခွဲ လာခဲ့တဲ့ အီတလီ တိုက်စစ်မှူး ဘယ်လော့တီ ရဲ့ အေးဂျင့်ဟာ ဝက်စ်ဟမ်း ၊ အဲဗာတန် နဲ့ နယူးကာဆယ် အသင်းတွေကို ကမ်းလှမ်းမှု ပြုလုပ် ခဲ့တယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဗီလာရီးရဲ အသင်းဟာ အသင်းကနေ ထွက်ခွာသွားတဲ့ ဆာဂျီ အူရီယေး ရဲ့ နေရာ အတွက် ဝက်ဖိုဒ့် နောက်ခံလူ ကီကို ဖီမီနီယာ ကို အစားထိုး ခေါ်ယူဖို့ စတင် စီစဉ် နေပြီလို့ သတင်း ထါက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဗီလာရီးရဲ ခံစစ်မှူး ပါအူ တောရက်စ် ကို စိတ်ဝင်စားနေပြီး ကစားသမား ကလည်း ဘာစီလိုနာ ကို ပြောင်းဖို့ ဆန္ဒ ရှိနေတယ်လို့ ယမန်နေ့က သတင်းထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ လူငယ်ကြယ်ပွင့်လေး ပက်ဒရီ ကတော့ ခံစစ်နေရာ အတွက် သတင်းထွက် နေတဲ့ ဘီဘာအို ဝါရင့် ခံစစ်မှူးကြီး အင်နီဂို မာတီနက် ကို ဘာစီလိုနာ မှာ မြင်တွေ့ဖို့ မျှော်လင့် နေတယ်လို့လည်း ကြားသိရ ပါတယ် ။

ဂျာနယ်လစ် ဂျရတ် ရိုမီရို ရဲ့ ဖော်ပြချက် အရ ဘက်တစ် ခံစစ်မှူး အင်နီဂို မာတီနက် ဟာ အခု နွေရာသီမှာ ဘာစီလိုနာ ကို ပြောင်းဖွယ် မရှိဘဲ လာမယ့် ၂၀၂၃ မှသာ အလွတ်နဲ့ ရောက်လာနိုင်တယ်လို့ သိရပါတယ် ။

ဘိုင်ယန်မြုးနစ် နည်းပြ ဂျူလီယန် နာဂျယ်စမန်း က စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ အရည်အသွေး ကောင်းတဲ့ ကစားသမား တယောက်ဖြစ်သလို ဈေးလည်း အင်မတန်ကြီးတာကြောင့် သူတို့ အတွက် စဉ်းစားဖို့ လက်ရှိမှာ ခက်ခဲ နေပါတယ်လို့ ထုတ်ဖော် ပြောဆိုပြီး ဟယ်ရီကိန်း ဘိုင်ယန် ကို ရောက်ရှိ နိုင်သလား ဆိုတဲ့ မေးခွန်းကို အဆုံးသတ်ပေးခဲ့ ပါတယ် ။

ဆာဆူအိုလို တိုက်စစ်မှူး စကာမာကာ ကို ရဖို့ နီးစပ်လာ အပြီးမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဟာ နာပိုလီ ကွင်းလယ်လူ ဇီလင်စကီး ကို ခေါ်ယူဖို့ ပြင်ဆင် လာတယ်လို့လည်း သိရပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ လူငယ် ကစားသမား လီယမ် ဒီလပ် အတွက် ဆောက်သမ်တန် ရဲ့ ပေါင် ၁၆ သန်း နဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲ နောက်ခံလူ အီဒါ မီလီတို ကတော့ အသင်းနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရှိရ ပါတယ် ။
ဖျော်ဖြေရေး အားကစား တခု ဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ပရိသတ် မြောက်များစွာ ပိုင်ဆိုင်ထားတဲ့ WWE မှာ နှစ်ပေါင်း ၄၀ ကြာအောင် CEO အဖြစ် လုပ်ကိုင် ခဲ့တဲ့ ဗင့်စ် မက်မာဟွန်း ဟာ အသက် ၇၇ နှစ် အရွယ်မှာ ရာထူးကနေ အနားယူဖို့ စဉ်းစား ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ဖော် ကြေညာသွားခဲ့ ပါတယ် ။

နယူးကာဆယ် ယူနိုက်တက် ဟာ ဘာစီလိုနာ တောင်ပံ ကစားသမား မမ်းဖစ် ဒီပိုင်း ကို ခေါ်ယူဖို့ ပြန်လည် သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR