မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ ညနေပိုင်းမှာတော့ သြစတြေးလျမြေမှာ စတီဗင် ဂျရတ် ရဲ့ အက်စတွန် ဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 2 – 2 ဆိုတဲ့ ရလဒ် နဲ့ သရေပွဲ တစ်ပွဲကိုသာ ပိုင်ဆိုင်သွားခဲ့ရပါတယ် ။
ဒါဟာ ရာသီကြို ပွဲစဥ် 3 ပွဲ ကစားထားခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် အတွက် ပထမဆုံး နိုင်ပွဲ ပျောက်ဆုံံးတဲ့ ပွဲစဥ် ဖြစ်သွားခဲ့ရပါတယ် ။
ဒီပွဲမှာလည်း ယူနိုက်တက်အတွက် ပထမပိုင်းမှာ ဆန်ချို ၊ ရပ်ရှ်ဖို့ ( ကပ်ရှ် OG ) တို့က 1 ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ပွဲစဥ်ကို ဦးဆောင်စေနိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ဒုတိိယပိုင်းမှာတော့ လီယွန် ဘိုင်လီ ၊ ချန်ဘားစ် တို့ရဲ့ သွင်းဂိုးတွေကြောင့် သရေကျခဲ့တာပဲ ဖြစ်ပါတယ် ။
ယူနိုက်တက်တို့ စျေးကွက်ထဲ လူထပ်ရှာဖို့ လိုနေသေးတယ််ဆိုတာကို သိခဲ့ရတဲ့ အဆိုပါပွဲစဥ်မှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။
ဒီဂီယာ (5)
ဘိုင်လီရဲ့ ဂိုးအတွက် ဘာမှ လုပ်ခွင့် မရှိခဲ့ပါဘူး ။ ကောင််းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု လုပ်နိုင်ခဲ့ပေမဲ့ ခြေပဂိုးမှာတော့ အမှားမကင်းသူ ဖြစ်ခဲ့ရပါတယ် ။
ဒါလော့ (7)
ဆန်ချိုရဲ့ အဖွင့်ဂိုး ရရှိအောင် ကစားကွက်ကို အစပြုပေးနိုင်ခဲ့ပါတယ် ။ တန်ဟတ် လက်အောက်မှာ ပွဲထွက်ခွင့် ရရှိဖို့ သေချာသလောက် ရှိနေပါပြီ
မက်ဂွားယား (7)
နာမည်စာရင်း ကြေငြာချိန်မှာ အလှောင်ခံခဲ့ရပါတယ် ။ ဒါပေမဲ့ ပုံစံကောင်း ပြနိုင်ခဲ့သလို သရေ ဖြစ်သွားစေနိုင်တဲ့ ကန်ချက်ကို ပိတ်ဆို့ ကာကွယ်နိုင်ခဲ့ပါသေးတယ် ။
လင်ဒီလော့ဖ် (6)
ပထမပိုင်းမှာ ခံစစ်လုံအောင် ကစားနိုင်ခဲ့ပေမဲ့ ဘိုင်လီ ကိုတော့ ပိတ်ဆို့နိုင်ခြင်းမရှိပဲ ကန်ခွင့် ပေးခဲ့ပါတယ် ။
လုခ်ရှော (6)
ပထမပိုင်းအတွင်း တိုက်စစ်လိုက်ပါပုံ အတော်လေးကို ကောင်းမွန်ခဲ့ပြီး ဆန်ချိုအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်် ။ ဘိုင်လီ ကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး ။
ဗန်ဒီ ဘိခ် (4)
ပွဲထွက်ခွင့် ရခဲ့တဲ့ ကစားသမား ခြေစွမ်းပြနိုင်ဖို့ ပရိသတ််တွေ မျှော်လင့်ခဲ့ကြပေမဲ့ နယ်သာလန်သားရဲ့ ခြေစွမ်းက ဘာမှ မထူးခြားခဲ့ပါဘူး ။
ဖရက်ဒ် (7)
တန်ဟတ် က ‘ ချိတ်ဆက်ပေးသူ ‘ ဆိုပြီး ချီးကျူးခဲ့တာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ် ။ ဘုရားစူး ဘရာဇီးသား ဆိုတဲ့ လေသံတွေကို တိတ်ဆိတ်စေနိုင်ခဲ့ပြန််ပါပြီ ။
ဆန်ချို (8)
အဖွင့်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့သလို နောက်တစ်ဂိုး ရရှိအောင်လည်း ပေးပို့ပေးနိုင်ခဲ့ပါတယ် ။ 4ပွဲမှာ 3ဂိုးထိ သွင်းယူခဲ့ပါပြီ ။
ဘရူနို (6)
ရာသီကြို ပွဲစဥ်တွေအနက် အညံ့ဆုံးပွဲစဥ် ပိုင်ဆိုင်ခဲ့ရပါတယ် ။ ချိတ်ဆက် ကစားပုံ ကောင်းခဲ့ပေမဲ့ ပေးပို့မှုအချို့နဲ့ ကန်ချက်တွေ ညံ့ခဲ့ပါတယ် ။
ရပ်ရှ်ဖို့ (6)
သွင်းဂိုး နှစ်ဂိုးလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ် ။ ကစားပုံံ တိုးတက်လာခဲ့ပေမဲ့ လိုအပ်ချက်တွေ ရှိနေသေးဆဲပါပဲ ။ ထပ်မံ ကြိုးစားရပါဦးမယ် ။
မာရှယ် (6)
သုံးပွဲဆက် ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟာ ဒီပွဲမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ဘောလုံး မရှိချိန် လှုပ်ရှားမှု ၊ ကစားကွက်ထဲ ပါဝင်မှုတွေ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်် ။
လူစားဝင် ကစားသမားများ…
ဘစ်ဆာကာ (5)
ဒီဂီယာ ကို စိတ်ပျက်စေခဲ့ပါတယ် ။
ဗာရန်း (5)
လီယွန် ဘိုင်လီ ရဲ့ မြန်နှုန်းကို မထိန်းနိုင်ခဲ့ပါဘူး ။
ဘိုင်လီ (5)
ကစားပုံ မသေသပ်မှုအတွက် အဝါကဒ် ပြသခံခဲ့ရပါတယ် ။
မာလာစီယာ (6)
ကစားသမားကောင်းဖြစ်ကြောင်း ခြေစွမ်းနဲ့ သက််သေပြနိုင်ခဲ့ပြန်ပါတယ် ။
ဂါနာ (6)
ပထမဆုံး အကြိမ် ကစားခွင့် ရခဲ့ပြီး ခြေစွမ်းကောင်း ပြနိုင်ခဲ့ပါတယ် ။
တဲလက်စ် (5)
ကွင်းလယ်မှာ ကစားခဲ့ရပြီး ခြေစွမ်း မပြနိုင်ခဲ့ပါဘူး ။
ဇီဒန်း (6)
မျှော်လင့်ချက်ထားလို့ရနိုင်သူ ဖြစ်ကြောင်း ပရိသတ်တွေဆီ မက်ဆေ့ပို့ပေးနိုင်ခဲ့ပြန်ပါတယ် ။
ဟန်နီဘယ် (6)
ခြေစွမ်းကောင်းခဲ့ပေမဲ့ စည်းကမ်းတကျ ကစားဖို့ ကြိိုးစားရပါဦးမယ် ။
အီလန်ဂါ (5)
ပြီးခဲ့တဲ့ ရာသီက ပရိသတ် အချစ်တော် ကစားသမားလေးဟာ ဒီရာသီတော့ ခြေစွမ်းပျောက်နေပါပြီ ။
တာဟစ်ချောင် (6)
ဘောလုံးကိုင် ကစားပုံ ကောင်းခဲ့ပါတယ် ။
#Sports_Myanmar