ချဲလ်ဆီး နဲ့ ပွဲမှာ အာဆင်နယ် အသင်းသားတွေ ဘာကြောင့် လက်ပတ် အမည်းတွေ ဝတ်ဆင် ကစားခဲ့တာလဲ?

အာဆင်နယ် အသင်းဟာ ဒီကနေ့ မနက်မှာ အမေရိကန် ခြေစမ်းပွဲ ခရီးစဉ် ရဲ့ နောက်ဆုံးပွဲ အဖြစ် လန်ဒန် မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်း နဲ့ ကစားခဲ့ပြီး လေးဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ဂျေးဇု၊အိုဒီဂတ်၊ဆာကာ၊လိုကွန်ဂါတို့က သွင်းယူခဲ့ကြတာပါ ။

အာဆင်နယ် အသင်းသားတွေဟာ ချဲလ်ဆီး အသင်းနဲ့ ခြေစမ်းပွဲမှာ အမည်းရောင် လက်မောင်းပတ်တွေ ဝတ်ဆင် ကစားခဲ့ကြပါတယ် ။ အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆုံးပါး သွားခဲ့တဲ့ အမာခံ ပရိသတ် Maria Petri အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် နဲ့ ဝတ်ဆင် ခဲ့ကြတာ ဖြစ်ပါတယ် ။

Maria Petri ဟာ ၁၉၅၀ ခုနှစ်ကတည်းက အာဆင်နယ် အသင်းကို အားပေး ခဲ့သူ ဖြစ်ပြီး အသက် ၈၂ နှစ် အရွယ်မှာ ဆုံးပါး သွားခဲ့ပါတယ် ။ Maria Petri ဟာ ဟိုက်ဘူရီခေတ်မှာရော အမ်းမရိတ်ခေတ်မှာပါ အာဆင်နယ် အသင်းပွဲကို အစဉ်တစိုက် ကွင်းထဲထိ အမြဲတမ်း လာရောက် အားပေးလေ့ ရှိသူ ဖြစ်ပါတယ် ။

Maria Petri ဟာ အာဆင်နယ် အမျိုးသား အသင်းကိုသာမက အမျိုးသမီး အသင်းကိုလည်း စတင် တည်ထောင်ခဲ့တဲ့ ၁၉၈၇ ခုနှစ်ကတည်းက အားပေးခဲ့သူပါ ။ Maria Petri ဆုံးပါးသွားချိန်မှာ အာဆင်နယ် ရပ်ဝန်းက ဘောလုံး ကစားသမားတွေ ၊ ကစားသမားဟောင်းတွေ အားလုံးနီးပါးဟာ ဝမ်းနည်း စကား အသီးသီး ဆိုခဲ့ကြပါတယ် ။

Maria ဆုံးပါးသွားချိန်မှာ အာဆင်နယ် အသင်းဟာ ” အာဆင်နယ် အသင်း တစ်သင်းလုံးမှာ ပါဝင် ပတ်သက်နေတဲ့ ကစားသမားတွေ ဝန်ထမ်းတွေ ပရိသတ်တွေအတွက် မာရီယာ က ဘယ်လောက်အထိ အရေးပါ သက်ရောက်မှု ရှိသလဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြဖို့ အင်မတန် ခက်ခဲပါတယ်။ ”

” ပရိသတ်တွေ မရှိရင် ဘောလုံးပွဲက တူနိုင်မှာ မဟုတ်ဘူးလို့ ဆိုနိုင်ခဲပေမယ့် မာရီယာ ရဲ့ဂန္တဝင် မြောက်တဲ့ ‘Come on You Gunners’ ဆိုတဲ့ အော်ဟစ်သံတွေ ၊ သူ ဖန်တီးခဲ့တဲ့ မြောက်များစွာသော သီချင်းတွေက အမ်းမရိတ်ကွင်း ၊ မီဒေါင်းပတ်ခ့် နှင့် အဝေးကွင်းမှာ ပွဲတွေမှာ ကစားရတဲ့ အခါ အရင်လို ကြားရတော့မှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ အတွက် လှစ်ဟာမှု တစ်ခု ဖြစ်နေမှာပါ ။ ”

” မာရီယာ က သူ အသက် ၁၂ နှစ် သမီး အရွယ် ၁၉၅၀ ခုနှစ် ကတည်းက အာဆင်နယ် အသင်းကို အားပေး စောင့်ကြည့် လာခဲ့တာ ဖြစ်ပြီး သူ့ ဘဝ တစ်လျှောက်လုံး အာဆင်နယ် အသင်းကိုပဲ အားပေးသွားခဲ့တာပါ ။ မာရီယာ က အာဆင်နယ် က သူ့ရဲ့မိသားစုလို့ မကြာခဏ ပြောလေ့ ရှိပါတယ် ၊ အခု အဲ့ဒီ မိသားစုကြီးက ဝမ်းနည်း ပူဆွေးနေရပါပြီ ။ ”

“သူပြောဖူးတဲ့ စကား တစ်ခွန်း ရှိပါတယ် ၊ ‘ သူ သေသွားရင် အာဆင်နယ် ပွဲ ကြည့်ခွင့်ရတော့မှာ မဟုတ်တာကြောင့် သိပ်ကို စိတ်ညစ်မိမှာ အမှန်ပဲ ။ ‘ ဆိုပြီး ပြောဖူးပါတယ် ။ အာဆင်နယ် မှာ ရှိတဲ့သူတွေအားလုံးက သူ အာဆင်နယ် အသင်းကို နောက်ထပ် အားပေးနိုင်တော့မှာ မဟုတ်တဲ့ အပေါ် အခုအချိန်အထိ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပါတယ် ။ ”

” ခင်ဗျား က တစ်သန်း မှာ တစ်ယောက်ပဲ ရှိတဲ့ ပရိသတ် တစ်ဦးပါ ၊ ကျွန်တော်တို့ ခင်ဗျားကို ဘယ်တော့မှ မဟုတ်ပါဘူး Maria ရေ ၊ ငြိမ်းချမ်းစွာ အနားယူ နိုင်ပါစေ ။ ” လို့ ဝမ်းနည်းကြောင်း ရေးသား ထုတ်ပြန် ခဲ့ပါတယ် ။

SM