“ ကလော့ပ် အပေါ် ယုံပြီးသားမို့ ၊ နူညက် ကို Troll နေတဲ့ ပို့စ်တွေက ဟာသဆန်လွန်းပါတယ်” ရော်ဘီ ဖောင်လာ

ဒါဝင် နူညက် ရဲ့ အကြောင်းတွေက အရှိန်မြင့်လာပါပြီ။ လိုက်ပ်ဇစ် နဲ့ ခြေစမ်းပွဲ ပွဲမှာ ဒုတိယပိုင်းတင် 4 ဂိုး အထိ သွင်းပြလိုက်တော့ သူ့ရဲ့ လီဗာပူး ကစားသမား ကန့်လန့်ကာ အဖွင့်ဟာ Zero ကနေ Hero ကြီး ဖြစ်သွားပါတယ်။

ယူနိုက်တက် ၊ ပဲလေ့ တို့နဲ့ ကစားခဲ့တဲ့ မီးနစ် အနည်းငယ်ကို ကြည့်ပြီး နူညက် အပေါ် ဝိုင်းပြောနေကြတာ တော်တော်ရယ်ရတယ်ဗျာ။

ဒါပေမယ့် သူ့အနေနဲ့လဲ ဒီလို ခေတ်အခါမျိုးမှာ ပြောင်းရွှေ့ကြေး အများကြီး နဲ့ ရောက်လာပြီး ဂိုးမသွင်းနိုင်ဘူး ဆိုရင် ဒီလို ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ရမယ် ဆိုတဲ့ အတွေ့ကြုံ တစ်ခုတော့ ရသွားတာပေါ့။ ဒါပေမယ့် တကယ်ကို အဓိပ္ပါယ်ကင်းမဲ့လွန်းတဲ့ ပြောဆိုချက်တွေပါပဲ။

နူညက် ဟာ ဘင်ဖီကာမှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသပြီးမှ လီဗာပူး ကို ရောက်လာခဲ့တာပါ။ ကလော့ပ် ကလဲ သူ့ကို ဒီတစ်ရာသီထဲ အတွက် ရည်ရွယ်ပြီး ခေါ်တာ မဟုတ်ပါဘူး ၊ နောက်ထပ် နှစ်တွေ အများကြီး အတွက် မျှော်လင့်ပြီးမှ ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် ကိုယ်တိုင်ကလဲ ချာတိတ် အသင်းမှာ အသားကျနေတဲ့ ပုံစံကိုကြည့်ရင်း သဘောကျနေတယ် ဆိုတာ ကျနော်တောင် မြင်ရပါတယ်။ သူ့ရဲ့ လေ့ကျင့်ရေးကွင်းက လုပ်အားနှုန်းတွေ အပေါ် ကြည့်ရင်း နည်းပြတွေ က ကျေနပ်နေကြတာပါ။

ဒါကြောင့်မို့လဲ သူက sky sports နဲ့ အင်တာဗျူးမှာ အခုလို တုန့်ပြန်ပြီး ပြောတာပေါ့ဗျာ။

“ ပြောင်းရွှေ့ကြေး အများကြီး ပေးပြီး ခေါ်ယူလိုက်တဲ့ ကစားသမား အနေနဲ့ ဖိအားတွေ ခံစားရလား ၊ မခံစားရဘူးလား ဆိုတာ ကျနော်တို့လဲ အမြဲတမ်း စဉ်းစားဖြစ်ခဲ့ပါတယ်။ သူတို့လဲ လူသားတွေပဲလေ။ ချက်ခြင်းကြီးတော့ First Touch တွေလဲ ဘယ်လိုလုပ်ပြီး ကောင်းနိုင်မလဲဗျာ။

ဒီဘက်ခေတ် ဘောလုံး သမားမျိုးဆက်တွေက Social Media ကို သုံးကြပါတယ်။ ဒါက အကောင်းကြီးတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ချက်ခြင်းကြီး ဆိုသလို ဝိုင်းပြီး ဝေဖန်ကြတာတွေက ရှိလာတတ်တယ်လေ။

လိုက်ပ်ဇစ် နဲ့ ပွဲ စွမ်းဆောင်ရည်ကတော့ အဲဒီ ဝေဖန်မှုတွေကို ရပ်တန့်ပစ်ဖို့ အကောင်းဆုံး နည်းလမ်းမျိုးပါပဲ။ သူဟာ ယခင်က ကျနော်တို့ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ် ကစားသမားတွေ နဲ့ မတူပါဘူး ၊ ဒါပေမယ့် ကစားသမားကောင်းပါပဲ”

ပေါင် 85 သန်း အထိ ပေးထားရတော့ ၊ ဈေးကလဲ မနည်းပါဘူး။ နူညက် ကို အန်ဖီးလ်မှာ မာနေး စွမ်းဆောင်ပြသွားတဲ့ ပေတံတွေ နဲ့တောင် နှိုင်းယှဉ်လာကြဦးမှာပါ။ သူတို့ နှစ်ယောက်ဟာ ပုံစံလဲ မတူသလို ၊ အရည်သွေးအားဖြင့်လဲ မတူပါဘူး။ ဒါပေမယ့် ပြောချင်တဲ့သူက ရှာကြံပြောလာဦးမှာပါ။

မာနေး ဟာ လီဗာပူး အတွက် အမြဲတမ်း သတိရနေမယ့် ကစားသမားမျိုး ဖြစ်မှာပါ။ ကျနော်လဲ ဒါနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို မလိမ်ချင်ပါဘူး။ ဒီလို နေရာကို အစားထိုးဖို့ အတွက် ပိုက်ဆံတွေ အများကြီး သုံးလိုက်တယ် ဆိုရင် စွန့်စားမှုတော့ ရှိတာပါပဲ။ ဒါပေမယ့် နူညက် ဟာ လီဗာပူး ကို မောင်းနှင်ပေးနိုင်တဲ့ အရည်သွေးမျိုး ၊ စိတ်ဓါတ်မျိုး ရှိနေတယ် ဆိုတာ စွမ်းဆောင်ရည် မှတ်တမ်းတွေက ညွှန်ပြနေပါတယ်။

ကလပ်ကလဲ သူ့ကို မခေါ်ယူခင် အိမ်စာတွေ သေချာ လုပ်ထားခဲ့မှာပါ။ ယခင် ကစားသမား ခေါ်ယူမှုတွေတုန်းကလဲ အမှားနည်းအောင် ဒီလိုပဲ လုပ်ခဲ့တာလေ။

သူဟာ လီဗာပူး မှာ အထိုင်ကျပြီး ၊ အရေးပါတဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်လာမယ် ဆိုတာ ကျနော် သေချာပေါက် ပြောရဲတယ်ဗျာ။ တစ်ဖက်က ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ တစ်ယောက် နဲ့ လက်တွဲထားတယ် ဆိုတာလဲ မေ့မထားကြပါနဲ့။

ကလော့ပ် ဟာ ကစားသမားတွေကို ပိုပြီး တောက်ပအောင် အရောင်တင်တဲ့ နေရာမှာ အောင်မြင်မှုတွေ အကြီးကြီး ရှိတယ် ဆိုတာ သမိုင်းက သက်သေခံထားပါတယ်။ မာနေး ကိုလဲ ဒီလိုပဲ စင်တင်ပေးခဲ့တာ ဖြစ်သလို ၊ ဒေါ့မွန်မှာတုန်းကလဲ အရေအတွက် မနည်းပါဘူး။

ဒါကြောင့်မို့ နူညက် ကိုယ်တိုင်ကလဲ ကလော့ပ် လက်အောင်မှာ အများကြီး တိုးတက်လာမယ့် ဆိုတာ သံသယ ကို မဖြစ်မိတာပါ။

Ref – ရော်ဘီ ဖောင်လာ ရဲ့ ဆောင်းပါးကို မှီငြမ်းထားပါသည်။

SM