ကမ္ဘာ့ဖလားပါ လွဲနိုင်တဲ့ ပေါ့ဘာ ၊ အာဆင်နယ် ရဲ့ စပွန်ဆာသစ် ၊ လာလီဂါဥက္ကဌ ယူဆောင်လာတဲ့ ဘာဆာ အတွက် သတင်းကောင်း တို့နဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

အာဆင်နယ် အသင်းဟာ KSI နဲ့ လိုဂန်ပေါလ် တို့ ပူးတွဲ တည်ထောင်ထုတ်လုပ်တဲ့ ရေဓါတ်အားဖြည့် ဖျော်ရည် PRIME နဲ့ စပွန်ဆာ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အစားထိုး တိုက်စစ်သမား ရှာဖွေ မရပါက တီမို ဗာနာ ကို လက်လွှတ်ဖို့ အစီအစဉ် မရှိသေးဘဲ အပြောင်းအရွှေ့ ပိတ်ခါနီးမှသာ ဂျာမန်သား ရဲ့ အနာဂါတ်ကို စဉ်းစားဖွယ် ရှိတယ်လို့ သိရပါတယ် ။

ဗာနာ ကို အသင်းဟောင်း လိုက်ပ်ဇစ် ၊ ယူဗင်တပ် နဲ့ နယူးကာဆယ် တို့က ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ် ။

ချဲလ်ဆီး နဲ့ ဘိုင်ယန်မြုးနစ် တို့ အကြားမှာ ပြင်သစ် နောက်ခံလူ ဘင်ဂျမင် ပါဗက် အတွက် ဆွေးနွေး ပြောဆိုမှု မရှိသေးပါဘူးလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ ပါတယ် ။

အင်တာမီလန် ခံစစ်မှူး မီလန် စခရီနီယာ ကိုလည်း ချဲလ်ဆီး က စိတ်ဝင်စားနေပေမယ့် လက်ရှိ အချိန်ထိ အီတလီ ကလပ် ကို ဆက်သွယ် ချိတ်ဆက်မှု မပြုလုပ်ရ သေးဘဲ PSG တသင်းသာ စခရီနီယာ အတွက် အင်တာ နဲ့ ပြောဆို ညှိနှိုင်း နေတယ်လို့လည်း သိရှိရ ပါတယ် ။

ချန်ပီယံရှစ် ကလပ် ရေးဆင်း အသင်း ကတော့ ချဲလ်ဆီး လူငယ် ကစားသမားလေး အိုမာရီ ဟတ်ချင်ဆင် ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ဟာ လက်စတာ ခံစစ်မှူး ဝီစလေ ဖိုဖာနာ နဲ့ ပါစင်နယ် အချက်အလက်တွေ သဘောတူညီမှု ရရှိ ထားခဲ့ပြီလို့ သိရပါတယ် ။ ဒါပေမယ့် အခုချိန်ထိ လက်စတာ ဘက်က တရားဝင် ကမ်းလှမ်းမှု မရရှိသေးဘူးလို့ ကြားသိရ ပါတယ် ။

လာလီဂါ ဥက္ကဌ ဂျာဗီယာ တိဘက်စ် က ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ ကစားသမားသစ်တွေကို စာရင်းသွင်း နိုင်မယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိ နေပါပြီလို့ သတင်းကောင်း ယူဆောင် အသိပေး သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကတော့ ခရစ်ရှန်ဆန် ၊ ကတ်ဆီ ၊ ရာဖင်ညာ ၊ လီဝန်ဒေါ့စကီး တို့ကို ခေါ်ယူထားသလို ဂျူးလ် ကွန်ဒေး ကိုလည်း အတည်ပြု ကြေညာနိုင်ဖို့ အချိန်ပိုင်းသာ ကျန်တော့တယ်လို့ သိရပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး နောက်ခံလူတွေ ဖြစ်တဲ့ မားကိုစ့် အလွန်ဆို နဲ့ အက်ဇ်ပီလီကွီတာ တို့ကိုလည်း ခေါ်ယူ နိုင်ဖို့ ကြိုးစားနေပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ အနေနဲ့ ဆီဇာ အက်ဇ်ပီလီကွီတာ နဲ့ မားကိုစ့် အလွန်ဆို တို့အတွက် ယူရို ၁၀-၁၅ သန်း အထက် အသုံးပြုဖို့ အစီအစဉ် မရှိဘဲ ချဲလ်ဆီး ဘက်က တောင်းဆိုမှု များပြားပါက အခြား ပစ်မှတ် တခုကို ပြောင်းလဲ စဉ်းစားသွားမယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ကစားသမားသစ် ၂ ယောက် ဖြစ်ကြတဲ့ ခရစ်ရှန် အဲရစ်ဆင် နဲ့ လီဆန်ဒရို မာတီနက် တို့ရဲ့ ကျောနံပါတ်တွေကို ထုတ်ဖော် အသိပေးသွားခဲ့ပြီး အဲရစ်ဆင် က နံပါတ် ၁၄ ၊ မာတီနက် က နံပါတ် ၆ တို့ကို ဝတ်ဆင် သွားကြမှာပဲ ဖြစ်ပါတယ် ။

ဘန်လေ အသင်းဟာ ကလပ် ဘရုဂျ် အသင်းမှာ ကစားနေတဲ့ ညာနောက်ခံလူ ဗီတင်ဟို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ။

ယူဗင်တပ် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ ဒဏ်ရာကို ခွဲစိတ် ကုသရမှု ကနေ ၂၀၂၂-၂၀၂၃ တရာသီလုံး အနားယူရဖွယ် ရှိနေပြီး နိုဝင်ဘာ ကနေ ဒီဇင်ဘာ အတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုပါ လွဲချော်မယ့် အလားအလာတွေ ရှိလာခဲ့ ပါတယ် ။

ယူဗင်တပ် ကတော့ ပေါ့ဘာ ရဲ့ နေရာကို အစားထိုးဖို့ စတင် ပြင်ဆင် နေပြီး အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူး နီဂွတ် ကို စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

ရိုးမား အသင်းဟာ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ် ကို ပေါင် ၈ သန်း တန် အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ခေါ်ယူ နိုင်ဖို့ ပြင်သစ် ကလပ် နဲ့ ဆွေးနွေး ပြောဆို နေဆဲလို့ သိရပါတယ် ။

လိုက်ပ်ဇစ် ကစားသမား အဒီမိုလာ လွတ်မန်း ကတော့ စီးရီးအေ ကလပ် အတ္တလန်တာ အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ ပါစင်နယ် အချက်အလက်တွေ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။

ဂျူးလ် ကွန်ဒေး ကို ဘာစီလိုနာ ထံ လက်လွှတ် ရတော့မယ့် ဆီဗီးလား ဟာ PSG ခံစစ်မှူး သီလို ခီဟာ ကို အဓိက အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ် ။

ပြင်သစ် ကလပ် မာဆေး အသင်းကတော့ အင်တာမီလန် က ရောင်းထုတ် လိုတဲ့ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက် ကို ခေါ်ယူဖို့ ကြိုးစား နေပြီး ကစားသမားနဲ့ သဘောတူညီမှု ရယူထား နိုင်ခဲ့ပြီလို့ သိရပါတယ် ။

အာဆင်နယ် နောက်ခံလူ နူနို တာဗာရက်စ် ကလည်း မာဆေး အသင်းဆီ ကို အငှားနဲ့ ထွက်ခွာဖို့ နီးစပ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

ဖရန့် လမ်းပတ် ရဲ့ အဲဗာတန် အသင်းကတော့ PSG မှာ နေရာပျောက် နေတဲ့ လက်စတာ ကွင်းလယ်လူဟောင်း အိုင်ဒရစ်ဆာ ဂူအိုင်း ကို ပရီးမီးယားလိဂ် ထံ ပြန်လည် ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့ သိရပါတယ် ။

ဟတ်တာ ဘယ်လာရင် ရဲ့ ကိုယ်စားလှယ်တွေ ကတော့ အသင်းပြောင်းရွှေ့ နိုင်ဖို့ အာဆင်နယ် တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်း နေကြတယ်လို့ သိရှိရ ပါတယ် ။ ဘယ်လာရင် နဲ့ အာဆင်နယ် တို့ဟာ ၂၀၂၃ အထိ စာချုပ် ရှိနေပေမယ့် ကစားသမားက စပိန် ကို ပြန်ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရှိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ အူဒီနီးစ် ကစားသမား နာဟူး မိုလီနာ ကို ယူရို သန်း ၂၀ နဲ့ ခေါ်ယူကာ ၅ နှစ် စာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာ သွားခဲ့ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR