ကစားသမား နှစ်ဦးကို ဥပမာပေးရင်း ဆယ်စုနှစ်အတွင်း ယူနိုက်တက်ရဲ့ အကြီးမားဆုံး အမှားကို ထုတ်ပြောဝေဖန်လိုက်တဲ့ ဆောင်းနက်စ်

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂရေမီ ဆောင်းနက်စ် က ကစားသမား 2 ဦးကို စာချုပ််သက်တမ်း တိုးမြှင့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့လုပ်ရက်ကို အပြစ်တင်ရင်း ဆယ်စုနှစ်အတွင်း ဒီအသင်းရဲ့ အကြီးမားဆုံးအမှားကို ဝေဖန်သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဆိုတာ ဘောလုံး သမိုင််းကြောင်းရဲ့ အကြီးကျယ် အခမ်းနားဆုံး ကလပ်အသင််း တစ်သင်း ဖြစ်ပေမဲ့ နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့နောက် အမှတ်ပေး ဖလားဆုကို ပြန််လည် မစိန်ခေါ်နိုင်ခဲ့တာ အခုထိပဲ ဖြစ်ပါတယ် ။

ဖာဂူဆန်ရဲ့ နောက်ပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်် အသင်းဆီ ဒေးဗစ် မိုယက်စ် ၊ လူးဝစ် ဗန်ဟားလ် ၊ ဟိုဆေး မော်ရင်ဟို ၊ အိုလီ ဂန်နာ ဆိုးလ်ရှား နဲ့ ရဲ့လ်ဖ် ရန်းဂနစ် တို့လို နည်းပြတွေ တစ်ဦးပြီး တစ်ဦး ရောက်လာခဲ့ပေမဲ့ အောင်မြင်မှု ရရှိဖို့ ရုန်းကန်ခဲ့ကြရပါတယ် ။

အခုတော့ လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင််း ဖြစ်သူ ဂရေမီ ဆောင်းနက်စ် က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ နာမည်ကျော် ကစားသမားတွေ လာချင်မှာ မဟုတ်ကြောင်း ၊ ဟွမ် မာတာ ၊ ဖီးလ် ဂျုံးစ် တို့ကိုမျိုး ကစားသမားတွေကို စာချုပ် သက်တမ်းတိုးတဲ့ လုပ်ရက်က ဆိုးရွားကြောင်း ဝေဖန်ခဲ့လိုက်ပါတယ် ။

” သူတို့ (မန်ချက်စတာ ယူနိုက်တက်) ရဲ့ အကြီးမားဆုံး ပြသနာက အသင်းမှာ အားနည်းတဲ့နေရာတွေ အများကြီး ရှိနေခြင်းပါပဲ ။ သူတို့ရဲ့ ဘောလုံး အသင်းဟာ ဆုံးဖြတ်ချက််တွေ ချမှတ်ရာမှာလည်း အားနည်းချက်တွေ ရှိနေခဲ့တာ အားလုံး အမြင်ပဲ ဖြစ်ပါတယ် ”

” အကယ်လို့ ခင်ဗျားဟာ ကစားသမားကောင်း တစ်ဦး ဖြစ်နေရင် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ သွားချင်မလား ? ကျွန်တော် ဆိုလိုချင်တာက သူတို့တွေဟာ ဆယ်စုနှစ် တစ်ခုလောက်အထိ မှားယွင်းတဲ့ ဆုံးဖြတ်ချက််တွေကို ချမှတ်ခဲ့ကြတယ် ဆိုတာပါပဲ ”

” ဒါက သူတို့ ကစားသမားတွေ ခေါ်ယူရာမှာတင် မှားယွင််းခဲ့တာမျိုး မဟုတ်ခဲ့ရပါဘူး ။ အဲ့တာကို လုပ်ရတာ ပိုပြီးတောင် လွယ်ပါသေးတယ် ။ သူတို့တွေဖက်က ဖီးလ် ဂျုံးစ် ၊ ဟွမ် မာတာ တို့လို ကစားသမားတွေကို စာချုပ်သက်တမ််း တိုးခဲ့တာကိုပဲ ကြည့်လိုက်ပါ ”

” ဒီလို ကစားသမားတွေကို စာချုပ် သက်တမ်း တိုးမြှင့်ပြီး နောက်ရာသီမှာ ခြားနားမှုတွေကို လုပ်နိုင်လိမ့်မယ်လို့ သူတို့တွေ မျှော်လင့်နေခဲ့ကြသလိုပါပဲ ။ အဲ့တာတွေပြီးရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း သူတို့တွေ ခေါ်ယူခဲ့တဲ့ ကစားသမားတွေအကြောင်း ပြောရအောင် ”

” သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက ကောင်းလွန်းတဲ့ ကစားသမား ၊ ခင်ဗျားတို့ကို wow ဖြစ်စေနိုင်မဲ့သူမျိုး တစ်ယောက်လောက်ရှိရင် ကျွန်တော့်ကို ပြောပြလိုက်ပါ ။ ဒါဟာ ဆယ်နှစ်တာ အတွင်းလုံး မှားယွင်းတဲ့ စီမံ ခန့်ခွဲမှုတွေ လုပ်ခဲ့ခြင်းပါပဲ ” လို့ ဆောင်းနက်စ် က ပြောကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar