ကစားသမားသစ် နှစ်ဦး နံပါတ် ဘယ်လောက် ဝတ်ဆင်မလဲဆိုတာကို အတည်ပြုပေးလိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖီယင်နု အသင််းမှ တိုင်ရယ် မာလာစီယာကို ခေါ်ယူခဲ့တဲ့နောက် ဒီနွေရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် ခရစ္စတီယံ အဲရစ်ဆင် နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ကို ခေါ်ယူခဲ့ပါတယ် ။

အဲရစ်ဆင်ဟာ နှလုံးရောဂါ ရရှိခဲ့ပြီးနောက် ကျန်းမာရေး ကောင်းမွန်အောင် ပြန်လည်ကြိုးစားခဲ့ပြီး ဘရန့်ဖို့ဒ် အသင််းဆီ လာရောက် ကစားခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို စိတ်ဝင်စားပြီး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဂိုးတွေ ပေးနေခဲ့ရတဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အတွက် အေဂျက်ဇ် အသင်းရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ဆက်လက် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ မာတီနက်ဇ် ဟာ ကွင်းလယ် ခံစစ် နေရာမှာပါ ကစားပေးနိုင်သူ ဖြစ်တာက အားသားချက်တစ်ခုပါပဲ ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရန့်ဖို့ဒ် အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ် ဖန်တီးရှင် ခရစ္စတီယံ အဲရစ်ဆင် ကို နံပါတ် 14 ဂျာစီ ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု သွားခဲ့လိုက်ပါတယ် ။ နံပါတ် 14 ဂျာစီ ဆိုတာ ယခင်က ယူနိုက်တက် အကယ်ဒမီထွက် ဂျက်စီ လင်ဂတ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဗဟို ခံစစ် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ် ကို နံပါတ် 6 ဂျာစီ ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့လိုက်ပါတယ် ။ မာတီနက်ဇ် ဟာ ကနဦး တုန်းက နံပါတ် 21 ဂျာစီ ရနိုင်ဖို့ အလားအလာ ရှိခဲ့ပေမဲ့ ငြင်းဆန်ခဲ့တယ်လို့ သိခဲ့ရပါသေးတယ် ။

နံပါတ် 21 ဂျာစီ ဆိုတာ လက်ရှိ ဘာစီလိုနာ အသင်းမှာ ကစားနေတဲ့ ဖရန်ကီ ဒီဂျောင် ဝတ်ဆင်တဲ့ ကျောနံပါတ်ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ်တွေဟာ နံပါတ် 6 ဂျာစီကို ရွေးချယ်ခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ရဲ့ လုပ်ရက် အပေါ် ကျေနပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့တုန်းကပဲ ကြားပွဲအဖြစ် ဝရက်စ်ဟမ်း အသင်းနဲ့ တံခါးပိတ် ပွဲစဥ် ကစားခဲ့ပါသေးတယ် ။ အဆိုပါ ပွဲစဥ်မှာတော့ အဲရစ်ဆင်ရော မာတီနက်ဇ် ပါ ပါဝင်ခဲ့ကြတယ်လို့ သိခဲ့ရပါတယ် ။ ဒီပွဲမှာ အဲရစ်ဆင်ဟာ အသင်း အတွက် တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

ယူနိုက်တက်တို့ဟာ ဒီတစ်ပါတ်မှာတော့ စပိန်ထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။ ဒီပွဲစဥ်မှာတော့ ယူနိုက်တက်တို့ရဲ့ ကစားသမားသစ် နှစ်ဦး ဖြစ်ကြတဲ့ အဲရစ်ဆင်ရော မာတီနက်ဇ် တို့ပါ ကစားခွင့် ရကြလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပါတယ် ။

#Sports_Myanmar