No.1 လီဗာပူးဖန် အဖြစ် ဆက်ရှိနေမှာပါ လို့ ပြောရင်း အန်ဖီး ပရိသတ်တွေကို နှုတ်ဆက်သွားတဲ့ ဆာဒီယို မာနေး 

 

သမိုင်းကြောင်းထဲ က လီဗာပူး ရဲ့ နေ့ရက်တွေကို တစ်ကျော့ပြန် အသက်သွင်းမယ့် စီမံကိန်းတွေကို အကောင်ထည်ဖော်ဖို့ အတွက် ယုံကြည်မှု အပြည့်နဲ့ အန်ဖီးလ် ကို ပထမဆုံး ရောက်ရှိလာခဲ့တဲ့ ကစားသမားက ဆာဒီယို မာနေး ဖြစ်ပါတယ်။

 

ချန်ပီယံလိဂ် ကစားခွင့် မရခဲ့လို့ ထိပ်တန်း ဘောလုံးသမားတွေ လာရောက် ကစားချင်အောင် ဆွဲဆောင်နိုင်ခြင်း မရှိတဲ့ ကာလ တစ်ခုမှာ ယာဂန် ကလော့ပ် ရဲ့ “ ချန်ပီယံလိဂ် ကစားခွင့် လိုချင်နေတဲ့ ကစားသမားမျိုးထက် ၊ ချန်ပီယံလိဂ် ကစားခွင့်ရဖို့ အတူတူ လက်တွဲ တိုက်ပွဲဝင်ချင်တဲ့ ကစားသမားမျိုးတွေပဲ ခေါ်သွားမယ်” ဆိုတဲ့ စကားလုံးကို ယုံကြည်မှု အပြည့်နဲ့ လက်တွဲခဲ့သူ ဖြစ်ပါတယ်။

တကယ်တမ်းမှာလဲ လီဗာပူး ရဲ့ အောင်မြင်မှုတွေ စတင် အရှိန်ယူဖို့ အတွက် အကောင်းဆုံး စွမ်းဆောင်ပြခဲ့သလို ၊ ဖြတ်သန်းခဲ့တဲ့ 6 နှစ်တာ ကာလ အတွင်းမှာ ဆုဖလားတွေ အားလုံးကို ဆွတ်ခူးပေးသွားခဲ့သူပါ။

မာနေး ဟာ လီဗာပူး ကစားသမား စုစုပေါင်း ပါဝင် ကစားခဲ့တဲ့ 269 ပွဲမှာ သွင်းဂိုးပေါင်း 120 အထိ သွင်းယူနိုင်ခဲ့ကာ ၊ ကလပ် သမိုင်းကြောင်း တစ်ယောက် 14 ယောက်မြှောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်သွားခဲ့ ပါတယ်။

“ လီဗာပူး ကစားသမား ဘ၀ ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်မှာ အကောင်းဆုံး အခိုက်အတန့်တစ်ခု ကို ဆွဲထုတ်ရတာ ခက်ပါတယ်။

 

ပြောကြည့်ရမယ် ဆိုရင်တော့ 2019 ခုနှစ် ဘာစီလိုနာ အသင်းကို ပြန်လည် အနိုင်ယူတဲ့ ပွဲကို ရည်ညွှန်းချင်ပါတယ်။ အဲဒီနှစ်က ချန်ပီယံလိဂ် ဖလားလဲ ဆွတ်ခူးနိုင်ခဲ့တယ်လေ။ အခုထိတော့ အဲဒီ အခိုက်အတန့်က အကောင်းဆုံး ဖြစ်နေသလို ၊ နှလုံးသားထဲမှာလဲ ထာဝရ သိမ်းထားမှာပါ” လို့ ဆီနီဂေါသားကြီး က ဖွင့်ဟသွားခဲ့ ပါတယ်။

ဒါ့အပြင် လီဗာပူး ပရိသတ်တွေ ကိုလဲ “ လီဗာပူး ကနေ ဘယ်လို ကစားသမားမျိုးပဲ ထွက်ခွာသွားပါစေ ၊ ပရိတ်တွေကိုတော့ အမြဲတမ်း အမှတ်ရနေကြမှာပါ ဘာလို့လဲ ဆိုတော့ သူတို့က ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေ ဖြစ်နေတဲ့ အတွက်ပါ။

 

ဒီအကြောင်းကို ကျနော် အမြဲတမ်း ပြောဖြစ်ပါတယ်။

 

အထူးသဖြင့် ကျနော့် ရဲ့ သီချင်း ကို သံပြိုင်ဆိုကြတဲ့ အခိုက်အတန့်တိုင်းဟာ တကယ်ကို ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။ ဘယ်လိုပြောရမလဲဗျာ………အန်ဖီးလ်မှာ ဒီလို ပရိသတ် ဝန်းရံမှု ကောင်းလွန်းတဲ့ အတွက် ကစားရတဲ့ အချိန်တွေမှာ စိတ်ဓါတ်ခွန်အားတွေက အလိုလို မွေးဖွားလာတာပါ။

 

ကျနော် ကတော့ သူတို့ကို လွမ်းနေမှာ သေချာပါတယ်။

 

အခုထိ လီဗာပူးမှာ ရှိတဲ့ ကျနော့် ရဲ့ အိမ်ကို မရောင်းဘူးလေ။ ဒါကြောင့်မို့ သေချာပေါက် ပြန်လာခဲ့ဦးမှာပါ။ တစ်နေ့နေ့ ရောက်ရင် လီဗာပူး ပရိသတ်တွေ နှုတ်ဆက်ရင်း လီဗာပူး ကစားတဲ့ ပွဲကို လာကြည့်ချင်ပါသေးတယ်။ ဘာလို့လဲ ဆိုရင် ကျနော် က သူတို့ပြီးရင် ၊ လီဗာပူး ကို အမှန်ကန် အားပေးမယ့် နံပါတ် 1 ဖန် ဖြစ်နေလို့ပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

 

လီဗာပူး ဟာ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိပြီးတာ နဲ့ နည်းပြကြီး ကလော့ပ် အပါအဝင် နည်းပြ အဖွဲ့ဝင်တွေ ၊ ကစားဖော်တွေ အားလုံးကို အွန်လိုင်း ကနေ တဆင့် နှုတ်ဆက်သွားခဲ့ ပါတယ်။

သို့သော် သူ့ရဲ့ အပြောင်းအရွှေ့ က ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးမှ ပိုပြီး ပီပြင်လာတာ ဖြစ်လို့ ၊ အန်ဖီးလ် ပရိသတ်တွေကို နှုတ်ဆက်ခွင့် မရသေးပါဘူး။ သို့သော် လီဗာပူး ပရိသတ်တွေ အားလုံးကတော့ ဆီနီဂေါသားကြီး ဟာ လီဗာပူး ရဲ့ ဂန္တဝင် ကစားသမားကြီး အဖြစ် ထာဝရ ရပ်တည်သွားမယ့် အကြောင်း ဝိုင်းဝန်း အသိမှတ် ပြုနေကြပါတယ်။

 

SPORTS MYANMAR