အာဆင်နယ် အနေနဲ့ ဂျေးဇု ကို ခေါ်မယ့်အစား လူကာကူ ကို ခေါ်သင့်တယ်လို့ ဆိုတဲ့ ဒါရင်းဘန့်

 

ဂန်းနား နည်းပြ အာတေတာ ရဲ့ နွေရာသီ အဓိက ပစ်မှတ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ဟာ အာဆင်နယ် အသင်းကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ကို ခေါ်ယူဖို့ ပေါင် ၄၅ သန်း နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

အာဆင်နယ် ဟာ ဂျေးဇု အတွက် စာရွက် စာတမ်း ကိစ္စတွေ အားလုံး ပြီးစီး သွားခဲ့ပြီး လာမယ့် ဇူလိုင် ၂ ရက် ကနေ ၅ ရက် အတွင်းမှာ စာချုပ်ချုပ်ဆို ကြေညာသွားဖို့ ရှိနေတယ်လို့ သိရှိရ ပါတယ် ။ အာဆင်နယ် အသင်းအတွက် ဂျေးဇု ဟာ နွေရာသီ စတုတ္တမြောက် ခေါ်ယူမှု ဖြစ်လာမှာပါ။

အာဆင်နယ် အသင်းဟာ လာကာဇက် နဲ့ အူဘာမီယန်း နေရာ အစားထိုးဖို့ရာ အန်ကီတီးယား ကို စာချုပ် သက်တမ်းတိုး ၊ ဂျေးဇု ကို ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဒါရင်းဘန့်ကတော့ ဂျေးဇု ကို ခေါ်ယူလိုက်မှုကို သဘောမတွေ့ဘဲ ဝေဖန် လိုက်ပါတယ် ။

 

ဒါရင်းဘန့်က အာဆင်နယ် အသင်း အနေနဲ့ ဂျေးဇု ကို ခေါ်မယ့်အစား ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူတာက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ပြောကြား ခဲ့တာပါ ။

လူကာကူ ဟာ မနှစ်က အင်တာမီလန် အသင်းကနေ ချဲလ်ဆီး အသင်းကို ပေါင် ၉၇.၅ သန်းကနေ ရောက်ရှိလာသူ ဖြစ်ပြီး မျှော်လင့်ထားသလို ဖြစ်မလာတာကြောင့် အသင်းဟောင်း အင်တာမီလန် အသင်းကို အငှားနဲ့ ပြန်သွားတော့မှာ ဖြစ်ပါတယ် ။

ဒါရင်းဘန့်က talkSPORT Drive မှာ ” ကျွန်တော်သာဆို လူကာကို အငှား နဲ့ ခေါ်ယူမှာပါ ၊ ၁၀၀% သေချာပါတယ် ၊ သူ့ကိုသာ အာဆင်နယ် အသင်း ခေါ်ရင် ကျွန်တော် အလွန်အမင်း ပျော်ရွှင် မိမှာပါ ။ ”

” လူကာကူ ကို ကြည့်ရတာ သူ့ကို ချစ်ခင် ပေးကြမယ့် အသင်း တစ်သင်းကို ပြောင်းရွှေ့ကစားချင်ပုံပါပဲ ၊ အင်တာမီလန် မှာတုန်းက သူက သိပ်ကောင်းခဲ့ပါတယ် ၊ သူ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့​ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အကြီးအကျယ် ရခဲ့ပါတယ် ။ ”

” သူ အင်တာမီလန် အသင်းကို ပြန်ဖို့ ကြန့်ကြာနေတဲ့ အချက်က ၂၅% လစာလျော့ယူရမှာမို့ပါ ၊ ကြည့်ရတာ သူ ဒီနိုင်ငံ ကနေ ခပ်မြန်မြန် ထွက်ခွာ နိုင်မယ့်ပုံ မရှိပါဘူး ၊ ကျွန်တော် ကတော့ ဂျေးဇု နဲ့ လူကာကူ ဆို လူကာကူ ပဲ ခေါ်စေချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM