အာဆင်နယ် သတင်းတိုများ

၁ ။ အာဆင်နယ် အသင်းဟာ ရီးယဲလ်မက်ဒရစ် စတား အဆန်စီယို ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဆန်စီယို ဟာ ရီးယဲလ်မက်ဒရစ် နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ခုထက်ထိ စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးပါဘူး ။

၂ ။ ဂျာမနီ ကလပ် လေဗာကူဆင် အသင်းဟာ အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ ကို ခေါ်ယူဖို့ မျက်စိ ကျနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ တိုင်လေမန်းစ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် ရှာကာ ကို လက်လွှတ်လိမ့်မယ်လို့ လေဗာကူဆင် အသင်းက ယုံကြည် နေတာပါ ။

၃ ။ အာဆင်နယ် အသင်း အပါအဝင် ချဲလ်ဆီး၊မန်ယူနိုက်၊ဘာစီလိုနာ တို့ရဲ့ စိတ်ဝင်စားမှု ကို ရရှိနေတဲ့ ရာဖင်ဟာ အတွက် လိဒ်ယူနိုက်တက် အသင်းဟာ ယူရို ၅၅ သန်း(ပေါင် ၄၇ သန်း) အလို ရှိနေတယ်လို့ သိရပါတယ် ။

၄။ အာဆင်နယ် အသင်း ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ဟာ မနေ့ညက ကစားခဲ့တဲ့ အီတလီ အသင်းနဲ့ ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ကာ Clean-Sheet ရယူ နိုင်ခဲ့ပါတယ် ။ ရမ်စ်ဒေးလ် ဟာ အင်္ဂလန် အတွက် ၂ ပွဲ ပွဲထွက် ကစားရာမှာ ၂ ပွဲစလုံး Clean-Sheet ရရှိထားပါတယ် ။

၅ ။ အာဆင်နယ် အသင်းရဲ့ လူငယ် ကစားသမားလေး မာဆယ်လို ဖလောရက်စ် ဟာ မနေ့ညက Suriname အသင်းကို ၃ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ မက်ဆီကို အသင်းအတွက် သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ကို ကစားခွင့် ရရှိခဲ့ပါတယ် ။ ဖလောရက်စ် ဟာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိပေမယ့် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

၆ ။ နီကိုလပ်စ် ပေပေ ကို ခေါ်ယူဖို့ အသင်းဟောင်း လိုင်လီ အသင်းက စိတ်ဝင်စားနေပါတယ် ။ မိတ်လန်နိုင်းလ်စ် ကတော့ တန်းတက် နော်တင်ဟမ်ဖောရက်စ် ရဲ့ အဓိက ပစ်မှတ် ကစားသမားပါ ။ အီတလီ ကလပ် အတ္တလန်တာ အသင်းဟာ နူနိုတာဗာရက်စ် ကို အငှား နဲ့ ခေါ်ယူဖို့ စုံစမ်း နေပါတယ် ။

၇။ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ဖူလ်ဟမ် အသင်းဟာ အာဆင်နယ် အသင်းဂိုးသမား လေနို ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို နေပါတယ်။အသက် ၃၀ အရွယ် လေနိုဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး ခုချိန်ထိ ကလပ်နှစ်သင်းကြား သဘောတူညီမှု ရရှိထားခြင်း မရှိသေးပါဘူး။

၈ ။ The Beautiful Game Podcast ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်း ကစားသမား ဘိုဝမ် ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ် ။

၉ ။ အာဆင်နယ် အသင်း နည်းပြ အာတေတာ ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းရဲ့ လှုပ်ရှားမှုတွေ နဲ့ ပတ်သက်ပြီး အားမလို အားမရ ဖြစ်ကာ စိတ်ဆိုး ဒေါသထွက် နေတယ်လို့ Daily Mail က ဖော်ပြ လိုက်ပါတယ် ။

၁၀ ။ Corriere cello Sport က အာဆင်နယ် အသင်းနဲ့ နယူးကာဆယ် အသင်းဟာ လာဇီယို ကွင်းလယ်လူ ဆားဗစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ် ။ လာဇီယို အသင်းဟာ ဆားဗစ် အတွက် ယူရို ၆၅ သန်း အလို ရှိနေပြီး အာဆင်နယ်ကတော့ ယူရို သန်း ၆၀ အထိ ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ် ။

SM