အသင်းမှ အမြတ်ငွေတွေ ခွဲယူခဲ့ကြတဲ့ ဂလေဇာ မိသားစု အပေါ် ပေါက်ကွဲလိုက်တဲ့ ဂယ်ရီ နဗီးလ် 

 

မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ဂန္တဝင် ကစားသမားဟောင််း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် ကတော့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အသင်းမှ အကျိုးအမြတ် ပေါင် 11 သန်းကို အချိုးကျ ခွဲယူခဲ့ကြတဲ့ ဂလေဇာ မိသားစု အပေါ် ဝေဖန် ထိုးနှက် သွားခဲ့လိုက်ပါတယ် ။

Forbes ရဲ့ ထုတ်ပြန်ချက်အရ ခန့်မှန်းခြေ ပေါင် 3.1 ဘီလီယံ တန်ကြေးရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဂလေဇာ မိသားစုဟာ အကျိုးအမြတ်ငွေတွေကို ပုံမှန်ဆိုသလို အချို့ကျ ထုတ်ယူ ခွဲဝေနေခဲ့ကြတယ်လို့ သိခဲ့ရပါတယ် ။

 

ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက ဘဏ္ဍရေး အပိုင်းမှ ထုတ်ပြန် ​​ကြေငြာချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အကြွေးတွေ ပေါင် သန်း 500 နီးပါး ရှိနေခဲ့ပြီလို့ သိခဲ့ရပါသေးတယ် ။ ဒါဟာ ကိုဗစ်ရဲ့ဒဏ်ကို ခံခဲ့ရခြင်းကြောင့်လည််း ဖြစ်ခဲ့ရပါတယ် ။

အခြားတဖက်မှာ​တော့ မန်ချက်စတာယူနိုက်တက် အသင််းဟာ နောက်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရဖို့ မရှိတဲ့ အတွက် ဘဏ္ဍရေးပိုင်းအရ အကျိုးအမြတ် ရရှိမှုတွေ ရှေ့ဆက် နည်းပါးသွားနိုင်ဖို့ပဲ အလားအလာ များနေခဲ့ရပါတယ် ။

 

ဒါ့အပြင် အသင်းဟာ နွေစျေးကွက်ထဲမှာ ကစားသမား အထွက်သာ များခဲ့ပြီး အခုထိ ကစားသမားသစ်တွေကို ခေါ်ယူ အင်အား ဖြည့်တင်းနိုင်ခြင်း မရှိခဲ့သေးပါဘူး ။ ဒီလို အနေအထားမျိုးမှာ အသင်းအတွက် လုပ်စရာရှိတာ မလုပ်ပဲ ငွေတွေ ခွဲခဲ့တဲ့ အပေါ် ဂယ်ရီ နဗီးလ် က စိတ်ပျက််မှုတွေနဲ့ ပေါက်ကွဲသွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

” သောကြာနေ့တုန်းက ဂလေဇာ မိသားစု အနေနဲ့ အသင််းရဲ့ အကျိုးအမြတ် ဝေစုအဖြစ် ပေါင် 11 သန်းကို ခွဲဝေမယူခဲ့သင့်ပါဘူး ။ အသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်နေချိန်မျိုးမှာ အခုလို လုပ်တာက ဘယ်နည်းနဲ့မှ မမှန်ကန်ပါဘူး ”

” သူတို့ အနေနဲ့ ဒီအချိန် အသင်း ၊ ကွင်းကြီးနဲ့ လေ့ကျင့်ရေးကွင်းတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတာပါ ။ ပြီးတော့ အရင် ရာသီတုန်းက နဲ့ ယှဥ်ရင် အသင်းရဲ့ ဝင်ငွေ အနေအထားတွေက သိသိသာသာ လျော့နည်းလာခဲ့တယ်လေ ”

 

” အခုလို ခွဲဝေမှုတွေ ပြုလုပ်ဖို့ အတွက် သူတို့တွေ အနေနဲ့ အနည်းဆုံး အချိန် သုံးနှစ်လောက်တောင်် စောင့်ဆိုင်းသင့်ပါသေးတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာ မဟာပြိုင်ဖက်တွေဟာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်ခဲ့ကြပြီ ဖြစ်ပေမယ့် ယူနိုက်တက်တို့ကတော့ စျေးကွက်ထဲ လက်နှေးနေဆဲပါပဲ ။

 

#Sports_Myanmar