အပြောင်းအရွှေ့ သတင်းတွေ ကျယ်လောင်လာခဲ့တဲ့ ရော်နယ်ဒိုရဲ့ အနာဂတ် ဘယ်မှာရှိမလဲဆိုတာ ပြောပြလိုက်တဲ့ ရွိုင်ကိန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ရော်နယ်ဒို နဲ့ ပတ်သက်လို့ အပြောင်းအရွှေ့ ​ကောလ ဟာလ သတင်းတွေ အများကြီး ထွက်ပေါ်နေခဲ့ပေမဲ့ ကွင််းလယ်လူဟောင်း ဖြစ်တဲ့ ရွိုင်ကိန်း ကတော့ ပေါ်တူဂီသားဟာ မန်ချက်စတာမှာပဲ ဆက်နေလိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက စိတ်ပျက်ဖွယ်ကောင်းတဲ့ ရလဒ်တွေကိုသာ ပိုင််ဆိုင်ခဲ့ပြီး ယူရို ပါလိဂ် ဝင်ခွင့်သာ ရယူနိုင်ခဲ့တဲ့နောက် အဓိိက တိုက်စစ်မှူး ဖြစ်သူ ရော်နယ်ဒို ဟာ နွေမှာ အသင်းပြောင်းလိမ့်မယ်လို့ အသံတွေ ကျယ်လောင်ခဲ့ပါတယ် ။

ဒါပေမဲ့ ကစားသမား ကိုယ်တိုင် ကတော့ အသင်းဆီကို နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟတ် ရောက်လာခဲ့တဲ့နောက်် နယ်သာလန်သားနဲ့ အတူတူ လက်တွဲ အလုပ်လုပ်ဖို့ အတွက် ရှေးရှုနေကြောင််း ပြောရင်းဖြင့် အပြောင်းအရွှေ့ အသံတွေကို ငြိမ်သက်သွားစေခဲ့ပါတယ် ။

ဒါပေမဲ့ စျေးကွက်ထဲ ပြိုင်ဖက် အသင်းတွေ ဖြစ်ကြတဲ့ မန်စီးတီးနဲ့ လီဗာပူး တို့က အားလင်း ဟာလန်း ၊ ဒါဝင် နူးနက်ဇ် တို့လို ကစားသမားတွေကို ခေါ်ယူခဲ့ကြချိန် မန်ချက််စတာ ယူနိုက်တက် အသင်းကတော့ အခုထိ ခေါ်ယူမှု မလုပ်နိုင်ခဲ့သေးပါဘူး ။

ဒါကို ရော်နယ်ဒိုက စိတ်ပျက်နေခဲ့ပြီး အသင်းပြောင်းလိုနေပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ သူ့ကို ခေါ်ယူဖို့ ဘိုင်ယန် မြူးနစ် အသင်းက စိတ််ဝင်စားနေကြောင်း ၊ ဘိုင်ယန် ဒါရိုက်တာက မခေါ်ဘူးလို့ ပြောခဲ့ကြောင်း သတင်းတွေ တက်လာခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ဒီနွေမှာ လူကာကူကို အင်တာ မီလန် အသင်းဆီ အငှားချလိုနေခဲ့တဲ့ ချဲလ်ဆီး အသင်းက ရော်နယ်ဒို ကို ခေါ်ယူချင်နေပြီလို့ သတင်းတွေ ထွက်လာခဲ့ပြန် ပါတယ် ။ အခုလို သတင်းတွေ ထွက်နေချိန် ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က ပေါ်တူဂီသားဟာ အသင်းမှာပဲ ဆက်ရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်ကတော့ အများတွေးသလို မတွေးဖြစ်ပါဘူး ။ ကောလဟာလ သတင်းတွေကတော့ ထွက်ပေါ်နေတာပါပဲ။ ဒါပေမဲ့ နွေမှာ သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှု တစ်ခုခု မရှိရင်ဖြင့် မန်ချက်စတာ ကနေ သူ ထွက်ခွာဖြစ််မယ် လို့ ကျွန်တော်တော့ မမြင်မိပါဘူး ”

” သူ သွင်းယူထားနိုင်ခဲ့တဲ့ သွင်းဂိုးတွေကို ကြည့်လိုက်ပါ ။ သူဟာ အခရာကျသူ ဖြစ်နေဆဲပါပဲ။ ပြီးတော့ မန်နေဂျာတိုင်းကလည်း သူ့လို ကစားသမားမျိုးနဲ့ အလုပ် လက်တွဲ လုပ်ချင်ကြမှာ သေချာလှပါတယ် ။ ဒါက ရိုးရှင်းလွန်းတယ််လေ ” လို့ ရွိုင်ကိန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar