ဝေဖန်မှုတွေကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ကစားသမား 2 ဦး ၊ လာမယ့် ရာသီ ယူနိုက်တက် ရဲ့ ခေါင်းဆောင် ဖြစ်နိုင်မယ့်သူ 3 ဦး အမည်တွေကို ပြောလိုက်တဲ့ ဆာဟာ 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ လူးဝစ် ဆာဟာ က လက်ရှိ အသင်းမှ ကွင်းလယ််လူ ဘရူနို ဖာနန်ဒက်စ် ဟာ လာမယ့် ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား ဖြစ််လာလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

 

2020 ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင်ဟာ မကြာခင်မှာပဲ အထူးခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရယူနိုင်ခဲ့ပြီး အဓိက ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီ တုန်းက ယာယီ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် လက်အောက်မှာ သူလည်း အခြား အသင်းဖော်တွေ နည်းတူ ပုံစံကောင်းတွေကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါတောင် သူဟာ ပြိုင်ပွဲစုံမှာ ကိုယ်တိုင် 10 ဂိုး သွင်းယူ ၊ 14 ကြိမ် ဂိုးဖန်တီး ပေးထားနိုင်ခဲ့ပါသေးတယ် ။

 

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ််မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က ဘရူနို ဖာနန်ဒက်စ် ဟာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်မယ်လို့ ပြောရင်း ပြီးခဲ့တဲ့ ရာသီက ရော်နယ်ဒို ၊ ဒီဂီယာ တို့ နှစ်ဦးသာ ဝေဖန်ခံရမှုကနေ ရုန်းထွက်နိုင်ခဲ့ကြတယ်လို့ ပြောခဲ့လိုက် ပါတယ် ။

” နောက်ရာသီမှာ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား ဖြစ်လာနိုင်ပါလိမ့်မယ်် ။ ဒီလိုဖြစ်နိုင်ဖို့ သူ့ဆီမှာ အရည်အသွေးကောင်းတွေ သေချာပေါက် ရှိနှင့်ပြီးသားပါ ။ သူ အသင်းဆီ စရောက်တုန်းက အရမ်းကောင်းခဲ့တဲ့အတွက် အဲ့တာနဲ့ နှိုင်းယှဥ်တဲ့ အခါ အနည်းနဲ့ အများတော့ ရုန်းကန်ရလိမ့်မယ်လို့ ကျွန််တော် တွေးမိပါတယ် ”

 

” ပြီးခဲ့တဲ့ ရာသီတုန်းက အချို့ ပွဲစဥ်တွေမှာ သူ ဘာတွေ လုပ်နိုင်သလဲဆိုတာကို ပရိသတ်တွေ မြင်တွေ့ခဲ့လိမ့်မယ်လို့ ထင်မိပါတယ် ။ ဒါပေမဲ့ အဲ့တာတွေကို ပုံမှန် လုပ်ပြနိုင််ဖို့ဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် တွေးပါတယ် ”

” အသင်း တစ်သင်းဟာ အမြဲ တည်ဆောက်တဲ ကာလကို ပိုင်ဆိုင်နေတယ် ၊ အပြောင်းအလဲတွေ ခနခန ဖြစ်နေမယ်ဆိုရင် ကစားသမားတွေအတွက် အဆင်ပြေမှာတော့ မဟုတ်ပါဘူး ။ ဘရူနို ဟာ အသင်းအတွက်တော့ သေချာပေါက်် စတားကစားသမား တစ်ဦးပါ ”

 

” ဒါပေမဲ့ ဒီအသင်းမှာ ရှိနေကြတဲ့ ကစားသမား အများစုဟာ အခုထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဆိုရင် ခရစ္စတီယာနို နဲ့ ဒေးဗစ် ဒီဂီယာ တို့ နှစ်ဦးလောက်ပဲ ဝေဖန်မှုတွေ အောက်မှ ရုန်းထွက်နိုင်ခဲ့ကြတယ်လို့ တွေးမိပါတယ် ”

” ဘရူနို ကတော့ အလုပ်တွေ ကြိုးစားပြီး ကောင်းကောင််း မကစားပေးနိုင်ရင်တောင်မှ တိုက်ရဲခိုက်ရဲကြောင်း ပြနိုင်ခဲ့တာချည်းပါပဲ ။ ဒီလို ကစားသမားမျိုးကမှ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သူ ဖြစ်သင့်တာပါ ” လို့ ဆာဟာ က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar