လာစေချင်တဲ့ နည်းပြကို ယူနိုက်တက်တို့ မခေါ်ယူနိုင်ခဲ့တဲ့အတွက် နာကျင်နေဆဲဖြစ်ကြောင်း ဖွင့်ဟလိုက်တဲ့ အီဗရာ 

 

ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ပတ်ထရစ် အီဗရာ က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ မရောက်ခဲ့ပဲ ပြိုင်ဖက် တော့တင်ဟမ် ဟော့ စပါး အသင်းမှာ ရလဒ်ကောင်းတွေ ရယူပေးနေခဲ့တဲ့ ကွန်တီ​ကို ကြည့်ပြီး နာကျင်ဆဲ ဖြစ်ကြောင်း ဝန်ခံဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

 

ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ လက်အောက်မှာ ကစားပေးခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ပတ််ထရစ် အီဗရာဟာ မန်ချက်စတာမှ ထွက်ခွာခဲ့တဲ့နောက် ဂျူဗင်တပ် အသင်းဆီ ပြောင်းခဲ့ပြီး အန်တိုနီယို ကွန်တီရဲ့ လက်အောက်မှာ ကစားခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဆိုးလ်ရှား မထွက်ခင်တုန်းက ကွန်တီနဲ့ သတင်းကြီးခဲ့ပေမဲ့ ကြန့်ကြာခဲ့တဲ့ အတွက် အီတလီသားဟာ တော့တင်ဟမ်ဆီ ရောက်သွားခဲ့ပါတယ် ။ အီဗရာကတော့ ကွန်တီဟာ စပါးအသင်းကို မြှင့်တင်နိုင်မယ်လို့ ယုံကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒါဟာ ကျွန်တော့်ရဲ့ နှလုံးသားကို နာကျင်စေပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်တီ ၊ ကလော့ပ် ၊ ဂွာဒီယိုလာတို့ဟာ ကျွန်တော့် အတွက် ကမ္ဘာ့ အကောင်းဆုံး နည်းပြတွေ ဖြစ်ကြလို့ပါပဲ ။ ကျွန်တော်တို့ သူ့ကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပိုင်ဆိုင်သင့်ပါတယ် ”

” ဒါပေမဲ့ အသင်းမှာ ရှိကြတဲ့ အချို့သူတွေကတော့ သူဟာ အသင်းရဲ့ style နဲ့ မကိုက်ညီဘူး ၊ ငါတို့ ရှာဖွေနေကြတာ ဒီလို နည်းပြမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ် ။ စောင့်ကြည့်ကြတာပေါ့ဗျာ ။ အခု အသင်းမှာ အရစ် တန််ဟတ် ရောက်နေပြီပဲလေ ”

 

” သူ ဘာတွေ လုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ သူ့ကို ကျွန်တော် ထောက်ခံပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဘယ်လို အကြီးအကဲမျိုးပဲ ရောက်ပါစေ ၊ ကျွန်တော် ကတော့ ထောက်ခံ အားပေးနေမှာပါပဲ ” လို့ အီဗရာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

ပြီးခဲ့တဲ့ ရာသီက ရလဒ်တွေ ဆက်တိုက် ဆိုးရွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဧပြီလတုန်းက အေဂျက်ဇ် အသင်းရဲ့ နည်းပြကြီး ဖြစ်သူ အဲရစ် တန်ဟတ်ကို တရားဝင် နည်းပြအဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် မကြာခင်မှာပဲ ရန်းဂနစ် လည်း ထွက်ခဲ့ပါတယ် ။

အခုတော့ တန်ဟတ်ဟာ ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာကြဖို့ ရှိနေတဲ့ အသင်းကို လမ်းကြောင််း အမှန်ပေါ် ပြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားရပါတော့မယ် ။ အခုချိန် အထိတော့ တန်ဟတ်ဟာ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး ။

 

#Sports_Myanmar