ရော်နယ်ဒို နဲ့ ပတ်သက်လို့ တန်ဟတ်ကို မေးခွန်းထုတ် ၊ သတိပေးလိုက်တဲ့ ရှရင်ဂမ် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း တစ်ဦး ဖြစ်သူ တက်ဒီ ရှရင်ဂမ် က နည်းပြသစ် အဲရစ် တန်ဟတ် အနေနဲ့ ရော်နယ်ဒို ကို စီမံခန့်ခွဲရာမှာ အခက်အခဲဲတွေ ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးစကား ပြောကြားသွားခဲ့လိုက် ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရလဒ်တွေ ဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် မရရှိိခဲ့တဲ့နောက် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ချက်စတာမှ ဒုတိယအကြိမ်မြောက် ထွက်ခွာလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ကစားသမား ကိုယ်တိုင်က အသင်းမှာ ပျော်ရွှင်နေကြောင်း ၊ နည်းပြသစ် နဲ့ အလုပ်လုပ်ဖို့ ရှေးရှုနေကြောင််း ပြောခဲ့တဲ့နောက် သူဟာ မန်ချက်စတာမှာပဲ ဆက်ရှိလိမ့်မယ်လို့ အတည်ပြုချက်တွေ ထွက်ပေါ်လာခဲ့ပါတယ် ။

 

ရော်နယ်ဒိုဟာ အသက် 37 နှစ် ရှိနေပြီ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အတွက်် ပြိုင်ပွဲစုံ 24 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူ့လို ကစားသမားမျိုးကို ပွဲထွက်ခွင့် မပေးရင် အဆင်မပြေမှုတွေ ကြုံတွေ့ရမှာ အသေအချာပါပဲ ။

ဒါပေမဲ့ အသက် 38 နှစ်ထဲ ဝင်ရောက်လာပြီ ဖြစ်တဲ့ တိုက််စစ်မှူး တစ်ဦးဟာ အသင်းရဲ့ ကစားကွက်ကို ပိုကောင်းစေနိုင်မှာ မဟုတ်တဲ့ အတွက် အဲရစ် တန်ဟတ် အနေနဲ့ သူ့ကို စီမံ ခန့်ခွဲရေးမှာ အခက်အခဲတွေ ကြုံတွေ့ရလိမ့်မယ်လို့ ရှရင်ဂမ် က သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

” ရော်နယ်ဒို လို စူပါ စတား တစ်ဦးကတော့ ပွဲထွက်ခွင့်တွေ ရရှိဖို့ ကြိုးစားမှာပါပဲ ။ ဒါပေမဲ့ ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်အကြောင်း အကောင်းဆုံးသိနိုင်ဖို့ လိုမှာပါပဲ ။ သူဟာ အသက် 28 နှစ် အရွယ် ကစားသမား တစ်ဦး မဟုတ်တော့ဘူးလေ ”

” သူဟာ ကစားသမား ဘဝရဲ့ အကောင်းဆုံး အခိုက်အတန့်မျိုး ပိုင်ဆိုင်တော့တာ မဟုတ်တော့ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ သူ့ကို ကွင်းထဲမှာ မြင်လိုကြမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အလန်းစား အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ဆဲ ဖြစ်နေလို့ပါပဲ ”

 

” သူဟာ တန်ဟတ် ကစားစေလိုတဲ့ ကစားကွက်မှာ ပြည့်စုံတဲ့ ကစားသမား ဖြစ်နိုင်ပါ့မလား? ဒါကို တန်ဟတ် သိဖို့လိုပါတယ် ။ ရော်နယ်ဒို ဟာ အကူအညီ ဖြစ်စေနိုင်မလား ၊ အခက်အခဲ ဖြစ်စေမလားဆိုတာကို သူ သေချာပေါက် သိဖို့ လိုပါတယ် ”

” သူဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်တဲ့အတွက်် အကူအညီ ဖြစ်စေနိုင်လိမ့်မယ်လို့ ကျွန်တော် တွေးပါတယ် ။ ဒါပေမဲ့ အရင်လို ရွေ့လျားမှုတွေ လုပ်နိုင်မှာ မဟုတ််တော့ပါဘူး ။ ရော်နယ်ဒို က ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ ကျွန်တော် အခုထိ မပြောနိုင်သေးပါဘူး ”

 

” သူဟာ ရှေ့ဆက် ညာတောင်ပံ တိုက်စစ် ကစားသမား အဖြစ် ကစားနိုင်မှာ မဟုတ်တော့ပါဘူး ။ သူဟာ နံပါတ် 10 ကစားသမား မဟုတ်သလို အထောင် တိုက်စစ်မှူး စစ်စစ််လည်း မဟုတ်ပါဘူး ။ သူနဲ့ ပတ်သက်လို့ ဟန်ချက် တစ််ခု ရှာဖွေဖို့ ခက်ခဲနေပါလိမ့်မယ် ” လို့ ရှရင်ဂမ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar