ရာဖင်ဟာ အတွက် လိဒ်နဲ့ တိုက်ရိုက် ဆွေးနွေးနေတဲ့ သတင်း အပါအဝင် အခြား အာဆင်နယ် သတင်းတိုများ

 

၁။ အာဆင်နယ် အသင်းဟာ ရာဖင်ဟာ ကို ခေါ်ယူနိုင်ရေး လိဒ်ယူနိုက်တက် အသင်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်နေပါတယ် ။ အာဆင်နယ် အသင်းဟာ မတ်လကတည်းက ရာဖင်ဟာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး လိဒ် ဘက်က ယူရိုသန်း ၇၀ ဝန်းကျင် အလိုရှိနေပါတယ် ။ ( Source – Fabrizio Romano)

 

၂ ။ Goal ရဲ့ ဘရာဇီး သတင်းထောက် Andria Soldevilla ကတော့ ဆွေးနွေး ညှိနှိုင်းမှု အားလုံး အဆင်ပြေခဲ့ရင် အာဆင်နယ် အသင်းဟာ လာမယ့် ရက်ပိုင်း အတွင်းမှာတင် ရာဖင်ဟာ ကို စာချုပ်ချုပ် ခေါ်ယူ နိုင်မှာ ဖြစ်တယ်လို့ ရေးသား ဖော်ပြ ခဲ့ပါတယ် ။

 

၃ ။ မန်စီးတီး အသင်းဟာ ဂျေးဇု အတွက် ပေါင် သန်း ၅၀ အလို ရှိနေပြီး အာဆင်နယ် အသင်း နဲ့ သဘောတူညီမှု ရရှ်ိဖို့ နီးစပ်နေပါပြီ ။ အာဆင်နယ် အသင်းဟာ ဂျေးဇု အတွက် ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် Add-ons တွေ ထပ်တိုးပေးပြီး ကြိုးစား နေတာ ဖြစ်ကာ မန်စီးတီးဘက်ကလည်း လက်ခံမယ့် အနေအထားမှာ ရှိနေပါတယ် ။

 

၄ ။ အာဆင်နယ် အသင်းဟာ လူငယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ရီကစ် နဲ့ ဘီရက် တို့ကို နယ်သာလန် ကလပ် အသင်းတွေဆီ အငှားချဖို့ ရှိနေပါတယ် ။ ရီကစ် က Sparta Rotterdam ၊ ဘီရက် က RKC Waalwjk ကို အငှား သွားကစားမှာပါ ။

 

၅ ။ ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်ဟာ သူတို့ရဲ့ ဝက်ဘ်ဆိုဒ် က အာဆင်နယ် အသင်းရဲ့ ၂၀၂၂-၂၃ လူစာရင်းမှာ ဖေဘီယို ဗီအဲရာ ကို ထည့်သွင်းထားလိုက်ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဖေဘီယို ဗီအဲရာ ရဲ့ အပြောင်းအရွှေ့ကို အခုချိန်ထိ တရားဝင် ကြေညာ ရခြင်း မရှိသေးပါဘူး ။

၆ ။ အာဆင်နယ် အသင်းဟာ အေဂျက်စ် အသင်းရဲ့အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ပေါင် သန်း ၃၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ TNTSportsAR က ဆိုပါတယ် ။

၇ ။ ပေါ်တို အသင်း နည်းပြ ကွန်ဆီကာအို ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်တဲ့ ဖေဘီယို ဗီအဲရာ ကို အာဆင်နယ် အသင်းထံ ရောင်းချ လိုက်မှု အပေါ် စိတ်ပျက် နေတယ်လို့ သိရပါတယ် ။

၈ ။ အာဆင်နယ် အသင်းရဲ့ဂိုးသမားသစ် မက်တာနာ ရဲ့ အပြုအမူ တစ်ခုဟာ ဆိုရှယ်မီဒီယာ ထက်မှာ ဂန်းနားတို့ အကြိုက်တွေ့နေတဲ့ video တစ်ခု ဖြစ်နေပါတယ် ။ မတ်တာနာ ဟာ တော့တင်ဟမ် အသင်း အင်္ကျီ ဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ဦးကို လက်မှတ်ထိုးပေးဖို့ ငြင်းဆန်ပြီး disgusting လို့ ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။

 

SM